Friday, November 14, 2014

အခြေခံဥပဒေအချက်အချို့ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဦးသိန်းစိန်ကို အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မ တအိုဘားမားက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ် စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ကန့်သတ်သကဲ့သို့ ဖြစ်နေသည့် ပုဒ်မများအား ပြင် ဆင်ရန် မြန်မာအစိုးရ အနေဖြင့် စဉ်းစားသင့်ကြောင်း သမ္မတဦး သိန်းစိန်ကို တိုက်တွန်းပြောကြား လိုက်သည်။

ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။

အိုဘားမားနှင့် ဦးသိန်းစိန် တို့သည် နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီ ၄၅ မိနစ်မှ ၁၀ နာရီကျော် အထိ သမ္မတ အိမ်တော်ဝင်း၌ သီး သန့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးနှင့် စိန်ခေါ်မှုများအ ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ကို သတ်မှတ်ချိန်အတွင်း လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပ နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အခြေအနေ၊ စီး ပွားရေးပြုပြင်ပြောင်းလဲရေးဆက် လက်လုပ်ဆောင်ရမည့်ကိစ္စများ၊ အာရှဒေသတွင် ဓာတုလက်နက် ဖျက်သိမ်းရေးအပါအ၀င် ဖျက် အားပြင်းလက်နက်များကင်းစင် ရေးတို့ပါဆွေးနွေးခဲ့ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၁၄ တွင် ဂျီ-၂၀ အစည်းအဝေးသို့ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ သွားမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment