Monday, November 3, 2014

ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအဖွဲ့များကို စခန်းသွင်း လေ့ကျင့်နေ


US-President-Barack-Obama-visits-Myanmar

နေပြည်တော် (မဇ္ဈိမ)။ ။ အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက် မည့် ထိပ်သီး အစည်းအဝေး မတိုင်မီ နေပြည်တော် လုံခြုံရေးနှင့် ကြိုဆိုရေးပိုင်း ကိစ္စများကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။ သို့သော် ၎င်းက အသေးစိတ် အချက်အလက်များကိုမူ ပြောကြားရန်
ငြင်းဆို သည်။ ၎င်းကထိပ်သီး အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား သောင်းချီအသုံးပြုမည်ဖြစ်ပြီး အင်တာပို (နိုင်ငံတကာ ရဲတပ်ဖွဲ့)၊ အာဆီယံ ရဲတပ်ဖွဲ့များကပါ ကူညီကြ မည်ဖြစ်ကာလေကြောင်း၊ ရေကြောင်း၊ ကုန်း လမ်းဝင်ပေါက် များကိုပါ လုံခြုံရေးချထားသည်ဟု ဆိုသည်။

ယခုလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အဆိုပါထိပ်သီးအစည်း အဝေးပွဲအတွက် ယာဉ်တန်း တပ်ဖွဲ့များအား စခန်းသွင်းလေ့ကျင့်ခြင်း၊နိုင်ငံအနှံ့အပြားမှ ရာနှင့်ချီသော ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့များအား ခေါ်ယူခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို စခန်းသွင်း လေ့ကျင့်ပေးခြင်း များ ဆောင်ရွက်လျက်ရှိသည်ဟု အမည်မဖော် လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ယာဉ်ထိန်း တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂၂၀ ကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ စခန်းသွင်းနေပါတယ်။ အရေးကြီး ယာဉ်တန်းကြိုဆိုရေး၊ လမ်းရှင်းရေး ကိစ္စ အဓိကပါ” ဟု ပြောသည်။
မူလက နေပြည်တော်ရှိ လမ်းပိုင်းအချို့ကို ထိပ်သီး အစည်းအဝေး ကာလအတွင်း ခေတ္တပိတ်ရန် ကြေညာခဲ့သော်လည်း ပြန်လည်ပယ်ဖျက်ပြီး တစ်မြို့နယ်လျှင် လေးဖွဲ့နှုန်းဖြင့် ညပိုင်းလုံခြုံ ရေးဆောင်ရွက် နေသည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

No comments:

Post a Comment