Monday, November 24, 2014

ပရိသတ် တောင်းဆိုလို့ ထွက်လာခဲ့တဲ့ ဟန်ထွန်းရဲ့ ခေါင်းနဲ့ပန်း DVD

Photo: ပရိသတ် တောင်းဆိုလို့ ထွက်လာခဲ့တဲ့ ဟန်ထွန်းရဲ့ ခေါင်းနဲ့ပန်း DVD
Monday, November 24, 2014

၂ဝ၁၃ ခုနှစ်တွင် Audio ထွက်ရှိထားသည့် အဆိုတော် ဟန်ထွန်း၏ ခေါင်းနဲ့ပန်း တေးသီချင်းခွေကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် DVD ကာရာအိုကေခွေ အဖြစ် The Sun Music မှ ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအခွေက ရိုက်ကူးချိန် တစ်နှစ်ခွဲလောက်တော့ ကြာပါတယ်။ Audio ထွက်က တည်းက အချို့ပရိသတ်တွေက DVD မထွက်သေးဘူးလားလို့ ပြောနေကြ တယ်။ အားပေးကြတယ် လို့လည်း သိရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ ပရိသတ်တွေအတွက် DVD ကို ပုံစံ လေးတွေ မတူအောင် တင်ဆက်ချင်တယ်။ ဒီခွေထဲမှာ သီချင်းလေးပုဒ်ကို စင်ကာပူမှာ နှစ်ပုဒ်၊ ဂျပန်မှာ နှစ်ပုဒ် ရိုက်ကူးထားတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း မျက်နှာသစ်လေးတွေပါတယ်။ DVD အခွေထဲမှာဆို ခံစားမှု အသစ်လေးတွေ ပေးချင်တယ်။ ကိုယ်တိုင်လည်း ကြည့်ချင်တယ်။ ကိုယ်တိုင် ကြည့်လို့ ကောင်းမှ ပရိသတ်လည်း ကြည့်ချင်မှာလေ။ အဲဒါကြောင့် ပရိသတ်တွေ အတွက် အကောင်းဆုံး ပြင်ဆင် ထားပါတယ်''ဟု အဆိုတော် ဟန်ထွန်းက သူ၏ DVD အခွေနှင့် ပတ်သက်၍ ပြောပြခဲ့သည်။ ပထမ တစ်ကိုယ်တော် တေးသီချင်းခွေ ဖြစ်သည့် ''အိပ်မက်ယန္တရား'' တေးသီချင်းခွေကို ၁၉၉၈ ခုနှစ်တွင် ထွက်ရှိကာ ပရိသတ် သိရှိမှုနည်းခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ''ရှိနေမယ်'' သီချင်းခွေဖြင့် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိလာသည့် အဆိုတော် ဟန်ထွန်း၏ ယခု ထွက်ရှိမည့် ''ခေါင်းနဲ့ပန်း'' သီချင်းခွေသည် ၎င်း၏ တတိယမြောက် တေးသီချင်းခွေ တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂ဝ၁၃ ခုနှစ်တွင် Audio ထွက်ရှိထားသည့် အဆိုတော် ဟန်ထွန်း၏ ခေါင်းနဲ့ပန်း တေးသီချင်းခွေကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် DVD ကာရာအိုကေခွေ အဖြစ် The Sun Music မှ ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအခွေက ရိုက်ကူးချိန် တစ်နှစ်ခွဲလောက်တော့ ကြာပါတယ်။ Audio ထွက်က တည်းက အချို့ပရိသတ်တွေက DVD မထွက်သေးဘူးလားလို့ ပြောနေကြ တယ်။ အားပေးကြတယ် လို့လည်း သိရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ ပရိသတ်တွေအတွက် DVD ကို ပုံစံ လေးတွေ မတူအောင် တင်ဆက်ချင်တယ်။ ဒီခွေထဲမှာ သီချင်းလေးပုဒ်ကို စင်ကာပူမှာ နှစ်ပုဒ်၊ ဂျပန်မှာ နှစ်ပုဒ် ရိုက်ကူးထားတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း မျက်နှာသစ်လေးတွေပါတယ်။ DVD
အခွေထဲမှာဆို ခံစားမှု အသစ်လေးတွေ ပေးချင်တယ်။ ကိုယ်တိုင်လည်း ကြည့်ချင်တယ်။ ကိုယ်တိုင် ကြည့်လို့ ကောင်းမှ ပရိသတ်လည်း ကြည့်ချင်မှာလေ။ အဲဒါကြောင့် ပရိသတ်တွေ အတွက် အကောင်းဆုံး ပြင်ဆင် ထားပါတယ်''ဟု အဆိုတော် ဟန်ထွန်းက သူ၏ DVD အခွေနှင့် ပတ်သက်၍ ပြောပြခဲ့သည်။ ပထမ တစ်ကိုယ်တော် တေးသီချင်းခွေ ဖြစ်သည့် ''အိပ်မက်ယန္တရား'' တေးသီချင်းခွေကို ၁၉၉၈ ခုနှစ်တွင် ထွက်ရှိကာ ပရိသတ် သိရှိမှုနည်းခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ''ရှိနေမယ်'' သီချင်းခွေဖြင့် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိလာသည့် အဆိုတော် ဟန်ထွန်း၏ ယခု ထွက်ရှိမည့် ''ခေါင်းနဲ့ပန်း'' သီချင်း ခွေသည် ၎င်း၏ တတိယမြောက် တေးသီချင်းခွေ တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment