ထိုင်းနိုင်ငံရှိ တရားဝင် ရော၊ တရားမ၀င်လုပ်သားများ ပါ ပြည်တွင်းသို့ တရားဝင် လမ်း ကြောင်းမှ နစ်နာမှုမရှိဘဲ ငွေလွှဲ နိုင်ရေးဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားအများစု သည် မိသားစုများထံ ငွေလွှဲပို့ရာ ၌ အစိုးရမှ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားသော် လည်းငွေလွှဲပွဲစားများနှင့်သာ ပို့ဆောင်လျက်ရှိသည်။
ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပမည့် မြန်မာ-ထိုင်း အလုပ်သမားရေးရာကျွမ်းကျင် သူများ ညှိနှိုင်းဆွေးနွေးပွဲတွင် ၀န်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်က ပြောသည်။
ပြည်ပရောက် မြန်မာအလုပ် သမားမိသားစုထံ ငွေလွှဲပို့ရာတွင် လုံခြုံစိတ်ချပြီး လျင်မြန်ချောမွေ့ စေရန် ပြည်ပငွေလွှဲလုပ်ငန်းကို အစိုးရက ၂၀၁၂ တွင် စတင် ဆောင်ရွက်ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ထိုင်းနိုင်ငံ Karsikorn Bank (K Bank) တို့ သည် ထိုင်းနိုင်ငံတွင် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေ သော မြန်မာနိုင်ငံသားများအ တွက် ငွေလွှဲလုပ်ငန်းကို ဇွန်လ ၁ ရက်မှစတင်ပြီး ၀န်ဆောင်မှုပေး ခဲ့သည်။ ငွေလွှဲရာတွင် လွှဲမည့်သူ ၏ ပတ်စ်ပို့နံပါတ်(သို့) အလုပ်သမားမှတ်ပုံတင်နံပါတ် လိုအပ်သည်။ငွေလွှဲလျှင် ကန်ဒေါ်လာ ၁၀၀ မှ၃,၀၀၀ ထိ ဘတ်ငွေ ၂၀၀ (၆,၀၀၀ကျပ်)ကုန်ကျမည်။ တစ်နေ့လျှင် ကန်ဒေါ်လာ ၃,၀၀၀ ထိသာ လွှဲနိုင်သည်။
‘‘ဘဏ်က ပို့ဖို့က တရားဝင် လုပ်သားဆို ပြဿနာမရှိဘူး။ တရားမ၀င်တဲ့လူတွေက ပွဲစား တွေနဲ့ ပို့တယ်။ ဈေးနှုန်းက အမျိုး မျိုးရှိတယ်။ နေရာတစ်ခုနဲ့ တစ်ခု မတူဘူး’’ဟု ထိုင်းနိုင်ငံမှ မြန်မာ လုပ်သား ကိုနိုင်ထူးကပြောသည်။
ထိုင်းနိုင်ငံရှိ တရားဝင်လက် မှတ်ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ် သားများသည် လည်း ဘဏ်နှင့် ဆက်သွယ်ရန် သိသူနည်းပါးသောကြောင့် ပွဲစား များနှင့်သာ ပို့ဆောင်နေခြင်းဖြစ် သည်ဟု ကိုနိုင်ထူးကပြောသည်။ မြန်မာလုပ် သားအများအပြားရှိ သည့် ဘန်ကောက်နယ်မြေ၊ စမွတ်ပလာကန်နယ်မြေ၊ မဟာချိုင်နယ်မြေ၊ ကော့သောင်း၊ ရနောင်းနယ်မြေများတွင် ငွေပွဲ စားအများ အပြားရှိသည်။
7Day News Journal
No comments:
Post a Comment