Thursday, December 11, 2014

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ပြည့်စုံမှုမရှိသဖြင့် ကန့်ကွက်ကြောင်းနှင့် လွတ်လပ်သည့် စစ်ဆေးမှု ထပ်မံပြုလုပ်ပေးရန် သေဆုံးသူ၏ဇနီး တောင်းဆို

တပ်မတော်မှ ဖမ်းဆီးခံထားရစဉ် အသတ်ခံခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးမှုအပေါ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသည် ပြည့်စုံမှုမရှိသဖြင့် ပြန်လည်စုံစမ်း စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူ မသန္တာက ဒီဇင်ဘာ ၁ဝ ရက်တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် အချက် ပေါင်း ၁၉ ချက်ထည့်သွင်းရေးသားထားပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးေ က်ာမတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စသည်တို့ကို လိပ်မူပေးပို့ခဲ့ကြောင်း သိရသည်။



သေဆုံးသူ ကိုပါကြီး၏ဇနီး မသန္တာက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းဆေးမှု ထုတ်ပြန်ချက်မှာပြီး ပြည့်စုံလုံလောက်မှု မရှိသည့်အတွက် ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှု အဖွဲ့သစ်ကို လွတ်လပ်ကျွမ်းကျင်သည့် အရပ်ဘက် လူအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်မှပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးကို ထပ်မံပြုလုပ်ပေးရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မသန္တာက “အစီရင်ခံစာ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်မလိုချင်တာက တရားမျှတမှုနဲ့ ဘက်မလိုက်မှု လိုချင်တာပါ။ ဒီအခြေခံ အကြောင်းတရားတွေက လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာရှိပါတယ်။ အစီရင်ခံစာက မတိကျမမှန်ကန်တဲ့ အကြောင်းအရာတွေကို အခြေခံဖော်ပြထားတယ်။ မြို့လယ်ကောင်မှာ ဖမ်းဆီးသွားပြီး ၂၄ နာရီကျော်တဲ့အချိန်မှာ တရားသူကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ဖြစ်ပွားနေတဲ့နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်။ ဒါကြောင့် ဒီအစီရင်ခံစာကို ပြည့်စုံလုံလောက်မှု မရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ပေးဖို့ တောင်းဆိုရတာပါ” ဟု ပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် ကိုပါကြီးသေဆုံးမှုအပေါ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာတွင် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံး၌ စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။

ထို့အပြင် ၎င်းအစီရင်ခံစာတွင်ကို အောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး ဆိုသူအား DKBA အဖွဲ့ဝင်ဟု လည်းကောင်း၊ သတင်းရယူသူ တစ်ယောက်အဖြစ်လည်းကောင်း မှတ်ယူနိုင်ခြင်း မရှိကြောင်း သုံးသပ်ချက်နှင့် ကိုပါကြီးအား KKO အဖွဲ့ဝင်တစ် ဦးဟုလည်းကောင်း၊ သတင်းထောက်တစ်ဦး ဟုလည်းကောင်း တစ်ထစ်ချ ကောက်ချက်ချရန် ခက်ခဲသည့် အနေထားရှိကြောင်း ရှင်းလင်းရေးသားထားသည်။

Eleven

No comments:

Post a Comment