Wednesday, December 31, 2014

ဆန္ဒပြ ကျောင်းသားတွေကို အမိန့်ချပြီ

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ခံထားရတဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင် ကျောင်းသား နှစ်ယောက်နဲ့ လိုက်ပါ ကူညီသူ တစ်ဦးကို တောင်ငူမြို့နယ် တရားရုံးက ဒီနေ့မှာ တစ်ယောက်ကို ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

“ရုံးတော်မှာပဲ ဒဏ်ငွေ ဆောင်ခဲ့လိုက်တယ်။ တစ်ယောက်က ပြင်ပက ကူညီတဲ့သူ။ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်က ကျောင်းသားတွေပါ” လို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့လို့ ဒဏ်ငွေဆောင်ခဲ့ရတဲ့ တောင်ငူခရိုင် ဗကသဥက္ကဌ ကိုလောရင့်ကျော်ကျော်က ဆိုပါတယ်။



တောင်ငူက ကျောင်းသားများသမဂ္ဂ အဖွဲ့က ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၀က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တယ်လို့ စက်တင်ဘာလ ၅ ရက်နေ့မှာ တောင်ငူမြို့တွင်းလမ်း တွေနဲ့ တောင်ငူတက္ကသိုလ်တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့လို့ ဦးဆောင်သူ ကျောင်းသား နှစ်ဦးနဲ့ ပါဝင်ကူညီသူ တစ်ဦးကို တောင်ငူမြို့နယ် အမှတ် ၂ ရဲစခန်းမှူးက ပုဒ်မ၁၈ နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment