Thursday, December 25, 2014

ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ

Photo: ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ
Thursday, December 25, 2014

(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေး ပွဲမှာ လုံခြုံရေးကို အထူးအလေး ထား ဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားအပြင်  ပြင်ပကငှားရမ်းထားတဲ့ လုံခြုံရေးဝန်ထမ်းများ၊ ကိုလူချောအဖွဲ့ဝင် (၈၀)ကျော်နဲ့  MEP မှ လုံခြုံရေးများနဲ့အတူ ဆောင်ရွက်မှာဖြစ်ပြီး CCTV များ၊ ခေတ်မီလုံခြုံရေးပစ္စည်းများ ကိုပါ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထူးချွန်ဆုပေးပွဲရက်မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ လုံခြုံရေး အတွက် ရှင်စောပုလမ်းကို ညနေ(၃)နာရီမှာ ယာဉ်ဝင်ခွင့် စတင်ပိတ်ထားမှာဖြစ်ပြီး အကယ်ဒမီ ပေးပွဲကို ဖိတ်ကြားထားသူတွေနဲ့ အနီးအနားရပ်ကွက်များက ကားတွေသာဝင်ရောက်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဆုပေးပွဲအတွင်း ၀င်ခွင့်က VIP ၀င်ပေါက်၊ Media ၀င်ပေါက်၊ အနုပညာရှင် ၀င်ပေါက်ဆိုပြီး ၀င်ပေါက်(၃)ပေါက်သတ်မှတ်ထားမှာဖြစ်ပြီး Myanmar Event Park ၀င်းအတွင်း ကိုတော့အနုပညာရှင်များနဲ့ Vip များသာ ယာဉ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

MRTV-4
(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေးပွဲမှာ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက် သွားမယ် လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားအပြင်  ပြင်ပကငှားရမ်း ထားတဲ့ လုံခြုံရေးဝန်ထမ်းများ၊ ကိုလူချောအဖွဲ့ဝင် (၈၀)ကျော်နဲ့  MEP မှ လုံခြုံရေးများနဲ့အတူ ဆောင်ရွက် မှာ ဖြစ်ပြီး CCTV များ၊ ခေတ်မီလုံခြုံရေးပစ္စည်းများ ကိုပါ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထူးချွန်ဆုပေးပွဲရက်မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ လုံခြုံရေး အတွက် ရှင်စောပု လမ်းကို ညနေ(၃)နာရီမှာ ယာဉ်ဝင်ခွင့် စတင်ပိတ်ထားမှာဖြစ်ပြီး အကယ်ဒမီပေးပွဲကို ဖိတ်ကြားထားသူ တွေနဲ့ အနီးအနားရပ်ကွက်များက ကားတွေသာဝင်ရောက်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဆုပေးပွဲအတွင်း ၀င်ခွင့်က VIP ၀င်ပေါက်၊ Media ၀င်ပေါက်၊ အနုပညာရှင် ၀င်ပေါက်ဆိုပြီး ၀င်ပေါက်(၃)ပေါက် သတ် မှတ်ထားမှာဖြစ်ပြီး Myanmar Event Park ၀င်းအတွင်း ကိုတော့အနုပညာရှင်များနဲ့ Vip များသာ ယာဉ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment