Monday, December 22, 2014

ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှလက်နက်ဖြင့်ခြိမ်းခြောက်ပြီး ဆက်ကြေးငွေကောက်ခံ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခန္တီးရွှေမှော် အတွင်းသို့ ကချင် လွတ်မြောက်ရေးတပ်မတော် ၀င် ရောက်ပြီး ဆက်ကြေးငွေများ ကောက်ခံ သွားကြောင်း ရွှေမှော်လုပ်ကိုင်သူ လုပ်ငန်းရှင်းတစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ခန္တီးရွှေမှော်ဝန်းကျင် တစ်ဝိုက်သို့ ဒီဇင်ဘာလ ၁၅ရက် နေ့တွင် KIA အဖွဲ့မှ အရပ်ဝတ်ဖြင့် သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး (၆) လုံးထိုး အင်ဂျင်စက်များဖြင့် စက်ဆိုင်း များ လုပ်ကိုင်နေသောသူများထံမှ တစ်ဦးလျှင် ဆက်ကြေးငွေ (၂)သိန်း ပေး ရန်တောင်း ခဲ့ကြောင်း စက်ဆိုင်းပိုင်ရှင် တစ်ဦးထံမှသိရသည်။

၎င်း KIA အဖွဲ့သည် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားပြီး ဆက်ကြေးငွေ (၁၃) သိန်းကျော် ရရှိသွားကြောင်းနှင့် ခန္တီးရွှေမှော်အတွင်းသို့ ယခုကဲ့သို့KIAအဖွဲ့များမကြာခဏလာရောက်ဆက်ကြေးကောက်ခြင်းနှင့် ရွှေမှော်လုပ်သားများ အား လူသစ်အဖြစ် ဖမ်း ဆီး ခေါ်ဆောင် ခြင်းများအား ပြုလုပ် လျက်ရှိကြောင်း ရွှေမှော်အတွင်းဖွင့်လှစ်ရောင်းချနေသော ဈေးသည်တစ်ဦးမှ ပြောပြသည်။

ယခုကဲ့သို့ ဆက်ကြေးကောက်၊ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် ခြင်း များပြု လုပ်နေ မှုများကို သက် ဆိုင်ရာ KIA ခေါင်းဆောင်များထံသို့ တိုင်ကြားထားသော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ဆက်ကြေး ကောက်သော အဖွဲ့ များမှ ၎င်းတို့အား အထက်မှ အမိန့်ပေး စေခိုင်းသော ကြောင့် လာရောက်ကောက် ခံရခြင်း ဖြစ်ကြောင်း ပြောသဖြင့် KIA ခေါင်းဆောင်များ အနေဖြင့် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း များကို အားပေး အားမြှောက် ပြုနေသလား ဆိုသည်ကို သံသယဖြစ်မိကြောင်း ဒေသခံ တစ်ဦးမှ ပြောပြပါ သည်။

ဇော်လတ် (ဖားကန့်)

No comments:

Post a Comment