Thursday, December 18, 2014

MPT မှ မိုဘိုင်း ကွန်ရက်များ ချဲ့ထွင်မည် ဖြစ်၍ ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည်

မိုဘိုင်း ကွန်ရက်များ ချဲ့ထွင် အဆင့်မြှင့်တင်မည် ဖြစ်၍ မြန်မာပြည် အထက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ကွန်ရက်တွေ အဆင့်မြှင့်တင်တဲ့ အချိန်မှာတော့ ပြည်သူတွေ အသုံးမပြုတဲ့ အချိန်ကို ဆောင်ရွက် မှာပါ။ ပြီးရင်တော့ အရင်အတိုင်းပဲပုံမှန်ပြန်ပြီး အသုံးပြုနိုင် မှာပါ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ပြောသည်။

ယင်းလုပ်ငန်းများ ဆောင်ရွက်ခြင် ကြောင့် ဖုန်းလိုင်း ယာယီ ဖြတ်တောက်မည် ဖြစ်၍ ဖုန်းခေါ် ဆိုခြင်း၊ အင်တာနက် အသုံးပြုခြင်း စသည် တို့ကို အသုံးပြု နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း ည (၁၂) နာရီ အချိန်တွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖုန်းလိုင်း ယာယီ ဖြတ်တောက်ခြင်းမှာ ခန့်မှန်းခြေ မိနစ် (၂၀) မှ မိနစ် (၃၀) ထိ ကြာမြင့်မည် ဖြစ်ပြီး၊ လုပ်ငန်း ဆောင်ရွက် ပြီးပါက ယခင် အတိုင်း ပြန်လည် သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မည့် မြို့နယ်များမှာ မကွေးအနီး ဒေသ များတွင် ဒီဇင်ဘာလ (၁၆) ရက်နေ့၊ မုံရွာ အနီး ဒေသ များတွင် (၁၈) ရက်နေ့၊ မြစ်ကြီးနား အနီး ဒေသ များတွင် (၁၉) ရက်နေ့၊ လားရှိုး အနီး ဒေသများတွင် (၂၃) ရက်နေ့၊ မိတ်္ထီလာ အနီး ဒေသ များတွင် (၂၅) ရက် နေ့နှင့်၊ ပခုက္ကူ၊ မူဆယ်အနီး ဒေသများတွင် (၂၆) ရက်နေ့တို့၌ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ကြေးမုံသတင်းစာ

No comments:

Post a Comment