Thursday, December 18, 2014

ဇနီးဖြစ်သူနှင့် စကားများသည့်အတွက် ခင်ပွန်းသည်က တောင်ပေါ်မှခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ လက်ပံခုံကျေးရွာ၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ အမြင့်ပေ(၁၅၀)ခန့်ရှိသော တောင်ကုန်း တစ်ခုပေါ်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဇနီးဖြစ်သူနှင့် စကားများလာသည့် ခင်ပွန်းသည် တစ်ဦးမှာ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း သိရသည်။

ဇနီးဖြစ်သူနှင့် စကားများလာပြီး တောင်ကုန်းပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူမှာ ကိုဝင်းသိန်း အသက်(၃၇)နှစ်ဆိုသူဖြစ်သည်။
ထို့ကြောင့် မစိန်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/ ၂၀၁၄အရ ရဲအုပ် ကျော်ကျော်မျိုးမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

ကြေးမုံသတင်းစာ

No comments:

Post a Comment