Wednesday, January 21, 2015

မောင်းတောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၆၃ ပြားသိမ်းဆည်းရမိ

Photo: မောင်းတောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၆၃ ပြားသိမ်းဆည်းရမိ

Wednesday, January 21, 2015

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၁)ကျီးကန်ပြင်မှတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဂိတ်၂ ၌ မောင်တောဘက်မှ ကြိမ်ချောင်းဘက်သို့ Y 1I/--- နံပါတ် ပါ HILUX SURF အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါယာဉ် ကို မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီး ရာ အောင်ဗလာကျေးရွာ ဘုန်းကြီးကျောင်း အနီး၌ ယင်းယာဉ်နှင့်အတူ ဇော်ဇော်သိန်းကို တွေ့ရှိရ၍ စစ်မေးရာ ယာဉ်ပိုင်ရှင်နှင့်မောင်းနှင်လာသူမှာ ထွန်းထွန်းဝင်းဖြစ်ပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဂိတ် (၂)၌ ယာဉ်ကို တားဆီးစဉ် မောင်းနှင်ထွက်ပြေး ပြီး ယာဉ်ပေါ်ပါ အထုပ်တစ်ထုပ်ကို မြောင်းကူးတံတားအနီး၌ ပစ်ချ ခဲ့ကြောင်း သိရသည်။

ယင်းအထုပ်ကို ကျီးကန်ပြင် အနောက်ကျေးရွာနေ အာရ်ကန်၊ မောင်မောင်စိုးနှင့် ရှာကေးအာလောင်တို့သုံးဦးက ကောက်ယူသွား ကြောင်း သိရသဖြင့် လိုက်လံသိမ်းဆည်းရာ မောင်မောင်စိုးထံမှ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉၈၅ဝ၊ အာရ်ကန်ထံမှ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၁၅၉၅၇ ပြား၊ ရှာကေးအာလောင်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၉၁၅၆ ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၆၃ ပြားတို့ကို သိမ်းဆည်းရမိသဖြင့် ထွန်းထွန်းဝင်း (ဖမ်းမမိသေး)၊ ဇော်ဇော်သိန်း(ခ)သားသား(၃ဝနှစ်)၊ အာရ်ကန် (၁၉နှစ်)၊ မောင်မောင် စိုး(ခ) မာမောက်ဟူဆောင်း (၁၃နှစ်)နှင့် ရှာကေးအာလောင် (၁၉နှစ်) တို့ ငါးဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

MOI

No comments:

Post a Comment