Wednesday, January 28, 2015

သမ္မတရုံးနှင့်ဆန္ဒပြကျောင်းသားများ တွေ့ဆုံဆွေးနွေးမှုတွင် သက်သေများအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများ ရပ်တည်မည်

 သမ္မတ၏ညွှန်ကြားချက်ဖြင့် ဆန္ဒ ပြကျောင်းသားများ၏ တောင်းဆိုမှုကို ဖြေရှင်းပေးရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် ကျောင်းသား များ တွေ့ဆုံမှုတွင် ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များက သက်သေအ ဖြစ်ပါဝင်မည်ဟု မင်းကိုနိုင်ကဆိုသည်။

၎င်းနှင့်အတူ ဦးကိုကိုကြီး၊ ဦးမြ အေး၊ ဦးပြုံးချိုနှင့် ဦးစိုးထွန်းတို့ ပါဝင် မည်ဟု ၄င်းက ဆက်ပြောသည်။

”ကျောင်းသားတွေဘက်ကနေ ကျွန်တော်တို့ရပ်တည်မှာပါ။ သူတို့ရဲ့ လှုပ်ရှားမှုကို ကျွန်တော်တို့ သဘောတူ ထောက်ခံပါတယ်”ဟု မင်းကိုနိုင် က ပြောသည်။



သပိတ်မှောက်ရန် မန္တလေးမှ ရန် ကုန်သို့ချီတက်ထွက်ခွာလာသည့် ၈ ရက်အကြာတွင် အစိုးရဘက်ကတွေ့ ဆုံရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သလို ဦးအောင်သောင်း၏မြို့ မရောက်မီ အကြမ်းဖက်ဖြိုခွင်းမည်ဟု ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သမ္မတရုံးဘက်မှ ရုတ်တရက်လာေ ရာက် ကမ်းလှမ်း လိုက်ခြင်းလည်း ဖြစ်သည်။

တောင်သာမြို့အဝင်၌ စည်းများ တား၍ ရဲနှင့်မီးသတ်ကားများချထား ကာတားဆီးမှုကို ဇန်နဝါရီလ ၂၇ ရက် နေ့ညနေပိုင်းတွင် အာဏာပိုင်များက ရုပ်သိမ်းပေးလိုက်သဖြင့် ကျောင်းသားများမှာ တောင်သာမြို့တွင် ညအိပ်ရပ် နားနေပြီး ခေါင်းဆောင်အချို့သာ ဝန် ကြီးဦးအောင်မင်းတို့နှင့် သွားရောက် တွေ့ဆုံမည်ဟု အထက်ပါဆန္ဒပြကျောင်း သားဦးဆောင်ကော်မတီဝင်က ဆိုသည်။

ကျောင်းသားများထံသို့ ပညာရေး ဝန်ကြီးဌာနဘက်က သွားရောက်ညှိနှိုင်း ခဲ့သူ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက   ”အား လုံးဝိုင်းဝန်းဆွေးနွေး အဖြေ ရှာ ရင် ကောင်းတာတွေပဲ ဖြစ်လာမှာပါ”ဟု ဆိုသည်။

ကျောင်းသားများဘက်မှ လွှတ် တော်၊ အစိုးရ၊NNER(ပညာရေးကွန် ရက်)တို့နှင့်အတူ တွေ့ဆုံ၍ပြဋ္ဌာန်းပြီး ဖြစ်သည့် အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်ပေးရန် မူလကတည်းက တောင်းဆိုထားသည်။

တောင်သာမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင်သောင်းက ”ပိတ်ဆို့တားဆီးတာမျိုးတွေ မရှိ ဘူး၊ လုပ်လည်းမလုပ်ဘူး။ ဒါကတော့ အုပ်ချုပ်ရေးအပိုင်းရဲ့ကိစ္စပဲ။ အဘတို့ ဘက်ကဘာမှမလုပ်ဘူး။ လွှတ်တော် ကလည်းလုပ်ပေးမယ်၊ သမ္မတကြီးက လည်းလုပ်ပေးမယ်၊ ပညာရေး ဝန်ကြီး ဌာနကလည်း ဥပဒေပြန်ဆွဲနေတယ်။ကျောင်းသားတွေလိုချင်တဲ့ အချက် လေးချက်လည်းပါမယ်။ အဲ့ဒါကြောင့် အေးဆေးလုပ် ပါ။ ပြည် သူတွေက အခု လိုသွားရင်လန့်တယ်၊ ကြောက်တယ်၊ စိုးရိမ်နေတယ်။ ကျောင်းသားတွေ ဆက်မလုပ်ဖို့ မေတ္တာရပ်ခံတာပါ။ အ ခြားနည်းတဲ့ ပိတ်တာ ဆို့တာက အဘတို့နဲ့မဆိုင်ဘူး။ အဘတို့မှာလည်း ဘာ အဖွဲ့မှမရှိဘူး။ အွန်လိုင်းတွေမှာတက် လာတာလည်း အမျိုးမျိုးပေါ့။ ထင်ကြေး နဲ့ပြောနေ တာတွေလည်း ရှိမှာပေါ့။တောင်သာတပ်မတော်ဆိုတာ မရှိပါ ဘူး”ဟု ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူခေါင်းဆောင်သော လူမှုအ ဖွဲ့အစည်းများသည် ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှစကာ ထွက်ခွာသွားပြီး ယင်း အပေါ် ဦးကျော်သူက”ဆန္ဒပြမှုကို ပူး ပေါင်းပါဝင်တာမဟုတ်ဘူး၊ ကျန်းမာ ရေးစောင့်ရောက်ဖို့ပါပဲ၊ကလေးတွေ မှာဒဏ်ရာဒဏ်ချက်တွေ အများကြီးရ တယ်။ သူတို့ရဲ့ပညာရေးစနစ်ကို သူ တို့ကိုယ်တိုင်ဖန်တီးနေတာ။ သူတို့အ နာဂတ်ကို ဖန်တီးနိုင်ဖို့ကျန်း မာရေး စောင့်ရှောက်မှုကို လုပ်နေတာပါ။ ကျွန် တော်တို့နိုင်ငံမှာရှိတဲ့ လူတွေက ပညာ ရေး၊ အသိဥာဏ်တွေချွတ်ခြုံကျနေ ကြပြီ။ နိုင်ငံတော်အတွက် လုပ်သင့်လုပ်ထိုက် တာကိုလုပ်တာပါ၊ အခုလည်း တစ်ပြည် လုံးမှာရှိတဲ့လူမှုအဖွဲ့အစည်းအားလုံလို လို လာကူညီပေးမှာပါ”ဟု ပြောသည်။

P-News
Popular Myanmar News Journal

No comments:

Post a Comment