Monday, January 5, 2015

ပြာသိုလပြည့် “အမေနေ့”တွင် မိခင်များကို အနုပညာ ရှင်များက ဆုမွန်ကောင်း များပေးခဲ့ကြ


နှစ်စဉ်နှစ်တိုင်း ကျရောက်သည့် ပြာသိုလပြည့် “အမေနေ့”ကို အမေများနေ့အဖြစ် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခက သတ်မှတ်ပေး ခဲ့ခြင်းဖြစ် ရာယင်းနေ့သည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် ကျရောက် ခဲ့ခြင်းဖြစ်သည်။
အမေနေ့တွင် အမေရှိ သူများက အမေကို ပူဇော်ကန်တော့ကာ အမှတ် တရ လက်ဆောင် ၀ယ်ပေးခြင်း များရှိပြီး အမေမရှိ သူများ ကလည်း အမေကို ရည်စူး ကာဘုရားကျောင်း များတွင် လှူဒါန်းပေးခြင်းများ ပြုလုပ်ပေးလေ့ရှိခြင်းကြောင့် အနုပညာရှင်များ၏ ရင်တွင်းစကားသံတချို့ကို မဇ္ဈိမက လှစ်ဟကြည့် ခဲ့သည်။

အဆိုတော် နီနီခင်ဇော်
အစ်မအနေနဲ့ကတော့ အမေက ဘ၀ရဲ့ လက်ရှိဘုရားပါ။ အစ်မရဲ့အမေကို အစ်မကဘုရားလို ကိုးကွယ်ပါ တယ်။ အမေနေ့မှာ အမေ့ကို လက်ဆောင်တွေ နဲ့ထူး ထူးခြားခြား လုပ်ပေးဖို့တော့ မရှိပါဘူး။ ဒီနေ့က လွတ် လပ်ရေးနေ့ လည်းဖြစ်နေတော့ မန္တလေးကို သီချင်းသွား ဆိုနေတာပါ။
အဆိုတော် သျှီ
အစ်မအနေ နဲ့ကတော့ အမေနေ့က ထူးထူးခြားခြား မရှိပါဘူး။ အမေနဲ့က အမြဲတမ်း အတူသွား အတူနေဆို တော့ နေ့တိုင်း အမေနေ့ လိုဖြစ်နေတာ ပါပဲ။လော ကကြီးမှာ အမေ မရှိရင် လူလားမြောက် လာဖို့ မလွယ် ကူပါဘူး။
အမေရဲ့ ဆုံးမသွန်သင်မှု မရှိ ရင်လည်း လူကောင်း လူတော် တစ်ယောက်ဖြစ် လာမှာ မဟုတ်ပါ ဘူး။ အမေ့အတွက် ထူးထူးခြားခြား လက်ဆောင်ပေးဖို့ အစီအ စဉ်လည်း မရှိပါဘူး။ အမေနဲ့က အမြဲအတူ နေတာ ဆိုတော့လေ။ တစ်ကမ္ဘာလုံး ကအမေတွေ ကျန်းမာ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
အလှမယ် မေမြတ်နိုး
အမေက မြတ်နိုး အတွက် ကတော့ နံပါတ် တစ်ပါပဲ။ အစစ အရာရာ ပံ့ပိုး လမ်းပြပေးတဲ့ ဆရာ သမားကောင်း တစ်ယောက် ဆိုလည်း မမှားပါဘူး။ အဲဒါကြောင့်မြတ်နိုး ကတော့ အမေကို နံပါတ် တစ်ပဲ ထားတယ်။ ကိုးလ လွယ်ဆယ်လ ဖွားမွေးခဲ့တဲ့ ကျေးဇူးကို မမေ့သင့် ပါဘူး။
အမေတွေကို အလေးအနက်ထားသင့်ပါတယ်။ အမေအတွက်မြတ်နိုးရဲ့လက်ဆောင်ကတော့ အမေကမြတ်နိုးကိုအောင်မြင်စေချင်တယ်။ အကောင်းဆုံးဖြစ်စေ ချင်တယ်။ အဲဒါကြောင့် အမေစိတ်ချမ်း သာအောင်မြတ်နိုးအကောင်းဆုံး ကြိုးစားပါ့မယ်။
မဇ္ဈိမ

No comments:

Post a Comment