Friday, March 20, 2015

မြန်မာ ယူ-၂၀ တိုက်စစ်မှူး အောင် သူ ကို မ ထိန်း နိုင် ခဲ့ ၍ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည့် မလေးရှား ယူ-၂၂အသင်း



ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၂ဝ အသင်းနှင့် အာရှ ယူ-၂၃ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မလေးရှား ယူ-၂၂အသင်း တို့သည် ယနေ့ ညနေ ၄နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ မြန်မာယူ-၂ဝအသင်းက သုံးဂိုး ပြတ်ဖြင့် အနိုင်ရခဲ့သည်။
မလေးရှား ယူ-၂၂ အသင်းသည် ယခုပွဲတွင် မြန်မာယူ-၂ဝ အသင်းကို အသာမရခဲ့ဘဲ မြန်မာတိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့၍ ရှုံးသွားရခြင်းဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းမှာ ပြိုင်ပွဲအကြို ခြေစမ်းပွဲများတွင် ရလဒ်ကောင်းနေမှုကို ယခု ပွဲတွင်လည်း ဆက်လက်ထိန်းသိမ်း နိုင်ခဲ့သည်။


မြန်မာယူ-၂ဝ အသင်းသည် ပွဲစကတည်းက ဖိကစား နိုင်ခဲ့သလို မလေးရှားအသင်း တိုက်စစ်ပုံ မဖော်နိုင်အောင် ဖြတ်တောက်နိုင်ခဲ့၍ မလေးရှားအသင်း အခွင့်အရေး သိပ်မရခဲ့ဘဲ တိုင်ထိထွက်ခဲ့သည့် တစ်ကြိမ်သာ ဖိ အားပေးနိုင်ခဲ့ သည်။ ၁၄ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးစရခဲ့ပြီး သန်းပိုင်က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဂိုးရပြီး နောက်ပိုင်းတွင်လည်း မြန်မာ အသင်းကသာ အကောင်းဆုံး ပုံစံဖြင့် ဆက်လက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၄၂မိနစ် တွင် အောင်သူ၏ ဖန်တီးပေးမှုမှ တစ်ဆင့် ကျော်မင်းဦးက ဒုတိယဂိုး ထပ်မံသွင်းယူ ခဲ့သည်။
ဒုတိယပိုင်းတွင် ပွဲမှာတစ်ဖက်သတ် နီးပါးဖြစ်ခဲ့ပြီး မြန်မာယူ-၂ဝ အသင်းက စိတ်ကြိုက် ကစားသွားခဲ့သည်။ ၄၉မိနစ်တွင် မြန်မာ ယူ-၂ဝ အသင်း တတိယ အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး အောင်သူက သွင်းယူခဲ့ခြင်းဖြစ် သည်။ သုံးဂိုးပြတ် အနိုင်ရပြီး နောက်ပိုင်းတွင် မြန်မာယူ-၂ဝ အသင်းမှာ ကစားသမား ခြောက်ဦးအထိ လဲလှယ်ကာ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
မြန်မာအသင်းဂိုး ထပ်ရနိုင်သည့် အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့၍ သုံးဂိုး ပြတ်ဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
မလေးရှား ယူ-၂၂ အသင်းသည် ခြေစမ်းပွဲ ဒုတိယ ပွဲအဖြစ် မတ် ၂၂ရက်တွင် မြန်မာ- ယူ ၂၂အသင်းနှင့် ထပ်မံ ကစားမည်ဖြစ်သည်။

No comments:

Post a Comment