Saturday, March 14, 2015

ရှမ်းပြည်နယ် သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ရန်စီစဉ်နေသော ရေအားလျှပ်စစ်စီမံကိန်းများရပ်ဆိုင်းပေးရန် ဒေသခံများတောင်းဆို


ရှမ်းပြည်နယ်တွင် ဆောက်လုပ်ရန် စီစဉ်နေသော ရေအား လျှပ်စစ် စီမံကိန်းများကြောင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် စီမံကိန်းများရပ် ဆိုင်းပေး ရန် ရှမ်းပြည်နယ်လူထုများ ကတောင်းဆိုလိုက်ကြသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်နှင့် ယင်း၏မြစ်လက်တက် ဖြစ်သည့် နမ့်မမြစ်ပေါ်၌ ရေကာတာ ကြီးလေးခု အပါအဝင် မြန်မာနိုင်ငံတွင် စီမံကိန်းချမှတ်ထားသော ရေကာတာ စီမံကိန်း စုစုပေါင်း ၄၃ ခုတွင် စီမံကိန်း ၏ ထက်ဝက်ခန့်မှာ ရှမ်းပြည်နယ်ရှိ မြစ်ချောင်းများပေါ်တွင် ဆောက်လုပ် ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရှမ်း ပြည်နယ်အတွင်းရှိ မြစ်ချောင်းများ အတွက် လှုပ်ရှားသူ ရှမ်းပြည်နယ် လူထုမှ မတ် ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ်ရှိ မြစ်ချောင်းများ အတွက် လှုပ်ရှားနေသူ ဦးစိုင်းခေးဆိုင် က ''သံလွင်မြစ်ပေါ်မှာ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေက ရှမ်းပြည်နယ် ထဲမှာ ရေကာတာစီမံကိန်း တွေစဖို့ ပြင်နေတယ်။ စစ်ပွဲနဲ့ပဋိပက္ခ ဖြစ်နေ တဲ့နေရာတွေမှာတောင် ဒီရေ ကာတာ စီမံကိန်းဆောက်လုပ်မယ် ဆိုတော့ ပျက်စီးမှုတွေနဲ့ ရင်ဆိုင်ရမှာ သူတို့ မတွေးကြဘူးလားမသိဘူး''ဟုပြောသည်။

လက်ရှိအချိန်တွင် မိုင်းတုံ (ခေါ်) တာဆန်းရေအားလျှပ်စစ် စီမံကိန်းသည် ထိုင်းကုမ္ပဏီတစ်ခု ဖြစ်သည့် Thailand's EGAT International နှင့် တရုတ်ကုမ္ပဏီ China's Sinohydro, Three Gorges Corporation and China Southern Power Grid (CSG) တို့ ဖက်စပ်ပူး ပေါင်းဆောက် လုပ်ရန် စီစဉ်နေပြီး ယင်းစီမံကိန်းမှ လျှပ်စစ်စွမ်းအင် မဂ္ဂါဝပ် ၇၀၀၀ ထုတ်လွှတ်မည်ဖြစ် ကာ ထွက်ရှိလာသည့်စွမ်းအင် ပမာဏ ၉ဝရာခိုင်နှုန်း ခန့်ကို တရုတ် နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး မြစ် ချောင်းများဆိုင်ရာ ပညာရှင်တစ်ဦး က ''မြစ်တွေပေါ်မှာ ဆည်ဆောက် လုပ်မယ်ဆိုရင် စီးပွားရေးတွက်ခြေ ကိုက်ရမယ်။ လူမှုရေးထိခိုက်မှု မရှိရ ဘူး၊ သဘာဝပတ်ဝန်းကျင်ထိခိုက် မှု အနည်းဆုံးဖြစ်ရမယ်။ အဲ့ဒါဆိုရင် ဆောက်လို့ရတယ်။ အခုသံလွင်မြစ် မှာ ဆောက်လုပ်မယ့်စီမံကိန်းတွေက ဒီအချက်တွေနဲ့ ညီရဲ့လားဆိုတာ ကို ပြန်ဆန်းစစ်ရမယ်။ နောက်ရရှိလာ မယ့်အကျိုး၊ အပြစ်ကိုလည်း ဒေသ ခံတွေ သေချာနားလဲအောင် ရှင်းပြရမယ်၊ တော်တော်များများ ဖြစ်နေတာ က အကောင်းပဲပြောတယ်။ အဆိုးကို မပြောဘူး ဖြစ်နေတယ်။ ဒေသခံတွေ ကိုယ်တိုင် သဘောတူပြီး လုပ်ကိုင်တဲ့ စီမံကိန်းမျိုးပဲ ဖြစ်စေချင်ပါတယ်'' ဟု ပြောသည်။

ရှမ်းပြည်နယ်လူထုမှ မြန်မာအစိုးရနှင့် နိုင်ငံခြားမှ ရေကာတာ ဆောက်လုပ် အကောင်အထည်ဖော် မည့်သူများ၊ ရင်းနှီးမြှုပ်နှံသူများအား ပဋိပက္ခများ အကြား တည်ရှိသည့် ရှမ်းပြည်နယ်အတွင်းရှိ မြစ်ချောင်း များပေါ်တွင် အကြီးစားရေအားလျှပ် စစ်စီမံကိန်းများ တည်ဆောက်ရန် အကောင် အထည်ဖော်ဆောင်နေမှု များအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆို သည့် သတင်းစာရှင်းလင်း ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်းတောင် ကြီးမြို့တွင် မတ် ၁၃ ရက်ကကျင်းပခဲ့ကြောင်းသိရသည်။

AA
‎Democracytoday‬

No comments:

Post a Comment