Saturday, March 28, 2015

အိုင်အက်စ်ဆန့်ကျင်ရေးဝါဒဖြန့် စာရွက် ၆၀,၀၀၀ ကို အမေရိကန်က ဆီးရီးယားတွင် ကြဲချ


အမေရိကန် စစ်တပ်က ဆီးရီးယားရှိ အိုင်အက်စ်တို့၏ မြို့တော် အသွင်ရှိ မြို့ပေါ်သို့  အိုင်အက်စ် ဆန့် ကျင်ရေး ၀ါဒဖြန့်ချိ သည့် စာရွက် ၆၀,၀၀၀ကို ကြဲချခဲ့ပြီး ယင်းသို့ ၀ါဒဖြန့်ချိမှုတွင် အစွန်းရောက် အိုင်အက်စ် လူသစ်များ အသားကြိတ်စက်ထဲသို့ ထည့်ခံနေ ရသည့်နှယ် သရုပ်ဖော် ထားသည်။

အမေရိကန် F-15Eဂျက်တိုက်လေယာဉ်တစ်စင်းသည် လွန်ခဲ့သည့် သီတင်းပတ်က ရာကာမြို့မြောက်ပိုင်း ပေါ် သို့ ဂရပ်ဖစ်သရုပ်ဖော် ပုံများပါသော အိုင်အက်စ် ဆန့်ကျင်ရေး ၀ါဒဖြန့် စာရွက်များကို ကြဲချခဲ့သည်။ အိုင်အက်စ်တို့၏ ကျယ်ပြန့်သည့် ၀ါဒဖြန့်ချိမှုနှင့် လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများ အားနည်း သွားစေရေး အမေရိကန် ဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့၏ အားထုတ်မှု တွင်နောက်ဆုံးဖြစ် ရပ်ဖြစ်သည်။

"ဒီစာရွက်ရဲ့သတင်းစကားကတော့သင်ဟာ ဒါအက်ရှ် (အိုင်အက်စ်)တို့ရဲ့ လူသစ်စုဆောင်းမှုကို ခံနေရ တာကို သိရင် သင်ဟာ အသားကြိတ် စက်ထဲရောက်နေ တာကိုတွေ့ ရလိမ့်မယ်။ ဒါက သင့်ကျန်းမာရေး အတွက် အကျိုးမရှိပါဘူး "ဟု ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတီဗင်ဝါရင် ကပြောကြား ခဲ့သည်။

စာရွက်မှ ပုံတွင်ပြသထားသည်မှာ ဒါအက်ရှ်လူသစ် စုဆောင်းရေးရုံးဟု အာရပ် ဘာသာဖြင့်ရေးသားထား သော ဆိုင်းဘုတ် တစ်ခုအောက်တွင် တန်းစီနေသော လူငယ် များကိုပြသ ခဲ့သည်။ ပုံတွင်ကြောက် မက် ဖွယ် ရုပ်ဆိုး ဆိုးဖြင့် အိုင်အက်စ် အမျိုးသား တစ်ဦးက  ၄င်း၏ရှေ့ ဘက်ရှိကြောက် ရွံ့နေပုံရသော လူသစ်ကို လက်ယပ်ခေါ်နေသည်။ ထိုစဉ် အခြား အိုင်အက်စ်တစ်ဦးက ဒါအက်ရှ်(အိုင်အက်စ်)ဟု စာကပ် ထားသော အသားကြိတ် စက်ထဲသို့ တစ်စုံ တစ်ယောက်ကိုတွန်း ချနေပုံဖြစ်သည်။

အသားကြိတ်စက်မှသွေးများပန်း ထွက်နေပုံနှင့်ခြေထောက်နှစ်ချောင်း အပြင်သို့ပြူထွက်နေပုံတို့ကို ပြသ ထား သည်။ အိုင်အက်စ်တို့သည် အလား အလာရှိသော လူသစ်များ ရရှိရေးအတွက်ကျင်လည်စွာ ဖန်တီး ထုတ်လုပ်ထားသည့် ဗီဒီယိုများဖြင့် လူမှုရေးမီဒီယာနှင့် အွန်လိုင်းကို အသုံးပြုနေသည်ဟု အမေရိကန် သံတမန် များနှင့် ဗိုလ်ချုပ်ကြီးများ ကပြောကြားသည်။

ဝါဒဖြန့်ချိသည့် စာရွက်များကို  ယခင်က စိတ်ဓာတ်စစ်ဆင်ရေးဟု ခေါ်ဆိုသော Military Information Support Operations ဌာနက ထုတ်လုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment