Wednesday, April 22, 2015

နိုင်ငံတစ်နိုင်ငံတိုးတက်စေရန် ရှေ့ဆောင်လမ်းပြ သွန်သင်ဆုံးမပေးမည့် ပုဂ္ဂိုလ်များကို တန်ဖိုးထား တတ်ရန် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြော



နိုင်ငံတစ်နိုင်ငံ တိုးတက်စေရန်အတွက် ရှေ့ဆောင် လမ်းပြ သွန်သင် ဆုံးမပေးမည့် ပုဂ္ဂိုလ် များကို တန်ဖိုးထားတတ်ရန် အရေး ကြီးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က သတင်းစာ ဆရာကြီးဟံ သာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားတွင် ပြော ကြားလိုက်သည်။
သတင်းစာဆရာ၊ စာရေးဆရာ ကြီးဟံသာဝတီ ဦးဝင်းတင် ကွယ်လွန် ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ဧပြီ ၂၁ရက်က ရန်ကုန်မြို့ရှိတော်ဝင် နှင်းဆီခန်းမတွင် ဟံသာဝတီဦးဝင်း တင်ဖောင်ဒေးရှင်းမှ ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုလို့ရှိရင် တကယ်အရေးကြီးဆုံးက ကျွန်မတို့ တန်ဖိုးထားသင့်တဲ့သူများကို တန်ဖိုး ထားရပါမယ်။ အထူးသဖြင့် တန်ဖိုး ထားသင့်တဲ့ပုဂ္ဂိုလ်များမှ ကျွန်မတို့ကို ရှေ့ဆောင်ပြီးတော့ နမူနာအားဖြင့် လမ်းပြသွားမယ့်၊ သွန်သင်ဆုံးမသွား မယ့်ပုဂ္ဂိုလ်များကို တန်ဖိုးထားနိုင် ကြတာဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ကိစ္စပါ။ ကျွန်မ တို့နိုင်ငံသူ၊ နိုင်ငံသား ဘယ်နှရာ ခိုင်နှုန်းလောက်က ဒီလိုစိတ်ဓာတ် တွေရှိသေးလဲဆိုတာ သေသေချာချာ တော့ ပြောလို့မရနိုင်ပါဘူး။ ကျွန်မတို့ ဘဘဦးတင်ဦးတို့ဟာ ဆရာကြီး ဦး ဝင်းတင် ထက်စာရင် အထိန်းသိမ်းခံ ရတာ အင်မတန်မှသက်သာပါတယ်။ အထူးသဖြင့် ကျွန်မဆိုရင် နေအိမ် အကျယ်ချုပ်ဆိုတော့ အသက်သာ ဆုံးပါပဲ။

ဒီလိုတစ်ချိန်လုံးမှာ ကျွန်မ အမြဲပဲစဉ်းစားခဲ့တယ်။ ဆရာကြီး ဦးဝင်းတင်လိုလူ တစ်ယောက်တည်း ရှိရင်တောင်မှ ဒီလိုဆက်ပြီး လုပ်ရ ကျိုးနပ်တယ်လို့ ကျွန်မစိတ်ထဲမြင်မိ ပါတယ်။ ကျွန်မတို့နိုင်ငံသူနိုင်ငံသား တွေအနေနဲ့လဲ တန်ဖိုးထားသင့်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ပတ်သက်လို့ ဂုဏ် ယူစေချင်ပါတယ်။ ဂုဏ်ယူပြီးတော့ အားလဲယူစေချင်ပါတယ်''ဟု တိုက် တွန်းပြောကြားခဲ့သည်။

ထို့ပြင် ယနေ့အချိန်အခါတွင် ဒီမိုကရေစီနိုင်ငံထူထောင်မည်ဆိုပါ က တိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုမည့်နိုင်ငံရေးပါတီများ၊ အ ဆင့်မြင့်သည့် နိုင်ငံရေးပါတီများသည် မရှိမဖြစ်လိုအပ်ပြီး ပါတီများအတွင်း တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ် များ၏အရည်အချင်းသည်လည်း အင်မတန်အရေးကြီးကြောင်း ဆက် လက်ပြောကြားခဲ့ကာ ဟံသာဝတီ ဦးဝင်းတင်၏အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် တာဝန်ထမ်းဆောင် ခဲ့မှုများကို ဂုဏ်ပြုပြောကြားခဲ့သည်။

ဟံသာဝတီဦးဝင်းတင်ကွယ် လွန်ခြင်းတစ်နှစ်ပြည့်အခမ်းအနား တွင် ¤င်း၏ဓာတ်ပုံများ၊ ရေးသား ခဲ့သောစာအုပ်များကိုပါ ခင်းကျင်း ပြသခဲ့ပြီး အခမ်းအနားတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ၈၈မျိုးဆက် (ငြိမ်း/ပွင့်)မှ ဦးမင်းကိုနိုင်၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အဖွဲ့နာယကများမှ လည်း ဦးဝင်းတင်နှင့်ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများကို ဂုဏ်ပြုပြောကြားခဲ့ကြသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိ ဟံသာဝတီဦးဝင်းတင်သည် ၂ဝ၁၄ခုနှစ်ဧပြီ ၂၁ရက်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ပြီး ဧပြီ ၂၇ရက်တွင် ရေဝေး သုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီ ဦးဝင်းတင်သည် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်ဘဝတူ စာနယ်ဇင်းသမားများအတွက် ၂ဝ၁၂ ခုနှစ်မတ်လတွင် ဟံသာဝတီဦးဝင်း တင်ဖောင်ဒေးရှင်းကို စတင်တည် ထောင်ခဲ့ကာ နှစ်လတစ်ကြိမ်ထောက်ပံ့ ပေးလျက်ရှိပြီး အဖွဲ့ဝင်များက ဖောင် ဒေးရှင်းကို ဆက်လက်ရပ်တည်ပေး လျက်ရှိကြောင်း သိရသည်။

SYMZ

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

|─────----------------Yangon Media Group ----------──────-|

No comments:

Post a Comment