Thursday, April 9, 2015

ဗကသ ကျောင်းသူ မပိုပိုကို ဖမ်းပြီ

ကမာရွတ်မြို့နယ် ရဲစခန်း၏ ဖမ်းဝရမ်းဖြင့် ဗကသ ကျောင်းသူ မပိုပိုကို သန်လျင်ရဲစခန်းက ဧပြီ ၈ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် သူမ၏နေအိမ်ရှေ့၌ ဖမ်းဆီးခဲ့ ကြောင်း သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

၎င်းက “ ကမာရွတ်မြို့နယ်က ဖမ်းဝရမ်းထုတ်ထားတာပါ။ ပိုပိုက ကျွန်တော်တို့မြို့နယ်မှာ ရှိတဲ့အတွက် ကျွန်တော်တို့က ဖမ်းပြီးတော့ အတည်ပြုပေးလိုက်တာပါ” ဟု ပြောသည်။
မပိုပိုကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်ခြင်း) ၊ ၁၄၅ (လူစုခွဲရန် အမိန့်ပေးမှန်း သိရက်နှင့် အစုအဝေးတွင် ဆက်လက် ပါဝင်ခြင်း) ၊ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
‘ကျွန်မကို ကမာရွတ်ရဲစခန်းရဲ့ဖမ်းဝရမ်းနဲ့လာဖမ်းတယ် ‘ ဟု မပိုပိုက သူမ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖမ်းခံပြီးနောက် ရေးသားခဲ့သေးသည်။
မတ် ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်က လက်ပံတန်း ရှိပင်မကျောင်းသား သပိတ်ကို အကြမ်းဖက်ဖြိုခွင်း ခဲ့သည့်အတွက် ဗကသ ကျောင်းသူ မပိုပို အပါအ၀င် ကျောင်းသားများက ရန်ကုန် တိုင်း၊ ကမာရွတ် မြို့နယ်၊ လှည်းတန်းဈေးမှစတင်၍ပြည်လမ်းတစ်လျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် မပိုပို အပါအ၀င် ခြောက်ဦးကို ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ် ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်က လက်ပံတန်း ရှိပင်မကျောင်းသားသပိတ်ကို အကြမ်း ဖက်ဖြိုခွင်း ခဲ့သည့်အတွက် ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်၊ လှည်းတန်းဈေးမှစ တင်၍ပြည် လမ်းတစ်လျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာ ပါဝင်သူ ကိုဝင်းကျော့မှူး၊ ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုဂျိမ်းစ်၊ ကိုရှိန်းရာဇာထွန်းနှင့် မပိုပို တို့ခြောက်ဦးကို ကမာရွတ်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက တရားလိုပြုတိုင်တန်းခဲ့ပြီး ကိုဝင်းကျော့မှုးနှင့် ကိုနန္ဒစစ်အောင်တို့ကို ဖမ်းဆီးထားပြီး ဖြစ်သည်။
၎င်းတို့ခြောက်ဦးကို ကမာရွတ်မြို့နယ်တရားရသို့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအ၀င် လူစုလူဝေဝများဆိုင်ရာ ပုဒ်မဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့်ထားသည်
mizzima‬

No comments:

Post a Comment