Thursday, April 9, 2015

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း ဒေသခံနှင့် အဖွဲ့အစည်းများ ထပ်မံကန့်ကွက်

ရှမ်းပြည်နယ် မိုင်းတုံမြို့ နယ်ရှိ သံလွင်မြစ် အထက်ပိုင်း တွင် တည်ဆောက်မည့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းစတင် ရန် မိုင်းတုံမြို့နယ်တွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး စီမံကိန်းကို ဒေသခံနှင့် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။
သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ်စီမံ ကိန်းများအနက် အကြီးဆုံးဖြစ် လာမည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းစတင်နိုင်ရန် ဧပြီ ၆ ရက် က မိုင်းတုံမြို့နယ်တွင် လူထုတွေ့ ဆုံပွဲပြုလုပ်ခဲ့ရာ ဒေသခံများနှင့် အဖွဲ့အစည်းများက စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ခဲ့ကြ၍ ဒေသခံများ၏ သဘော ထား ကြေညာချက်ကို ကုမ္ပဏီ သို့ပေးပို့ခဲ့ကြောင်း မိုင်းတုံဒေသခံ နန်းအုံးရင်က ပြောသည်။

မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းစတင်ရန် ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို မတ်လတွင် တောင်ကြီးမြို့၌ ပြုလုပ်စဉ်က လည်း တောင်ကြီးမြို့ ဒေသခံများ နှင့် မိုင်းတုံ၊ မိုင်းပန်ဒေသခံများ က စီမံကိန်းရပ်ဆိုင်းပေးရန် ကန့် ကွက်ခဲ့ကြသည်။
မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းကြောင့် သံလွင်အထက်ပိုင်း ဒေသများတွင် ရေလွှမ်းမိုးမည့် ဒဏ်ခံရမည်ဖြစ်ပြီး စီမံကိန်းမှရရှိ လာသည့် အကျိုးစီးပွားကိုလည်း လူနည်းစုကသာ ရရှိမည်ဖြစ်  သည်။ ထို့အပြင် စီမံကိန်းလုပ် ဆောင်မည့်နေရာသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကြီး စိုးထားရာနေရာဖြစ်ပြီး လက်ရှိ တွင် အပစ်အခတ်ရပ်စဲရေးလုပ် ဆောင်နေသည့်ကာလအတွင်း တည်ငြိမ်လျက်ရှိကာ စီမံကိန်း ကြောင့် ဆိုးကျိုးများပေါ်ပေါက် လာမည်ကို စိုးရိမ်၍ကန့်ကွက်ခြင်း ဖြစ်သည်ဟု နန်းအုံးရင်က ပြောသည်။ မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းမှာ သံလွင်မြစ်ပေါ် တည် ဆောက်မည့် စီမံကိန်းခြောက်ခု တွင် အကြီးဆုံးနှင့် အရှေ့တောင် အာရှ၌ အမြင့်ဆုံးဆည်ဖြစ်လာ မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇,၀၀၀ ထွက်ရှိမည်ဟုဆို သည်။ ယင်းကို တရုတ်ကုမ္ပဏီ များဖြစ်သည့် China Three Gorges Corporation (CTG), China Southern Power Grid (CSG), Power Construction of China (Sinohydro)၊ ထိုင်း ကုမ္ပဏီ EGATI၊ မြန်မာနိုင်ငံသား ပိုင် IGE ကုမ္ပဏီတို့ကလုပ်ဆောင် မည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို ၂၀၁၇ မတ်လတွင် စတင်မည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ရေးရာ သက်ရောက်မှု လေ့လာ ဆန်းစစ်ခြင်း EIA/SIA လုပ်ငန်း စဉ်များကို ၂၀၁၅ မှ စတင်၍ ၂ နှစ်တာ ပြုလုပ်မည်ဖြစ်သည်။ တည်ဆောက်ရေးနှင့် ဓာတ်အားလိုင်းသွယ်တန်းရေးအပါအဝင် လုပ်ငန်းစဉ်များကို ၁၃ နှစ်အတွင်း စီမံကိန်း အပြီးသတ်လုပ်ဆောင်မည်ဟု ယင်းစီမံကိန်းကို EIA/ SIA လုပ်ငန်းဆောင်ရွက်မည့် SMEC ကုမ္ပဏီက ထုတ်ပြန်ထားသည်။
7Day

No comments:

Post a Comment