Wednesday, May 20, 2015

စွမ်းအင်က နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းပြီး စက်သုံးဆီဈေးကွက် ပြန်ဝင်မည်

စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခြင်းကို နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဟု သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး  လုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးခဲ့ပြီးနောက် ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းစေရန် တစ် ကျော့ပြန် ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။


‘‘လာမယ့် တစ်လ၊နှစ်လအတွင်းမှာ နိုင်ငံခြားကုမ္ပဏီကို တင် ဒါခေါ်မယ်။ အဲဒီရေနံကုမ္ပဏီကတိုက်ရိုက်တင်သွင်းပြီး လက်လီ၊ လက်ကားနှစ်မျိုးစလုံးနဲ့ ပြည် တွင်းမှာ ရောင်းချပေးမယ်’’ဟု ဦး မြင့်ဇော်က ပြောသည်။

လက်ရှိပြည်တွင်းတွင် လုပ် ကိုင်နေသော စက်သုံးဆီအရောင်းဆိုင်များမှာ ဈေးကွက်ယှဉ်ပြိုင်မှု၊ အရည်အသွေးပိုင်း မမှန်ကန်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေသဖြင့် ယင်းဖြစ်ရပ်များကို ထိန်းချုပ်နိုင်ရန်ပါ ရည်ရွယ်၍ ပြန်လည်ဝင် ရောက်လုပ်ကိုင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဌာနကရောင်းတဲ့အခါ ရေနံကုမ္ပဏီကလည်း သူ့နာမည်အပျက်ခံပြီး အရည်အသွေးပိုင်းထိန်း တင်သွင်းလာမယ်။ ဈေးနှုန်းကလည်း တခြားဆိုင်တွေထက်သက်သာအောင် ဈေးကွက်ယှဉ်ပြိုင် ရောင်းချနိုင်မှာဖြစ်ပါတယ်။ အဲဒီ လိုဆိုရင် တခြားကုမ္ပဏီဆိုင်တွေ ကလည်း ဈေးကွက်ယှဉ်ပြိုင်မှု ကောင်းကောင်းပြန်လုပ်လာကြ မယ်။ ဒါဆိုရင် သုံးစွဲသူတွေအနေ နဲ့ ရွေးချယ်စရာအခွင့်အလမ်းပိုရ လာပြီး အကျိုးဖြစ်စေမှာပါ’’ ဟု ဦးမြင့်ဇော်က ပြောသည်။

 မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းချရေး လုပ်ငန်း လက် အောက်တွင် သိုလှောင်စခန်းများ နှင့် ၀န်ထမ်းအင်အားမှာ အလုံအ လောက်ရှိပြီး ပုဂ္ဂလိကသို့ လုပ်ပိုင် ခွင့်များ လွှဲပေးလိုက်ပြီးနောက် ဆက်လက်အသုံးမချဘဲ ပစ်ထား ရကာ ယင်းတို့ကိုပြန်လည်အသုံး ချလုပ်ကိုင်ရမည်ဟု စွမ်းအင်ဝန် ကြီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။၎င်းတို့အနေဖြင့် တင်ဒါဖိတ် ခေါ်ပြီးပါက စိတ်ဝင်စားသည့်ကုမ္ပ ဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာနိုင်ငံပိုင်စက်သုံး ဆီသိုလှောင်စခန်းများကို ကြည့်ရှု လေ့လာမှုများပြုလုပ်ကြမည်ဖြစ် ပြီး ယင်းအတွက်အချိန်လေးလ ခန့်ယူရမည်ဟု သိရသည်။

ယင်းနောက် ပူးပေါင်းဆောင် ရွက်မည့်ကုမ္ပဏီကို ရွေးချယ်စာ ချုပ်ချုပ်ဆိုကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းစတင်နိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

‘‘အစိုးရက ဒီဈေးကွက်ထဲ ပြန်ပြီး ၀င်ရောက်လာရင်တော့ ယှဉ်ပြိုင်မှုကောင်းလာမှာတော့ ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီတွေက ပြည်ပက စက်သုံးဆီတွေကို တစ် ဆင့်ခံတင်သွင်းရောင်းချနေရတာ များပြီး သူတို့ကပြည်ပရေနံကုမ္ပ ဏီတွေနဲ့ပူးပေါင်းပြီး တိုက်ရိုက် တင်သွင်းမယ်ဆိုတော့ အပြိုင် ယှဉ်ဖို့ဆိုတာမှာ အခက်အခဲဖြစ် လာမှာတော့အမှန်ပဲ’’ဟု Max စက်သုံးဆီ အရောင်းဆိုင်မန်နေ ဂျာက သုံးသပ်သည်။

စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၁ အတွင်း နိုင်ငံပိုင်ပုဂ္ဂလိ က စက်သုံးဆီအရောင်းဆိုင်၂၆၀  ကျော်အား ပုဂ္ဂလိကသို့လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ယခုအချိန် ထိယင်းဌာနလက်အောက်၌ နိုင်ငံ ပိုင်အရောင်းဆိုင် ၁၂ ဆိုင်ခန့်သာ ရှိတော့ကာယင်းဆိုင်များမှဌာနဆိုင်ရာယာဉ်များသို့သာ သီးခြား ရောင်းချပေးလျက်ရှိသည်။

ပုဂ္ဂလိကမှ လွှဲပြောင်းရယူ လုပ်ကိုင်ခဲ့သည့်လေးနှစ်တာကာ လအတွင်း စက်သုံးဆီအရောင်း ဆိုင်အရေအတွက်မှာ သိသာစွာ တိုးတက်လာခဲ့ပြီး ယနေ့အချိန်ထိ နိုင်ငံတစ်ဝန်းတွင် အရောင်းဆိုင် ၁,၀၀၀ ကျော်အထိ ရှိလာခဲ့ သည်။
7 day

No comments:

Post a Comment