Wednesday, May 20, 2015

အမှတ်တရရုပ်ရှင်ပွဲတော်သို့ မီရှဲယိုး အပါအ၀င် နာမည်ကျော်အချို့ တက်ရောက်မည်


တတိယအကြိမ် ပြုလုပ် မည့် ‘‘အမှတ်တရ’’ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာကျော်မင်း သမီး မီရှဲယိုးအပါအ၀င် ဟောင် ကောင်၊ ပြင်သစ်နှင့် စင်ကာပူတို့ မှ နာမည်ကြီး သရုပ်ဆောင်မင်း သမီးများ လာရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။



ယင်းရုပ်ရှင်ပွဲတော်ဖွင့်ပွဲအ ခမ်းအနားကို နေပြည်တော်ရုပ်ရှင် ရုံ၌ မေလ ၂၉ ရက် ညနေ ၃ နာရီ တွင် ပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာ ကျော်မင်းသမီးများဖြစ်သည့် မင်း သမီးမီရှဲယိုးနှင့်ဟောင်ကောင်မင်း သမီး ချန်ပေပေ၊ ပြင်သစ်မင်းသ မီး Ms.Catherine Deneuve၊ စင် ကာပူမင်းသမီး Ms.Marrie Lee တို့နှင့်အတူ မြန်မာရုပ်ရှင်ဒါရိုက် တာ ဒေါ်သင်းသင်းယု၊ မင်းသမီး ကြီးများဖြစ်သော ဒေါ်ဆွေဇင် ထိုက်၊ ဒေါ်ခင်သီတာထွန်းနှင့် ဒေါ်နွဲ့နွဲ့စန်းတို့ တက်ရောက်ကြ မည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ပွဲတော်ကိုမေ လ ၂၉ ရက်မှ ဇွန်လ ၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ၁၉၀၆ မှ ၁၉၇၈ ခုနှစ် အတွင်းပြသခဲ့သော နိုင်ငံတကာ နှင့်မြန်မာ ရုပ်ရှင်စုစုပေါင်းဂန္ထ၀င် ရုပ်ရှင် ကား ၅၀ ကို ရုပ်ရှင်ပွဲတော် ကာလအတွင်း နေပြည်တော်ရုပ် ရှင်ရုံ၌ အခမဲ့ ပြသသွားမည်ဖြစ် သည်။

မြန်မာရုပ်ရှင်ဇာတ်ကားများ အဖြစ် ၁၉၅၅ က ဒါရိုက်တာ မြ မောင်ရိုက်ကူးခဲ့သော ဖိုးပြုံးချို၊ ၁၉၇၁ က ဒါရိုက်တာ ၀င်းဦးရိုက် ကူးခဲ့သော တစ်ကျော့နှစ်ကျော့ တေးကိုသီ၊ ၁၉၇၈ က ဒါရိုက်တာ မောင်တင်ဦးရိုက်ကူးခဲ့သော တစ် ခါက တစ်ဘ၀နှင့် ၁၉၈၃ က ဒါ ရိုက်တာ သင်းသင်းယုရိုက်ကူးခဲ့ သော နေကျောက်ခဲဇာတ်ကား များ ပြသသွားမည်ဖြစ်သည်။

တတိယအကြိမ် ရုပ်ရှင်ပွဲ တော်တွင် အမျိုးသမီးများ၏အ ကြောင်း အလေးပေးပြသသွား မည်ဖြစ်ပြီး နိုင်ငံအသီးသီးမှခေတ် အဆက်ဆက် အမျိုးသမီးများ၏ ရုပ်ပုံ ၅၀ ကျော်ကို ချစ်ခင်ခံရသူ၊ မုန်းတီးခံရသူ၊ စက်ဆုပ်ရွံရှာခံ ရသူ၊ ဝေဖန်ခံရသူ၊ အထင်ကြီး ခံရသူ၊ သူရဲကောင်း၊ အရှုံးပေးရ သူ၊ သတ္တိရှိသူ၊ ကြင်နာကင်းမဲ့သူ စသဖြင့် တင်ဆက်ပေးသွားမည် ဖြစ်သည်။

ထို့အပြင် အထူးအစီအစဉ် များအဖြစ် အသံတိတ်ခေတ်မှ ဇာတ်ကားများကို ဂီတဖြင့်တင် ဆက်ဖျော်ဖြေပေးသည့် အစီအ စဉ်၊အမျိုးသမီးများနှင့်ရုပ်ရှင်၊ရုပ် ရှင်အမွေအနှစ်များအကြောင်း ဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ များ ပြုလုပ်သွားမည်ဖြစ်သည်။

မီရှဲယိုးသည် ပြင်သစ် ဒါရိုက်တာ လုဘက်ဆန်ရိုက်ကူးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏အတ္ထုပ္ပတ္တိဇာတ်ကား 'The Lady'တွင် အဓိကဇာတ်ကောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်စဉ် လေဆိပ်တွင်ပင် ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်သည့် Su Founda-tion ဖွင့်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
7 day

No comments:

Post a Comment