Monday, May 11, 2015

ဗြိတိန်လွှတ်တော်ထဲ ရောက်လာသော မြန်မာသွေးနှောအမတ် ပေါလ်စကူလ်လီ

မြန်မာသွေးနှောသော ဗြိတိန်လွှတ်တော်အမတ် ပေါလ်စကူလ်လီကို ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − Paul Scully Facebook)
လတ်တလော ဗြိတိန် ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အမတ်တစ်ဦး ဖြစ်လာသူ ပေါလ်စကူလ်လီသည် မြန်မာ ကပြားတစ်ဦးဖြစ်၍ မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်ပြီး မဟာမိတ်  ကောင်းတစ်ဦး ထပ်တိုးလာသည့် အနေအထားရှိကြောင်း လေ့လာ စောင့်ကြည့်သူအချို့က သုံးသပ် ကြသည်။
ကွန်ဆာဗေးတစ်ပါတီက မဲ အများစုအနိုင်ရခဲ့သည့် ဗြိတိန်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သူ ပေါလ်စကူလ်လီ သည် ဗြိတိန်လွှတ်တော်ဓနသဟာယ၌ ကိုယ်စားပြုသည့် Sutton and Cheam မဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ရ ခြင်း ဖြစ်သည်။

‘‘ဗယ်လာရီဗက်ဇ်နဲ့ ဒေးဗစ် ဘားရိုးစ်၊ ပြီးတော့ မဟာမိတ်အသစ် မြန်မာကပြား ပေါလ်စကူလ်လီတို့လိုမျိုး မြန်မာနိုင်ငံနဲ့ ပတ် သက်လို့ ကျွန်တော်တို့ရဲ့ မဟာ မိတ်ကောင်းတွေထဲက တချို့ရှိနေဆဲပဲ။ အခုဆိုရင် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာအတွက် လွှတ်တော်ကိုယ်စားလှယ် အသစ်တွေကို အဖွဲ့ဝင်သစ် စုဆောင်းဖို့လိုပြီ’’ဟု Christian Solidarity World-wide ၏ အရှေ့အာရှရေးရာအ ဖွဲ့ အကြီးအကဲဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေးကော်မရှင်တွင် လုပ်ကိုင်ခဲ့သူ ဘင်နက်ဒစ်ရော်ဂျာစ်က ၎င်း၏ လူမှုကွန်ရက်၌ မှတ်ချက်ပြုရေးသား ခဲ့သည်။
Walsall South မဲဆန္ဒနယ် အတွက် လေဘာပါတီ၏ လွှတ် တော်ကိုယ်စားလှယ် ဗယ်လာရီဗက်ဇ်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် အာရုံစိုက်နေသူတစ်ဦးအဖြစ် အသိအမှတ်ပြုထားကြသည်။ ဗယ်လာရီသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုဆိုင်ရာများ၊ တိုင်းရင်းသားပဋိ ပက္ခဆိုင်ရာများ၊ နိုင်ငံရေးအ ကျဉ်းသားများ လွှတ်ပေးမှုဆိုင်ရာ  များ ပြောကြားနေခဲ့ပြီး လတ်တ လော နောက်ဆုံးလှုပ်ရှားမှုအနေ ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အရေးအ ပေါ် စကားစစ်ထိုးဆွေးနွေးပွဲတစ် ရပ်ပြုလုပ်ရန် တောင်းဆိုထား သည်။ လောလောလတ်လတ် ကိုယ်စားလှယ်ရွေးချယ်ခံရသည့် ပေါလ်စကူလ်လီအနေဖြင့် မြန်မာနိုင်ငံအရေးကို ထုတ်ဖော်ပြောကြားမှု တစ်စုံတစ်ရာ မပြုလုပ် သေးပေ။
ပေါလ်၏ ပုဂ္ဂလိက အင်တာ နက်စာမျက်နှာတွင် ၂၀၀၆ က ရေးသားခဲ့သော စာတစ်စောင်အ ရ ပေါလ်၏ ဖခင်ကို မြန်မာနိုင်ငံ၌ မွေးဖွားခဲ့ပြီး ၎င်းအသက် (၁၈) နှစ်အရွယ်တွင် အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့သည်။ ပေါလ်၏ အဘိုး၊ အဘွားများ၊ ဦးလေး၊ အဒေါ်များမှာ လည်း နောက်နှစ်အတန်ငယ်အ ကြာတွင် ပြောင်းရွှေ့ခဲ့ကြသည်။ ပေါလ်အနေဖြင့် မြန်မာနိုင်ငံသို့ တစ်ခါမျှမရောက်ဖူးသော်လည်း ယဉ်ကျေးမှုအမွေအနှစ်နှင့် မိသားစုသမိုင်းကို အလွန်ဂုဏ်ယူ တန်ဖိုးထားမိသည်ဟု ၎င်းက လွန်ခဲ့ သည့် ကိုးနှစ်ခန့်က ရေးသားခဲ့ဖူးသည်။
ပေါလ်၏အဘိုး ဆိပ်ကမ်း ကော်မရှင်နာမင်းကြီးအဖြစ် လုပ်ကိုင်ခဲ့ရာ ဆိပ်ကမ်းသင်္ဘောကျင်း များ၊ ပေါလ်၏ဖခင် အင်္ဂလန်သို့ သွားရာလမ်းခရီးတွင် ငွေကြေးအနည်းငယ်ယူဆောင်သွားနိုင်စေ ရေးအတွက် အမျိုးမျိုးအထွေထွေ သော အစိုးရရာထူး၊ ဂုဏ်ထူးကြီး မြင့်သူများကို စည်းရုံးဆွဲဆောင် ရန် ဧည့်ကြိုဌာန၌ လုပ်ကိုင်စဉ် က ထိုပုဂ္ဂိုလ်ကြီးများကို စည်းရုံး မှုပြုခဲ့ရာ စထရင်းဟိုတယ်၊ ပေါလ်နားရည်ဝအောင် ကြားဖူးနေသည့် အနီးဝန်းကျင်လမ်းများ အစရှိသည်တို့ကို ကြည့်ရှုရန် ရန်ကုန်မြို့သို့ အလွန်ခရီးထွက်ချင်လှပါသည်ဟု ပေါလ်စကူလ်လီက ဖွင့်ဟခဲ့ဖူးသည်။
ပြီးခဲ့သည့်ရက်က ဗြိတိန်ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုက ရက်၊ လေဘာ၊ ယူကေအိုင်ပီ၊ ဂရင်းပါတီတို့အပါအ၀င် အခြား ပါတီများမှ ယှဉ်ပြိုင်ဘက် ကိုယ် စားလှယ် ခြောက်ဦးကိုကျော်ဖြတ် ပြီး Sutton and Cheam မဲဆန္ဒ နယ်ကိုယ်စားလှယ်အဖြစ် ကွန် ဆာဗေးတစ်မှ ပေါလ်စကူလ်လီက မဲအပြတ်အသတ်အသာဖြင့် ရွေးကောက်ခံခဲ့ရသည်။
7Day

No comments:

Post a Comment