Monday, September 14, 2015

ပြည်မြို့ ကန်လယ်ရွှေဟင်္သာလိပ်ရေကန်တွင် အောက်ဆီဂျင်နည်း၍ ငါးကောင်ရေတစ်သောင်းကျော်သေဆုံး


 ပြည်မြို့ ကန်လယ်ရွှေ ဟင်္သာဘုရားလိပ်ရေကန်ရှိ ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှုပမာဏနည်းပါးခဲ့ခြင်းကြောင့် ရေကန်အတွင်းရှိ ငါးအကောင်ရေတစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၉ရက်မှ ၁၂ ရက်အထိ လေးရက်ဆက်တိုက် ရေကန်အတွင်းရှိ ငါးများသေဆုံး ခဲ့၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာ နမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ရာ ရေကန်အတွင်းရှိ ရေ များတွင် အောက်ဆီဂျင်ပါဝင်မှု နည်းပါးခြင်းကြောင့် သေဆုံးရ သည်ဟု မှတ်ချက်ပေးသွားကြောင်း ကန်လယ် ရွှေဟင်္သာမှ တာဝန်ကျ ၀န်ထမ်းဦးဘိုနီက ပြောကြားသည်။

‘‘စက်တင်ဘာ ၁၃ရက်မှာ တော့ သေတာတွေမတွေ့ရ တော့ဘူး။ လေးရက်ဆက်တိုက် သေဆုံးမှုကြောင့် ငါးကောင်သေး သေးလေးတွေအပါအ၀င် စုစု ပေါင်းကောင်ရေ တစ်သောင်း ကျော်သေဆုံးသွားတယ်လို့ ခန့် မှန်းပါတယ်။ လက်ရှိတော့ ကန် ထဲက ရေတွေကို ရေစုပ်စက်နဲ့ ပြန် ထုတ်ပြီး မြစ်ရေကိုပြန်ထည့်ပေး နေတယ်။ အောက်ဆီဂျင်ရအောင် ရေပန်းတွေနဲ့ ဆောင်ရွက် ပေးနေတယ်’’ဟု ဦးဘိုနီက ပြော သည်။သေဆုံးခဲ့သည့် ငါးများတွင် ငါးကြင်း၊ ငါးဝက်မ၊ တီလားဗီး ယားနှင့် ငါးသားပေါက်လေးများ အများဆုံးပါဝင်သည်။

အဆိုပါကန်အတွင်း၌ ငါး မျိုးစုံနှင့် လိပ်များအပါအ၀င် ရေ သတ္တ၀ါများစုစုပေါင်းအရေအ တွက် သိန်းဂဏန်းရှိပြီး ရေနေသ တ္တ၀ါများကောင်းမွန်စွာအသက် ရှင်နေထိုင်နိုင်ရေး အောက်ဆီဂျင် ပမာဏ များပြားလာစေရန်အ တွက် ရေညှိစိမ်းများကို စုပ်ထုတ်ခြင်း၊ရေအသစ် ထည့်ပေးခြင်း၊ ရေပန်းများတပ်ဆင်ခြင်းများကို ဘုရားဂေါပက အဖွဲ့က ဆောင်ရွက်နေကြောင်းသိရသည်။

 ကန်လယ် ရွှေဟင်္သာလိပ် ကန်သည် ပေသုံးရာပတ်လည် ကျယ်ဝန်းပြီး ရေကန်ပမာဏနှင့် ရေနေသတ္တ၀ါနေထိုင်မှုနှိုင်းယှဉ် ပါက ကျဉ်းမြောင်းကြောင်း၊ရေ များအတွင်း ရေညှိစိမ်းများပေါက် ရောက်မှုများပြားခြင်း၊ မြို့တွင်း ရေမြောင်းများရေလျှံစဉ် ရေကန်အတွင်း ရေဆိုးများဝင် ရောက်ခြင်းစသည့်အကြောင်း ရင်းပေါင်း စုံ တိုက်ဆိုင်ခဲ့ခြင်းကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်းမြို့မိမြို့ဖတစ်ဦးကပြောသည်။

ကန်လယ်ရွှေဟင်္သာလိပ် ကန်သည် ပြည်မြို့ဒေသခံများ၏ လိပ်၊ ငါးများဘေးမဲ့လွှတ်ရာ၊ ရေနေသတ္တ၀ါများကျွေးမွေးစောင့် ရှောက်ရာ တစ်ခုတည်းသောကန် ဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့အစိုးရ လက်ထက် ပြည်-ရန်ကုန်ရထား လမ်းဖောက်လုပ်ရာတွင် ရွှေဟင်္သာစေတီတော်မြတ်ဘေးမှ မြေ တူးယူသည်မှစပြီး ရေကန်ပေါ် ပေါက်လာခဲ့သည်ဖြစ်ရာ နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်ကြောင်း ပြည်ဒေသခံဦးအေးချိုက ဆက်လက် ပြောကြားသည်။

No comments:

Post a Comment