Thursday, October 15, 2015

ဧရာဝတီနှင့်ရန်ကုန်တွင် အာဟာရဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်


ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင် အာဟာရအားဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအာဟာရဌာနခွဲမှ သတင်းရရှိသည်။အဆိုပါတိုင်းဒေသကြီးနှစ်ခု ရှိ ဆန်စက်များနှင့်ညှိနှိုင်း၍ ခေတ်မီစက်ကြီးများဖြင့် အာဟာရအတွက် အားဖြည့်ဆန်ထုတ်လုပ် ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာ နလက်အောက်ရှိ အမျိုးသားအာ ဟာရဌာနခွဲ (NNA) ၊ FDA ၊ PSI အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၇၀ ကျော်ကို အာဟာရလုပ်ငန်းများ ကူညီ ထောက်ပံ့ပေးနေသည့် PATH အဖွဲ့အစည်းတို့ကပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။‘‘အမှန်က ဒီလမှာစပြီးဖြန့်ရ မှာ။ စက်ပစ္စည်းတွေကနေ ဆန် ထုတ်တာမနိုင်တာတို့၊ ဆန်ထဲမှာ ထည့်ရမယ့် အနုအာဟာရတွေလိုနေသေးတာတို့၊ FDA ခွင့်ပြုချက် တို့၊ ဥပဒေရေးရာကင်းလွတ်ခွင့် လိုတာတွေနဲ့ ပြည်သူလူထု  လက် ခံသုံးစွဲအောင် ပညာပေးဖို့လိုတာ တွေ၊ ဖြန့်ဖြူးရောင်းချမယ့်လူလိုတာတွေကြောင့်ဈေးကွက်ထဲ မ ဖြန့်နိုင်သေးဘူး။ ဒါကြောင့် နိုဝင် ဘာနဲ့ ဒီဇင်ဘာလောက်မှာတော့ တိုင်းနှစ်ခုမှာ စပြီးဖြန့်ပါမယ်’’ဟု အမျိုးသားအာဟာရဌာနခွဲ ဒုညွှန် မှူး ဒေါက်တာထင်လင်းကပြောသည်။

ကနဦးအနေဖြင့် ရိုးရိုးဆန် ကို အမှုန့်ကြိတ်ကာ ရလာသည့် အမှုန့်နှင့် အိုင်းရွန်း၊ ဇင့်၊ ဗီတာမင် ဘီအုပ်စု၊ ရေတို့ဖြင့်ရောနှော၍ စက်ထဲထည့်မွှေပြီး အာဟာရဆန် အစေ့အဖြစ်  ပြန်လည်ထုတ်လုပ် ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့်ယင်း အာဟာရဆန်အစေ့ တစ်စေ့နှင့် ရိုးရိုးဆန် ၉၉ စေ့တို့ကိုပြန်ရောပြီး ပါကင်ထုတ်၍ ဈေးကွက်အတွင်း ၌ ရောင်းချမည်ဖြစ်သည်။

အဆိုပါဆန်ကို လေးလမှ ခြောက်လအထိ စားသုံးလျှင် လိုအပ်သော အာဟာရချို့တဲ့ခြင်းကို အားဖြည့်နိုင်မည်ဖြစ်ပြီး အာဟာရ ချို့တဲ့မှုကို ကာကွယ်နိုင်မည် ဖြစ်သည်။ ကနဦးအနေဖြင့် ဆန် တစ်ပြည်ဝင်အထုပ်များကို ဈေးကွက်အတွင်း ဖြန့်ချိမည်ဖြစ်ပြီး ဈေးနှုန်း မှာ နဂိုမူရင်းဈေးနှုန်းနှင့်ယှဉ်လျှင် ၂ ရာ ခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့်သာ ပိုနိုင်ကြောင်းသိရသည်။

ယင်းဆန်ထုတ်လုပ်ခြင်းကို စီမံကိန်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းကာလပြီးဆုံးလျှင် နည်းပညာနှင့် ခေတ်မီစက် ပစ္စည်းများကိုတိုင်း ဒေသကြီးနှစ်ခု၌ ချန်ထားပေးခဲ့မည်ဖြစ်သည်။ နိုင်ငံပေါင်း ၂၀ ကျော်၌ အဆိုပါ အားဖြည့်ဆန်ကို ထုတ်လုပ်နေ ကြောင်း PATH အဖွဲ့အစည်းမှ သိရသည်။
7 day

No comments:

Post a Comment