Monday, October 26, 2015

သန်လျင်တံတား ဖြတ်သန်းခကောက်ခံသည့်အဖွဲ့များပြားခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှုကို မထသ၀င်ရောက် ဖြေရှင်းမည်ဟုဆို

သန်လျင်တံတားဖြတ် သန်းရာတွင် မြို့ဝင်ကြေးအပါအ၀င် အခွန်ကောက်ခံသည့် အဖွဲ့များပြားနေခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာ ခြင်းကို မထသမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြထား ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။လက်ရှိတွင် သန်လျင်တံ တားဖြတ်သန်းရာ၌ တံတားဖြတ် သန်းခ ၁၀၀ ကျပ်၊ YCDC မြို့ဝင် ကြေး ၂၀၀ ကျပ်နှင့် သန်လျင်မြို့ ၀င်ကြေး ၁၀၀ ကျပ်ကောက်ခံ လျက်ရှိသည်။
အဆိုပါ သန်လျင်တံတား ဖြတ်သန်းခ ကောက်ခံရာ တွင် မြို့ဝင်ကြေးနှင့် စည်ပင်ခွန် တို့ကိုပါ နှစ်ဖက်ကောက်ခံသည့် စနစ်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမိုဖြစ်စေ၍ တစ်ဖက်တည်း တွင်သာ ကောက်ခံရန်စီစဉ်ခြင်း ဖြစ်ကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ‘‘တံတားမှာ မြို့ဝင်ကြေး ကောက်ခံလို့ ကြန့်ကြာမှုဖြစ်ရင် ယာဉ်ကြောကျပ်တည်းမှု ဖြစ် တယ်။ ယာဉ်ကြောကျပ်တည်း တာနဲ့အမျှ ယာဉ်တွေကလည်း စည်းကမ်းဖောက်လာနိုင်တယ်။ ဒါကြောင့် ယာဉ်တွေစည်းကမ်း မဖောက်အောင် ၀ိုင်းဝန်းထိန်း သိမ်းပေးတဲ့အပိုင်းမှာ မထသ ရယ်၊ ယာဉ်ထိန်းရယ် ပူးပေါင်း ပြီး ဆောင်ရွက်ပေးနေပါတယ်’’ဟု ၎င်းကပြောသည်။
သန်လျင်တံတားဖြတ်သန်းခကောက်ခံမှုများကို မြန်မာ့မီးရထားက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သော်လည်း နေ့စဉ်ဖြတ်သန်းလျက်ရှိသည့် ယာဉ်များ ယာဉ်ကြောကျပ်တည်းမှုကို မထသနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းပေးနေခြင်း ဖြစ်သည်။
သန်လျင်တံတားတွင် ဖြစ် ပေါ်သော ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းပေးရန် ခရီးသည် များက မထသသို့ တင်ပြထားခြင်း မရှိသော်လည်း မထသက ခရီး သည်များ၊ ယာဉ်လုပ်သားများနှင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဦးလှအောင်က ပြော သည်။
‘‘ကားတစ်စီးလောက်ပဲ မောင်းလို့ရတဲ့ နေရာမှာ အခွန် သုံးခုကို ကောက်နေတော့ တံ တားတစ်ခါ ဖြတ်ရင် အချိန် ၂ နာရီကြာတယ်။ အခုက နေရာ တိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှု တွေ ဖြစ်နေတယ်ဆိုပေမယ့်လည်း ဒီ နေရာမှာတော့ တံတားကြေး၊ မြို့ ၀င်ကြေးတွေ ကောက်ခံမှုကို ဖြစ် နိုင်ရင် သက်ဆိုင်ရာတွေကနေ တစုတစည်းတည်းနဲ့ သေချာ ဆောင်ရွက်ပေးစေချင်တယ်’’ဟု သန်လျင်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

No comments:

Post a Comment