Monday, August 13, 2012

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုသမ္မတလောင်း အဖြစ် ရွေး ချယ် ခံရ



အလုပ်ကြိုးစားသူ၊ ရိုးသားတည်ငြိမ်စွာ နေတတ်သူ အဖြစ် တပ်မတော်(ရေ) မိသားစု များအတွင်း ထင်ရှားသူ စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချုပ်ကြီး  ဥာဏ်ထွန်းအား ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု မြန်မာပြည်က လာသော သတင်းများအရသိရသည်။ဗိုလ်ချုပ်ကြီး  ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက်  ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။ပြည်သူများနှင့် သမ္မတကြီး
အားကိုးရသော ဒုသမ္မတ တစ်ယောက်ဖြစ်လာတော့မည် ဖြစ်ပါသည်။






8 comments:

  1. Cheer! Navy Chief

    ReplyDelete
  2. ပြည်သူတွေကိုဒုက္ခပေးမဲ့နောက်တစ်ယောက်...

    ReplyDelete
  3. I love president.
    I love Daw su kyi.
    I love General Nyan Htun.
    Because They truly love our country.
    WE believe them.

    ReplyDelete
  4. စစ်တပ်ထဲကတစ်ယောက်ထပ်ရောက်လာတာတော့သိပ်မကြိုက်ဘူး။
    ဒါပေမဲ့ ... ဝေဖန်ရအောင်တော့ စောလွန်းပါသေးတယ်။
    တကယ်စေတနာရှိတဲ့လူဆိုရင်တော့ ယူနီဖောင်းဝတ်ကော ပင်နီဝတ်ကော ထောက်ခံမှာပါ။
    :)

    ReplyDelete
  5. I hope President and the Parliament have considered very carefully about this Vice- presidential nominee. He has to deputise the President and represent country in international forums. Hopefully, he has vision, common sense and is opinionated, plus certain knowledge on domestic, regional and international issues. Let's see if he is a " yes-man" or " opportunist like Shwe Man, Soe Thein and Aung Min" or a man of reform just like our President.

    ReplyDelete
  6.ှဗိုလ်ချုပ်အောင်ဆန်း သည်လည်း မြန်မာ့တပ်မတော်က ခေါင်းဆောင်တစ်ယောက်ပါပဲ ပြည်သူကသိပ်ယုံကြည်တယ်၊ အရမ်းအားကိုးတယ်။ ဆိုလိုချင်တာက ဒီနေ့တပ်မတော်ခေါင်းဆောင်များသည် လည်း နိုင်ငံ ကို ဦးဆောင်တော့မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေး ကို အမှန်တကယ်ရှေ့တန်းတင်မယ်ဆိုင်ရင် ပြည်သူက ထောက်ခံမှာပါ။ ၂၅ (ရာခိုင်နှုန်း) နေရာကလည်း မချစ်သောလည်းအောင့်ခါနမ်းနေ ရတဲ့ ဘ၀မှာ ဆွေမျိုးကောင်းစားရေး မဟုတ်တဲ့ တိုင်ပြည်နဲ့ လူမျိုးကောင်းစား ရေး ခေါင်းဆောင်များ ကို သာ ပြည်သူ့က မျှော်လင့်နေကြတာပါ။

    ReplyDelete