Tuesday, July 17, 2012

ဩဂုတ်လတွင် BarcampX ကို အသွင်သစ် ဖြင့် ပြုလုပ်ရန်ရှိ


ထူးအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)
BarcampX ကို ဩဂုတ်လ လဆန်းပိုင်းတွင် ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း BarcampX Organizer အဖွဲ့မှ သိရသည်။


"BarcampX ကို ဩဂုတ်လ ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက်နေ့မှာ လုပ်သွားမှာ ပါ။ အခုလုပ်မယ့် BarcampX ကို ခေါင်းစဉ် သုံးပိုင်း ခွဲပြီးလုပ်သွားမှာပါ"ဟု BarcampX Organizer ဖြစ်သူ မထိုက်ထိုက်အောင်ကပြောသည်။
ယခုပြုလုပ်မည့် BarcampX တွင် Data Camp ၊ Education Camp နှင့် Health Camp ဟူ၍ ပြုလုပ်မည်ဖြစ် ပြီး Campတစ်ခုကို တစ်ရက်စီ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ်ထဲတွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိကာ Camp တစ်ခုစီတွင် ဖွင့်ပွဲတစ်ခုစီပြုလုပ်ရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။
ရန်ကုန်တွင် Barcamp ပြုလုပ်ခဲ့ သည်မှာသုံးကြိမ်မြောက်ပြုလုပ်ခဲ့ပြီးဖြစ် သော်လည်း ယခုအချိန်တွင် ပြုလုပ် မည့် ဘားကမ့်သည် ယခင်ကဲ့သို့ Open Topic (ကြိုက်နှစ်သက်ရာ ခေါင်းစဉ်) ဖြင့် ပြုလုပ်မည်မဟုတ်ကြောင်း မထိုက် ထိုက်အောင်က ပြောသည်။
ထိုကဲ့သို့ Camp တစ်ခုစီ ပြုလုပ် ထားသည့်အတွက်ကြောင့် ၎င်းနယ် ပယ်နှင့်သက်ဆိုင်သည့် အစိုးရဌာနမှ အရာရှိကြီးများ၊ ပညာရှင်များကိုလည်း ဖိတ်ကြားရန် စီစဉ်ထားကြောင်း ၎င်း က ပြောသည်။
"ပညာရေးကဏ္ဍမှာဆိုရင် အိုင်တီကို အသုံးပြုပြီး အဲဒီအ၀န်းအ၀ိုင်းထဲမှာ လုပ်နေတဲ့လူတွေကို Key Note Speaker အနေနဲ့ ဟောပြောဖို့ ဖိတ် ကြားသွားမှာပါ။ ဥပမာ- e-learning လိုမျိုးပေါ့"ဟု ၎င်းကပြောသည်။
ယခု ပြုလုပ်မည့် BarcampX တွင် လူလတ်ပိုင်းနှင့် လူကြီးပိုင်းလည်း ပါ ၀င် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး တက်ရောက် နိုင်သည့် လူဦး ရေပမာဏ အနေဖြင့် မမှန်းနိုင်သေးသော်လည်း တက်ရောက်သူ လူဦးရေများစေလို ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ပြည်မြို့တွင်လည်း ဩဂုတ် လ တတိယပတ်ခန့်တွင် ဘားကမ့်ပြည် (Barcamp Pyay) ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


source -  http://www.myanmar.mmtimes.com/2012/tech/577/tech02.html

No comments:

Post a Comment