Sunday, July 29, 2012

ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ်

နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌
ကွန်ကရစ်လမ်း ခင်းနေပါသည်။

ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင် ၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။
မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။

ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။

ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး

No comments:

Post a Comment