Friday, October 30, 2015

ဆင်းရဲတဲ့ အမေ့ကို ပြန်ကန်တော့ လက်တွဲခေါ်တဲ့ ထိုင်းအလှပျိုမေ

Thai beauty pageant ဆုကို လက်တလော ရရှိသွားတဲ့ Khanittha Phasaeng ဟာ လက်တလောမှာ နာမည်ကြီးနေပါတယ်။ သူမရဲ့ အလှအပကြောင့် နာမည်ကြီးချင်းထက် သူမရဲ့ အမေ့အပေါ် ချစ်စဖွယ် ပြုမူ ဆက်ဆံမှုကြောင့် နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။


မိခင်ဖြစ်သူဟာ ထိုင်းနိုင်ငံ နယ်မြို့ငယ်လေး တစ်ခုမှာ နေထိုင်ပြီး အမှိုက်ကောက် အမှိုက် ပြန်ရောင်းရသူ ဖြစ်ပါတယ်။ သူ့သမီးလေးကို ယင်းငွေနဲ့ပဲ ကျောင်းထားပေးပြီး သမီးဖြစ်သူကလည်း အမေ့ရဲ့ အမှိုက်ကောက်တဲ့ အလုပ်ကို ဝင်လုပ်ကူပါတယ်။ အသက် ၁၇ နှစ်ပြည့်ချိန်မှာ Miss Beauty Pageant ပြိုင်ပွဲကို မြို့နယ်ကနေ အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ရာ ထိုင်းတစ်နိုင်ငံလုံး အဆင့်မှာ မယ်ဆု ဆွတ်ခူးသွားခဲ့ ပါတယ်။ ဆု ရရှိပြီးနောက် သူမဟာ ဇာတိမြို့က အမေ့ဆီကို ပြန်ပြီးတော့ ကန်တော့ပါတယ်။ ပြီးတော့ သူမတို့ မိသားစုရဲ့ ခက်ခက်ခဲခဲ ရုန်းကန်ရမှုများကို အများသိအောင် ချပြခဲ့ ပါတယ်။

သူမဟာ ယခုဆိုရင် အောင်မြင်ပြီ ဖြစ်တာကြောင့် သူ့ တစ်မိသားစုလုံးကို ဆင်းရဲတွင်းမှ ဆယ်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ သူမရဲ့ မိခင်အပေါ် ကျေးဇူးသိတတ်မှုက သူ့ကို အောင်မြင်စေတဲ့ အဓိက အကြောင်းတစ်ချက်ဖြစ်ကြောင်းလည်း အများက မှတ်ချက်ပေးခဲ့ကြ ပါတယ်။
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment