Wednesday, July 25, 2012

ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့်တွေ့ဆုံခြင်း

by 7Day News Journal on Wednesday, July 25, 2012 at 11:08am ·
ရေးသားသူ- ငြိမ်းငြိမ်းနိုင်
နှစ်ပေါင်း ၂၂ နှစ်ကျော်ကာလအတွင်း  ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံအမတ်ကို  ဇူလိုင် ၁၁ရက်က တ ရားဝင် ခန့်အပ်
လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တစ်နှစ်ကျော်ကြာ     တာဝန်ထမ်းဆောင်ခဲ့သည့်
မစ္စတာဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ အရှေ့တောင်အာရှရေးရာ  ကျွမ်းကျင်သူလည်းဖြစ်သည်။ မစ္စတာမစ်ချယ်က မြန်မာသံအမတ်ဘ၀ သက်တမ်း ၁၀ရက်ပြည့်သော ဇူလိုင် ၂၀ ရက်တွင်  မီဒီယာနှင့်သံအမတ်ကြီးတို့၏ ပထမဆုံး တွေ့ဆုံမှုအဖြစ် 7Day News နှင့်တွေ့ဆုံခဲ့သည်။ယင်းတွေ့ဆုံမှုမှ  အချို့ကို စာဖတ်ပရိသတ်အတွက် ထုတ်နုတ်ဖော်ပြလိုက်ပါသည်။



မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ၁၀ ရက်ရှိခဲ့ပြီဆိုတော့ ဘယ်လိုနေလဲပြောပါ ဦးမစ္စတာမစ်ချယ်။
    တကယ့်ကို အဖြစ်အပျက်စုံ ကြုံတွေ့ခဲ့ရတဲ့ ၁၀ ရက် ခရီးပါပဲ။ ဒီ ၁၀ ရက်ကလေးအတွင်းမှာ အဖြစ်အပျက်တွေ အများကြီးရှိခဲ့
 တာကြောင့်ကျွန်တော့်အနေနဲ့တော့ နှစ်ပတ်လောက်၊ နှစ်လလောက်ရှိပြီလို့တောင် ထင်ရတယ်။ ဒါပေမဲ့ တကယ့်ကို အားတက်စရာတွေပါပဲ။
 နေပြည်တော်မှာလည်း တကယ့်ကို အားရစရာကောင်းတဲ့ ဆွေးနွေးပွဲဖြစ်ခဲ့တယ်။ ကျေနပ်စရာအလွန်ကောင်းတဲ့ အစိုးရနဲ့ ဆွေးနွေးမှုလို့
ပြောရမှာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန် ပိုင်းက တကယ့်ကို သမိုင်းဝင်ကာလလို့ ပြောရမှာပါ။ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ ပထမဆုံး အမေရိကန်-အာဆီယံစီးပွားရေးအစည်းအဝေးကို စီစဉ်လက်ခံကျင်းပပေး နိုင်ခဲ့တယ်။ အစိုးရတာဝန်ရှိသူတွေ၊ လူထုအခြေပြု အဖွဲ့အစည်း တွေကအဖွဲ့ဝင်တွေကိုလည်း ကျွန်တော့်နေအိမ်ကို ဖိတ်ခေါ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖြစ်ခဲ့ တယ်။ ရှေ့လျှောက်ဒီခရီးရှည် ကြီးမှာ အားတက်စရာတိုးတက်မှုတွေကို ဆက်တိုက်မြင်တွေ့ရမှာပါ။ တကယ့်ကို အစကောင်းပါပဲ။ ဒီမှာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတယ်။ ပြီးတော့ ကျွန်တော့်
အတွက်တော့ သွားလိုက်ပြန်လိုက် လုပ်နေရတာထက် ဒီမှာမြှုပ်နှံပြီးနေရတာ ပိုကောင်းပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် အိမ်ဖြူတော်က မစ္စတာမစ်ချယ်ကို ဘာကြောင့်ခန့်အပ်
 လိုက်တယ်လို့ ထင်ပါလဲ။
    အရမ်းကောင်းတဲ့မေးခွန်းပါပဲ။ ကျွန်တော်က လေ့ကျင့်သင် ကြားခဲ့လို့ သံတမန်တစ်ယောက် ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့
 ကျွန်တော်ထင်တယ်။ လွန်ခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံဆိုင်ရာ အ မေရိကန်အထူးကိုယ်စားလှယ်အ ဖြစ် ဆောင်ရွက်ရင်း နှစ်နိုင်ငံကြား
 နားလည်မှုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့လည်း မသိပါဘူးဗျာ။ ကျွန်တော်ကတော့
 သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်တို့က ကျွန်တော့်ကို ဒီအတွက် ယုံကြည်မှုရှိတာကို နှိမ့်ချစွာနဲ့ အလွန်ဂုဏ်ယူပါတယ်။
မြန်မာပြည်အရေး ကိစ္စဟာသူတို့အတွက် အရေးကြီးဆုံးသော အာရုံစိုက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အခြားနေရာဒေသ  ဘယ်နေရာမှာမဆို အကြောင်းအရာ ပြဿနာတွေက အချိန်ယူရပါတယ်။ ပြီး တော့ ပြဿနာအားလုံးကလည်း တကယ့်ကို ခက်ခဲနက်နဲပါတယ်။ အခု
မြန်မာပြည်တွင်းက လက်ရှိပြောင်းလဲမှုတွေဟာ ကမ္ဘာမှာ အ ပြုသဘောဖြစ်တဲ့ အကြောင်းအ ရာတစ်ခုအဖြစ် ထွက်ပေါ်နေပါတယ်။ ဒါကြောင့်နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက် လက်တည်တံ့ဖို့၊ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံအားပေးဖို့ သူတို့နှစ်ဦးက
 အလွန်ပဲအလေးထားပါတယ်။ ဒီအတွက် ကျွန်တော့်ကို အမေရိကန်နိုင်ငံရဲ့ ကိုယ်စားလှယ် တစ်ယောက်အဖြစ် ယုံကြည်နိုင် တယ်လို့
 သူတို့ယူဆတယ် ထင်ပါတယ်။ ဒီလိုမျိုး တာဝန်ပေးအပ်ခြင်း ခံရတဲ့အတွက် အလွန့်အလွန်ပဲ ဂုဏ်ယူရပါတယ်။

မစ္စတာမစ်ချယ်ရဲ့ သံအမတ်သက်တမ်းအတွင်းမှာ နှစ်နိုင်ငံကြား ဘယ်လိုကိစ္စမျိုးတွေကို အောင်အောင် မြင်မြင် ဖော်ဆောင်မယ်လို့ ရည်
 မှန်းချက်ထားပါလဲ။
    ရည်မှန်းချက်တွေကတော့ မျိုးစုံပါပဲ။ နှစ်ပေါင်း ၂၀၊ ၂၅ နှစ် ကျော်အတိတ်က အခက်အခဲတွေ ကနေ ကျွန်တော်တို့ရဲ့ ဆက်ဆံ ရေးကို
 တိုးတက်ဆက်လက်ရှင် သန်အောင်လုပ်ဖို့ ကျွန်တော်တို့ မှာ စိတ်ဝင်စားမှုကြီးကြီးမားမားရှိနေတာ အထင်အရှားပါပဲ။ မြန်မာနိုင်ငံက
 ဒေသတစ်ခုလုံးနဲ့ ဆက်စပ်နေတာကြောင့် နှစ်နိုင်ငံကြား ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးတည် ဆောက်ဖို့၊ အပြန်အလှန်နားလည်မှုရှိရှိနဲ့
လက်တွဲနိုင်ဖို့ကို ပြည်တွင်းမှာရော၊ နိုင်ငံပြင်ပကိစ္စရပ်တွေမှာ ပါကြိုးပမ်းသွားရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ
(အိမ်နီးချင်းတွေအားလုံးနဲ့) ပွင့်လင်းတဲ့ ချိတ်ဆက်ထားမှုတွေကို အားပေးထောက်ခံချင်၊ တွန်းအားပေးသွားချင်ပါတယ်။ ဒါ့အပြင်
ကျွန်တော်တို့တွေဟာ နိုင်ငံအတွင်း ဆက်လက်ဖြစ်ပေါ်ဆဲ ဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်း အထူးစိတ်ဝင်စားပါတယ်။ အကြောင်းက အ
 မေရိကန်ရဲ့ တန်ဖိုး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုး မိုးရေး၊ မီဒီယာလွတ်လပ်ခွင့် စတာတွေ ပြောင်းလဲတိုးတက်လာ ဖို့က
 အလွန်အရေးကြီးပြီးတော့ ခင်ဗျားတို့တိုင်းပြည်မှာ ဒါတွေကိုကျွန်တော်တို့က ထောက်ခံပံ့ပိုးပေးသွားချင်ပါတယ်။ ကျွန်တော်တို့မူ ၀ါဒရဲ့အဓိကအစိတ်အပိုင်းအနေနဲ့လည်းခုကတော့ လက်ရှိပြောင်းလဲ တိုးတက်မှုတွေကို သိသိသာသာ ထောက်ပံ့ဖို့နဲ့ ပြည်သူပြည် သူချင်း
 ဆက်ဆံမှုဖြစ်ထွန်းမှုကလည်း ကျွန်တော်တို့ရဲ့ အလွန်အရေးပါတဲ့ မျှော်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ လည်း
 မေးခွန်းထုတ်စရာရှိနေတာကကုန်ကူးမှုပါပဲ။ လူကုန်ကူးမှုရော၊ မူးယစ်ဆေးဝါးကုန်ကူးမှုရောပါ။ ဒီမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကလည်းမေးခွန်း ထုတ်စရာ ဖြစ်နေဆဲပါ။ ဆိုတော့ အဲဒီလို အမေရိကန်အစိုးရအ တွက် အရေးပါတဲ့၊ ခက်ခဲတဲ့ တခြားကိစ္စတွေလည်း ရှိနိုင်ပါသေးတယ်။
 ကျွန်တော်ထင်တယ်၊ ဒီကိစ္စတွေအားလုံးက ကျွန်တော်တို့ရဲ့ ရည်မှန်းထားတာတွေဖြစ်ပြီး ကျွန်တော်တို့ ဖြေရှင်းနိုင်မယ်ထင်ပါတယ်။
 ပြည်တွင်းအခြေအ နေနဲ့ ဒေသတွင်းအခြေအနေ တွေက ကျွန်တော်စလုပ်ခဲ့ချိန်က ထက်ပိုကောင်းကျန်ရစ်မှာပါ။ ဒီကိစ္စဟာ ကျွန်တော်တစ်ဦး
တည်းရဲ့ အောင်မြင်မှုဒါမှမဟုတ် ဆုံးရှုံးမှုမဟုတ်ပါဘူး။ ဒီက ပြည်သူတွေဆုံးဖြတ်ရ၊ ရွေးချယ်ရမယ့် ကိစ္စဖြစ်တယ်။ ဒါပေမဲ့ နှစ်
 နိုင်ငံဖြစ်စဉ်တွေမှာတော့ အမေ ရိကန်ရဲ့ ထောက်ခံအားပေးမှုကို အသိအမှတ်ပြုမယ်လို့ မျှော်လင့်ပါတယ်။

ဒါနဲ့ မစ္စတာမစ်ချယ် သမ္မတ ဦးသိန်းစိန်နဲ့ လတ်တလောတွေ့ဖြစ်တာ ကမ္ဘောဒီးယားမှာနော်။
    တကယ်တော့ နိုင်ငံခြားရေး ၀န်ကြီး မစ္စစ်ကလင်တန်နဲ့ တွေ့တာပါ။ ကျွန်တော်ကလည်း အဲဒီမှာ ရှိနေတာပေါ့လေ။

ဟုတ်ကဲ့။ ဒါပေမဲ့ မစ္စတာမစ်ချယ်သမ္မတနဲ့တွေ့တာ နှစ်ကြိမ်မကရှိပြီပေါ့။ ဆိုတော့ သမ္မတဦးသိန်းစိန် ကို ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မြင်ပါသလဲ။
    ကျွန်တော် သမ္မတဦးသိန်း စိန်ကို အမြဲတမ်းပဲ အထင်ကြီး လေးစားရပါတယ်။ ဒီဇင်ဘာတုန်းက မစ္စစ်ကလင်တန် ဒီကိုလာတော့
ဝန်ကြီးကလင်တန်နဲ့အတူ သူ့ကိုတွေ့ခဲ့ရတာ ပထမဆုံးအ ကြိမ်တွေ့ဆုံမှုပါပဲ။ ဒါဟာလည်း ကျွန်တော်တို့ကြားက တစ်ခုတည်း သော
 သီးသန့်တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ကျွန်တော့် သံအမတ်ခန့်အပ်လွှာ သွားရောက်ပေးအပ်ရင်း ထပ်
တွေ့ရပါတယ်။ ပြီးမှ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယားမှာ တစ်ကြိမ်ထပ်တွေ့ရတာပေါ့။ သူနဲ့တွေ့တဲ့အချိန်တိုင်းမှာ လူတိုင်း
ဟာ သူနဲ့ပတ်သက်ပြီး ရိုးသားတယ်၊ နိုင်ငံအတွက် အလုပ်လုပ်ဖို့ ၊နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန္ဓိဋ္ဌာန်ချ လုပ်ဆောင်နေ
တယ်လို့ တစ်ထပ်တည်းခံစားမိကြ လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
သူ့အပေါ် ဒီအမြင်ခံစားမှုက အပြောင်းအလဲလမ်းကြောင်း လားရာအတွက် ကြီးမားတဲ့အစွမ်း သတ္တိတွေ ရရှိစေတယ်လို့ ထင်ပါ
တယ်။ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတာက လည်း ၀ါရှင်တန်ရော၊ အမေရိကန်လွှတ်တော်ကရော၊ ကမ္ဘာ့နေရာ
တွေအားလုံးကပါ သူလုပ်ဆောင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ အရပ် ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပူး

ပေါင်းဆောင်ရွက်တာတွေဟာ အစိုးရခေါင်းဆောင်ပိုင်းက သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြား ပုဂ္ဂိုလ်တွေကြားမှာ တစ်ခါမှမရှိ ဖူးတဲ့ဟာဖြစ်ပြီး
ထူးခြားပြောင် မြောက်လှပါတယ်။ ပြီးတော့ သူဟာဝင့်ဝင့်ကြွားကြွား မနေတတ် တဲ့ သူတစ်ဦးဖြစ်ပြီး ဒါကို သူ့ရဲ့ ပုဂ္ဂိုလ်ရေးအတွက် လုပ်နေတယ်
လို့ မမြင်သင့်ဘဲ တိုင်းပြည်အတွက် လုပ်ဆောင်နေတယ်လို့ တကယ်မြင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နိုင်ငံမှာပဲဖြစ်ဖြစ် အ
ခြားနိုင်ငံတစ်ခုခုမှာဖြစ်ဖြစ် သူ့လိုလူမျိုးရှိစေချင်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေ ရှေ့ဆက် ဆက်တိုက်မြင်ရဖို့လည်း ကျွန်တော်မြင်တယ်။

မစ္စတာမစ်ချယ် နောက်ငါးမိနစ်အတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ရမယ်ဆိုပါစို့။ အဲဒီမှာ လက်ရှိ
အရပ်သားအစိုးရကို နိုင်ငံအကူးအပြောင်း ကာလအတွက် အကြံ ဉာဏ်တစ်ခုပေးခွင့်ရမယ်ဆိုရင် ဘယ်လိုဟာ မျိုးဖြစ်မလဲ။
    ကျွန်တော်တို့ အကြံဉာဏ်ပေးတယ်လို့ မပြောပါဘူး။ ကျွန် တော်တို့ အတွေးအခေါ်ပေးတာ မျိုးပဲဖြစ်ပါတယ်။ ကျွန်တော်ထင်တာ က
ပြည်သူတွေကို ယုံကြည်မှုရှိဖို့၊ လွတ်လပ်ပွင့်လင်းမှုဆက်လက် ဖြစ်ပေါ်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ ဆက်လက်လုပ်ဆောင်ရမယ်ထင် ပါတယ်။
ကျွန်တော်ထင်တာက လည်း ဒီမိုကရေစီရဲ့ ပိုပြီးအရေး ပါတဲ့အချက်တစ်ခုကတော့ အစိုး ရရဲ့ လုပ်ဆောင်ပုံဟာ ပွင့်လင်းမြင်သာမှုရှိဖို့၊
အစိုးရတွင်း လည် ပတ်နေတဲ့ ငွေကြေးတွေဟာလည်း နိုင်ငံပိုင်လုပ်ငန်းအရင်းအမြစ် တွေ ကဖြစ်တာမို့ ဒါကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့
ပြည်သူ့အကျိုးစီးပွား အတွက် သုံးစွဲရမှုမျိုးပါ။ အဲဒါ ကြောင့် ဒီလိုမျိုး ပွင့်လင်းမြင်သာမှုကတစ်ဆင့်သာ လူထုအတွက် တာဝန်ခံနိုင်မှုစွမ်းရည်
ရှိလာမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ရဲ့အခြေခံဖြစ်ပြီး ဒီကိစ္စဟာ တင်းကျပ်လွန်းပြီး ပွင့်ပွင့်လင်းလင်း မဖြစ်ဘူးဆိုရင်တော့ ဒီမိုကရေစီ
ရဲ့အခြေခံကို အားယုတ်စေပါလိမ့် မယ်။ ဒါကြောင့် နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အကန့်အသတ်ထဲက နေ အစိုးရရဲ့လုပ်ငန်းလည်ပတ်မှု နဲ့
ပတ်သက်ပြီး မေးခွန်းတွေကို ဖြေဆိုနိုင်ပုံ၊ ငွေကြေးကို ကိုင် တွယ်လည်ပတ်ပုံ၊ နိုင်ငံတော် ဘတ်ဂျက်ကို စီမံပုံတွေနဲ့ ပတ်သက်လို့
ပွင့်လင်းမြင်သာမှုအမြင့်မားဆုံး ရှိဖို့ဆိုတာတွေဟာ ကျွန်တော်သူ တို့ကိုပေးမယ့် အရေးပါဆုံး သတင်းစကားဖြစ်ပါလိမ့်မယ်။

ဒီရက်ပိုင်း မစ္စတာမစ်ချယ်ကြားတဲ့အတိုင်း အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ကလည်း မျှတတဲ့ဖြေလျှော့မှုမျိုး ဖြစ်ဖို့ မေတ္တာရပ်ခံထားတယ်။ အခုလတ်တလော ဖြေလျှော့မှုက အ မေရိကန်အကျိုးစီးပွားအတွက်ပဲ
ဖြစ်နေတယ်၊ တစ်ဖက်သတ်ဖြစ် နေတယ်လို့ သာမန်ပြည်သူအချို့ ကြားထဲမှာလည်း ဝေဖန်မှုတွေရှိနေတော့ ဒါနဲ့ပတ်သက်ပြီး မစ္စတာ
မစ်ချယ် ဘယ်လိုတုံ့ပြန်ချင်ပါ သလဲ။
    ကျွန်တော်တို့ ဒီရက်ပိုင်းတွေ အတွင်းမှာ အခုပြောတဲ့ကိစ္စကို ကြားရပါတယ်။ ဒီကိစ္စကို ကျွန် တော်တို့ လေးလေးနက်နက်ထား
ပါတယ်။ ရိုးရိုးသားသားဖြေရရင် ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူမှုဖြေလျှော့ပေးတာတွေဟာ ကျွန်တော်တို့အကျိုးသက်သက်အတွက်
ရည်ရွယ်ပြီးတော့လုပ် တာမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ ပိတ်ဆို့ထားခြင်းအစား အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရေးအတွက် အ
ခြေခံကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဟုတ်ပါတယ်။ လူတွေက အမေရိကန်စီးပွားရေး လုပ်ငန်း တွေတော့ ၀င်လာပြီး ပြည်တွင်း
စီးပွားရေးလုပ်ငန်းတွေကို အကူ အညီမဖြစ်ဘူးလို့ မြင်ကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီကလုပ်ငန်းရှင်တွေက ပြည်ပကိုတင်
ပို့မှုမလုပ်နိုင်လို့ပါပဲ။ ကျွန်တော် တို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်သုံးသပ်ခြင်း ဖြစ်စဉ်က လည်း အဆုံးမသတ်သေးပါဘူး။
ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့တွဲ ပြီး ဆက်လက်စဉ်းစားသုံးသပ် သွားမှာပါ။ ဒါကြောင့် ကျွန်တော် တို့ဟာ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ အခွင့်
အလမ်းတွေ ဆက်တိုက်ဖြစ်ပေါ် ရေးကို တားဆီးဖို့ ဘာမှလုပ်မနေ ပါဘူး။ ဒီတိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့  နှစ်နိုင်ငံကြား ယုံကြည်မှုတွေကို
မေးခွန်းထုတ်နေစရာမလိုပါဘူး။ နှစ်နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုတန်ဖိုးထားတဲ့အမြင်ရှိဖို့ပဲလိုပါ တယ်။ ဒါဆိုရင် နှစ်ဖက်စလုံးဟာ
အောင်မြင်မယ့် အခြေအနေဖြစ် လာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြားခဲ့ရတဲ့ သတင်းတွေနဲ့အတူ တိုးတက်မှုနဲ့
ပြုပြင်ပြောင်းလဲမှုတွေ ကျွန်တော် တို့ ဆက်လက်မြင်တွေ့နေရတာနဲ့အမျှ ကျွန်တော်တို့လည်း ပို့ကုန် တင်သွင်းမှုပိတ်ဆို့ထားခြင်းကို
သေချာပြန်လည်သုံးသပ်သွားမှာပါ။ ဒီဖြစ်စဉ်က အဆုံးသတ်မသွားသေးပါဘူး။ ပြီးတော့လည်း ကျွန်တော်တို့ဟာ ပြည်သူတွေမှာ ရှိနေတဲ့
စိုးရိမ်မှုတွေကို သိနား လည်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ကလည်း သူ့အကျိုးစီးပွားပဲကြည့်တာပါလို့ အခုလက်ရှိ လူမှုကွန်ရက်တွေမှာ ၀ါဒဖြန့်နေတာမျိုး
တွေလည်းရှိတော့ အဲဒီအပေါ်မှာ မစ္စတာမစ်ချယ်ရဲ့ စိုးရိမ်မှုကိုလည်း သိချင်ပါတယ်။
    လက်ရှိအခြေအနေက ဖြစ် စဉ်ရဲ့ အစောပိုင်းအဆင့်မှာပဲရှိ နေပါသေးတယ်။ ကျွန်တော်သံ အမတ်အဖြစ် လုပ်ဆောင်နေစဉ်
ကာလအတွင်း ကျွန်တော်ဟာ ၀ါ ရှင်တန်ဒီစီရဲ့ ခေါင်းဆောင်မှုအပိုင်းကို ကိုယ်စားပြုတယ်ဆိုတာ ကျွန်တော်ကတိပေးပါတယ်။ ပြီး တော့
ကျွန်တော်ဟာ အလုပ်အ ကိုင် အခွင့်အလမ်းတွေရှိဖို့နဲ့ ပွင့် လင်းမြင်သာမှုရှိမှုရဲ့ တန်ဖိုးကို စိတ်ဝင်စားပါတယ်။ နှစ်နိုင်ငံလုံး အတွက်
အကျိုးအမြတ်ဖြစ်မယ့် ပုံစံမျိုးကိုပဲ ကျွန်တော်တို့ ပုံသွင်း သွားမှာပါ။ အဲဒီတော့ နှစ်နိုင်ငံ ဆက်ဆံရေး တည်ဆောက်မှုဟာ အမေရိကန်
ပြည်သူတွေအတွက် သာမဟုတ်ဘူး။ ဒီနိုင်ငံအတွင်းက ပြည်သူတွေအတွက်ဖြစ်တယ်လို့ ကျွန်တော်ရှုမြင်ပါတယ်။ ကျွန်တော်တို့ဟာ
ဒေသဆိုင်ရာအနေ အထားကို လေးစားလိုက်နာမှုမရှိဘူးလို့ လူတွေကစိုးရိမ်လာပြီဆို ရင်တော့ ဒါကို ကျွန်တော်တို့ သိဖို့လိုလာပြီ။  ဒါကြောင့်
အခြေခံအားဖြင့် ကျွန်တော်တောင်းဆို တာ သာတူညီမျှဖြစ်ဖို့ပါပဲ။

တကယ်လို့သာ အစိုးရရဲ့ လက်ရှိပြောင်းလဲမှု ဖြစ်စဉ်တွေဟာ နောက်ပြန်သွားခဲ့မယ်ဆိုရင် အ မေရိကန်ရဲ့ လက်ရှိ အရေးယူပိတ်
ဆို့မှုလျှော့ချရေးမူဝါဒကို ဘယ်လိုတုံ့ပြန်မှာပါလဲ။
    အစိုးရနဲ့ ပတ်သက်လို့ ခင်ဗျားတို့ အမြဲတမ်းစိုးရိမ်နေတဲ့ အရာတစ်ခုကိုတော့ ဖြစ်နိုင်ခြေ မှန်းဆပြီး ဘယ်တော့မှ အဖြေ
မပေးနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန်အစိုးရရဲ့ ပေါ်လစီဟာ ဘယ်လိုတုံ့ပြန်မှုရှိ မလဲဆိုတာက ခင်ဗျား မခန့်မှန်း နိုင်တဲ့
အကြောင်းအရာတွေ အများကြီးရှိနေလို့ပါပဲ။ မေးမယ်ဆို ရင်လည်း ကျွန်တော်ဖြေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပေါ်လစီဟာ
လက်ရှိဖြစ်ပေါ်နေတဲ့ သမ္မတကြီး အစိုးရနဲ့ လွှတ်တော်၊ ပြီးတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကနေ မြင်ရတဲ့ သိသာတဲ့ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကာလကို အ ခြေခံပါတယ်။ ဒါပေမဲ့ ကျွန်တော်  ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မူဝါဒတွေကိုဘယ်လိုလုပ်မယ် မလုပ် ဘူးဆိုတာ အဲဒီအငြင်းအခုံတွေ ပေါ်မှာ အခြေမခံဘူးဆိုတာပါပဲ။

မကြာခင်သွားမယ့်ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်ပြီး   မေးချင်ပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတအိုဘားမားတို့ သီးသန့်တွေ့ဆုံဖို့ရှိပါသလား။
    သေချာတာကက ကျွန်တော်လည်း သမ္မတရဲ့ အချိန်ဇယားတွေကို စီမံတာမဟုတ်တော့ မပြောတတ်ဘူး။ ပြီးတော့ သမ္မတက
ကျွန်တော့်ကို ဒီကိစ္စလည်း ပြောမလာသေးပါဘူး(ရယ်လျက်)။ ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်။ သူဒီကိစ္စကို အလေးထားလိမ့်မယ်လို့။
ကမ္ဘာပေါ်က အခြားသူတွေလိုပဲ သမ္မတကလည်း ဒေါ်စုကို သူ့ရဲ့သူရဲကောင်းအဖြစ် သတ်မှတ်ထားတာပါ။ ဆိုတော့ ကျွန်တော်မျှော်လင့်ပါတယ်။ဒေါ်အောင် ဆန်းစုကြည် အမေရိကန်ရောက်တဲ့အခါ သမ္မတက သူ့ရဲ့အချိန်ဇယားကို သေချာစေ့စေ့စပ်စပ် စီစဉ်ပါလိမ့်မယ်။

မစ္စတာမစ်ချယ်လည်း တွေ့မှာပါ။ လတ်တလော အလုပ်သမား၊ လယ်သမားတွေ သူတို့အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေကို။
အဲဒီတော့ မစ္စတာမစ်ချယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိလူ့ အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါသလဲ။
    ယေဘုယျအားဖြင့်ပဲ ပြောပါရစေ။ ဒါဟာဒီမိုကရေစီအတွက် အရေးပါပြီး မရှိမဖြစ်ကိစ္စပါ။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ စု
 စည်းနိုင်ဖို့၊ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေ မြှင့်တင်နိုင်ဖို့၊ လူတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်ဖို့၊ အစိုးရအရာရှိတွေ တုံ့ပြန် ဆောင်ရွက်နိုင်ဖို့
အသံတစ်ခု လည်းဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းတွေရှိတာ ကျွန်တော်အရမ်း အားပေးပါတယ်။ အမေရိကန်မှာ ဆို အရပ်ဘက်လူ့အဖွဲ့အစည်း
တွေက အစိုးရထဲက ပုဂ္ဂိုလ်တွေ အပေါ် တင်းတင်းကျပ်ကျပ် ထိန်းကွပ်ထားပါတယ်။ သူတို့က မေးခွန်းတွေ ထုတ်တယ်။ ဝေဖန်ရေးလုပ်တယ်။
ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အရလုပ်တာ။ ဒါကို မြန်မာအစိုးရထဲက လူတွေ နားလည်ထားဖို့ လိုအပ် တယ်။ အသံတွေကို လက်ခံဖို့လို အပ်တယ်။ သင့်လျော်သလို ကိုင်တွယ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အ ဖွဲ့အစည်းတွေအတွက် မှတ်ပုံ တင်ရတဲ့ဖြစ်စဉ်ဟာ သိပ်ပြီးမြန်ဆန်မှုမရှိတာက ကျွန်တော့်အတွက် စိုးရိမ်စရာပါပဲ။ ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ အကန့်အသတ်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာအစိုးရအတွက် ကိုင်တွယ် ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။ အစိုးရ က ဒီမိုကရေစီကို အလေးအနက် ထားရင်ပေါ့။

ငြိမ်းချမ်းရေးကိစ္စလေးမေးချင်ပါတယ်။ လက်ရှိ အစိုးရကဆောင် ရွက်နေတဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ သမ္မတဦးသိန်းစိန်နဲ့
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မစ္စတာမစ်ချယ် ဘယ်လိုနားလည်ပါသလဲ။
    သမ္မတဦးသိန်းစိန်နဲ့ပတ် သက်ပြီးပြောရရင် သူဟာ လူနည်းစုအရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့စည်းပုံမှာ
သူကထိပ်ဆုံးကရှိနေပြီး တခြား သူတွေက သူ့အောက်မှာ ရှိနေတဲ့ ဗဟိုထိန်းချုပ်မှုပုံစံပါ။  အစိုးရထဲ က စစ်တပ်နဲ့ အခြားသူတွေအပါ အ၀င်
ထိပ်ပိုင်းက ဦးဆောင်တဲ့ ဒီဖွဲ့စည်းပုံဟာ အလွန်အားတက် စရာကောင်းပြီး စုစည်းမှုရှိတဲ့ ကြိုးပမ်းမှုဖြစ်ပါတယ်။ အရပ်ဘက်လူ့ အဖွဲ့အစည်းနဲ့ နိုင်ငံတကာအ သိုင်းအ၀ိုင်းကလည်း ၀င်ကူညီနိုင်မယ့် အလားအလာတွေ ရှိနိုင်ပါ တယ်။ ကျွန်တော်တို့ဟာ အ ထောက်အကူပေးသူတွေဖြစ်ပါ တယ်။ ဒီခရီးဟာရောက်ဖို့တော့ အတော်ဝေးပါသေးတယ်။ နက်နဲ မှုတွေရှိပါတယ်။ ကျွန်တော့်ထက် ခင်ဗျားတို့ ပိုသိမှာပါ။ ဒါကြောင့် ဒါဟာတစ်ဆင့်ချင်းသွားနေတဲ့ ဖြစ်စဉ် ဖြစ်ပြီးတော့ တိုးတက်မှုကို ကျွန်တော်တို့   မြင်နေရတယ်။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး ဝေဖန်မှုလုပ်ဖို့တော့အနေအထားမရှိ ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကရော။
    ဘာကတော့ ဖြစ်သင့်တယ်။ ဘာကတော့ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောဖို့ကတော့ ကျွန်တော့် ကိစ္စမဟုတ်ပါဘူး။ သူမက အခု
 လွှတ်တော်ထဲရောက်နေပြီ။ လူနည်းစု တိုင်းရင်းသားရေးရာမှာ သူမရဲ့ အခန်းကဏ္ဍက ဘာဖြစ်သင့်တယ်ဆိုတာကို လူနည်းစု
 တိုင်းရင်းသားတွေကပဲ ပြောနိုင်ပါလိမ့်မယ်။ မနေ့က အာဇာနည်နေ့မှာ သူမရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို သတိရခဲ့ရပြီး သူ
ကိုယ်စားပြုတဲ့ အမျိုးသားစည်း လုံးညီညွတ်ရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်။ သူမကလည်း ယခုလိုပဲ
အမျိုးသားရင်ကြားစေ့ရေးမှာ နှစ်ပေါင်းများစွာကိုယ်စားပြု ရပ်တည်လာခဲ့ပါတယ်။ အနာဂတ်မှာ သူမဘယ်လို ပါဝင်ဆောင်ရွက်သွားမလဲဆိုတာကျွန်တော် တို့ ဆက်လက်ကြည့်ရှုသွားပါမယ်။ ဒါပေမဲ့ အနာဂတ်မှာ ဆုံး ဖြတ်ရမှာကတော့ ပြည်သူတွေပါပဲ။

ဒီ ငြိမ်းချမ်းရေးကိစ္စမှာ အမေရိကန်အစိုးရရဲ့ အနေအထားကရော ဘယ်လိုရှိပါသလဲ။
    ကျွန်တော်တို့ဆက်ပြီး ကူညီ သွားဖို့ ဆနရှိပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ တရားဝင်ပါဝင် သွားမှာတော့ မဟုတ်ပါဘူး။ ဒါ ဟာ
အထိအခိုက်မခံတဲ့  ပြည် တွင်းရေးကိစ္စတစ်ခုဖြစ်တာ အထင်အရှားပါပဲ။ ဒါပေမဲ့လဲ ဒေသတွင်း နယ်စပ်တွေတစ်လျှောက်
 တည်ငြိမ်ရေးကိစ္စလည်း ဖြစ်နေပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကူညီရေးကိုတော့ ကျွန်တော်တို့
စိတ်ဝင်စားပါ တယ်။ နိုင်ငံတွင်းက ဒုက္ခသည် စခန်းတွေနဲ့၊ နေရပ်စွန့်ခွာထွက် ပြေးရသူတွေရဲ့ စခန်းတွေ နှစ် ဖက်စလုံးမှာပါ လူတွေဒုက္ခခံစား
 နေရပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ပူပန်မှုပါ။ ဒါကြောင့် အကူအညီအထောက်ပံ့တွေပေးချင်ရတဲ့အကြောင်း ပြောဆိုနေရတာပါ။
 ဒီကိစ္စမှာ ပုံစံ အမျိုးမျိုးနဲ့ ထောက်ပံ့ပေးသူအဖြစ် ရပ်တည်ပေးတာပါ။

မကြာသေးခင်က ဖြစ်ပွားတဲ့ရခိုင်ဒေသက ပြဿနာတွေအပေါ်မှာ အမေရိကန်အစိုးရရဲ့ ရပ်တည်မှုက ဘယ်လိုရှိပါသလဲ။
    ဒီမှာဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စ တွေအတွက်လည်း ကျွန်တော်တို့ သိပ်စိုးရိမ်မိပါတယ်။ နယ်စပ်တစ်
 လျှောက် တည်ငြိမ်မှုယိုယွင်းပြီး စိုးရိမ်စရာဖြစ်ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာလို့ ကျွန်တော်တို့ခေါ်တဲ့ ရခိုင်မွတ် ဆလင်တွေရဲ့
အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အားလုံးဟာ ကြီးကြီးမားမား ပူပန်စရာတွေပါ။ ဘယ်လိုသာတူညီမျှမှုပုံစံမျိုးမှာမှ
ဆိုးရွားစွာဆက် ဆံခံရမှုမျိုး မရှိပါဘူး။ လက်ထပ်ထိမ်းမြားခွင့်မရှိဘူး၊ ခရီးသွားလာ ခွင့်မရှိဘူး၊ ကလေးယူခွင့်တွေ မရှိဘူးဆိုရင် အဲဒီလူတွေမှာ
နိုင်ငံမရှိတော့ဘူးလို့ ကျွန်တော်ထင်ပါ တယ်။ နိုင်ငံမဲ့ခြင်းကိစ္စဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး အမေရိကန်ပြည်
ထောင်စုကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေအရ ကာလကြာရှည် ပြောနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ
ဘယ်ဘက်ကမှ ရပ်တည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုမြင်သမျှအရာအားလုံးက အခြေခံကျတဲ့ လူ့အခွင့်အရေး ဆိုင်ရာ
ချိုးဖောက်မှုသာတူညီမျှ မှုဆိုင်ရာကိစ္စနဲ့ကြည့်တာဖြစ်ပါ တယ်။ ဒါဟာ တကယ့်ကို စိတ်ပူစရာဖြစ်ပါတယ်။

မစ္စတာမစ်ချယ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဆိုင်ရာ အမေရိ ကန်သံအမတ်ကြီးအနေနဲ့ စာဖတ်ပရိသတ်ကို ဘာသတင်းစကားများ
 ပေးချင်ပါသေးလဲ။
    နိုင်ငံအနှံ့သွားပြီး လူတွေကို တွေ့နိုင်သမျှတွေ့ဖို့ တကယ်ကို မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ဒီမှာ ပြောဆိုပို့ချဖို့ ရောက်နေ တာ
မဟုတ်ပါဘူး။ သင်ယူဖို့နဲ့ အပြန်အလှန် နားလည်မှုရရှိစေဖို့ ရောက်နေတာပါ။ ကျွန်တော်လေ့ လာရသမျှတွေကို ကျွန်တော့်လူ မျိုးတွေဆီ
 ပြန်လည်တင်ပြရင်း လူမျိုးနှစ်မျိုးကြားက ဆက်ဆံရေးပို မိုကောင်းမွန်လာအောင် တည် ဆောက်နိုင်မှာပါ။ သမ္မတမစ္စတာ အိုဘားမားရယ်၊
 သမ္မတဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ရယ်၊ ကျွန်တော်တို့အားလုံးရယ် ဒီ ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်း နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့် ပါတယ်။ ရှေ့လျှောက်တတ်နိုင်သမျှ ခင်ဗျားတို့ရဲ့စာဖတ်ပရိသတ်နဲ့ အားလုံးကို ထိတွေ့ဆက်ဆံသွားဖို့ ကျွန်တော်စိတ်ပိုင်းဖြတ်ထားပါတယ်။

No comments:

Post a Comment