Monday, July 9, 2012

ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သတင်း

စစ်တက္ကသိုလ်  အမှတ်စဉ် (၁) ဆင်း  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူကြီး (ငြိမ်း) မောင်အေး သည်   ကျန်းမာရေး ချို့ယွင်းသဖြင့် ဆေးကုသ ခံယူလျှက် ရှိကြောင်း သိရသည်။ တပ်မတော် အတွင်း ဒုချုပ်ဟု ကျော်ကြားလှသော ဒုတိယ ဗိုလ်ချုပ်မှူကြီး (ငြိမ်း) မောင်အေး သည် စစ်သား ပီသသော ၊  ပြတ်သား တိကျသော စစိသားတစ်ယောက် အဖြစ်  တပ်မတော်သား များ အတွင်း နံမည် ကြီးပါသည်။ DSA အမှတ်စဉ် (၁)  ကျောင်းဆင်းများ ထဲတွင်  အမေရိကန် တွင် ပညာ သင်ကြားခဲ့ကြသော ဦးသောင်း (  သိပ္ပံနှင့် နည်းပညာ ၀န်ကြီး (ငြိမ်း)) နှင့် ပြင်ဦးလွင် ရှိ နံမည် ကျော်ကြားလှသည့် စိုးစံ ဘောဒါ ပိုင်ရှင် ဗိုလ်မှုဟောင်း မောင်လတ် တို့ သည်လည်း  နံမည် ကောင်းဖြင့် ထင်ရှားကြသည်။ DSA ဗိုလ်လောင်းဘ၀ က မြစ်ကူး စစ်ဆင်ရေး လေ့ကျင့်ရင်း  ကြွက်တက်သောကြောင့် ရေနစ်သေဆုံးနီးကာနီးတွင်  မိမိ အသက်ကို  ဗိုလ်လောင်း မောင်အေးက ကယ်တင်ဖူးကြောင်း စိုးစံ ဘောဒါ ပိုင်ရှင် ဗိုလ်မှုဟောင်း မောင်လတ် က   ၄င်းရေးသားထဲသော ကိုယ်ရေး အထ္ထုပတ္တိ စာအုပ်တွင် ရေးသား ဖူးသည်။

No comments:

Post a Comment