Friday, July 13, 2012

အစိုးရတပ်သား သုံ့ပန်း (၃၄) ဦးကို ၈၈ ကျောင်းသားများ လာရောက်စဉ် တွေ့ဆုံခွင့် ပေးခဲ့ခြင်း

လွန်ခဲ့တဲ့ ၃ ရက်က ၈၈ ကျောင်းသား ခေါင်းဆောင်တွေ  KIA အဖွဲ့နဲ့ သွားရောက်တွေ့စုံစဉ်   အဖမ်းဆီး ခံထားရသောတပ်မတော်သားများနှင့် တွေ့ဆုံ ပေးခဲ့ကြောင်း   မဇ္ဈိမ  သတင်းဌာနအစိုးရတပ် ထိုးစစ်ဆင်မှု ရပ်သင့်ဟု ကိုမြအေး ပြော သတင်းအရ သိရပါသည်။ အစ္စရေးတပ်မတော်ကတော့ ရန်သူက ဖမ်းမိထားတဲ့ သူ့စစ်သား တစ်ယောက် ကို   သူတို့ဖမ်းမိထားတဲ့ ရန်သူ့ အကျဉ်းသား  အမြောက်အမြားနဲ့   အပြန်အလှန် အလှဲအလှယ် ပြုလုပ်တဲ့  တပ်မတော် ဖြစ်ပါတယ်။ အစ္စရေးအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် ရေဂဗ် (Mark Regev) က အောက်ပါအတိုင်း ပြောဖူးပါတယ်-- “အစ္စရေး လူငယ်အမျိုးသားတွေရော၊ အမျိုးသမီးတွေအားလုံးဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းကြရပါတယ်။ အဲဒီလူတွေအတွက် သူတို့ရဲ့ မိသားစုတွေအတွက် ကျနော်တို့မှာ လုပ်နိုင်သမျှ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ရန်သူရဲ့ နယ်ထဲမှာ ကျန်ခဲ့မယ့် ဓါးစာခံအဖြစ် ထိန်းသိမ်းခံ ထားရမယ်ဆိုရင် အဲဒီလူကို ပြန်ကယ်နိုင်ဖို့အတွက် ကျနော်တို့ လုပ်သွားမှာပါ။
အကျဉ်းသားလဲလှယ်ရေး အစ္စရေး ပါလက်စတိုင်း ပြင်ဆင်  (Click Here)

 အစ္စရေး ပါလက်စတိုင်း အကျဉ်းသား လဲလှယ်မှု နိုင်ငံတကာက ကြိုဆို   ( Click Here)

အမေရိကန်- ဗီယက်နမ် စစ်ပွဲ အတွင်းက  အမေရိကန် တပ်မတော် ကလဲ  ရန်သူ့ဖမ်းဆီးထားတဲ့ မိမိတို့ တပ်ဖွဲ့ဝင်တစ်ယောက် ပြန်လွှတ်လာရင် အခမ်းအနားတွေ နဲ့ ကြိုဆိုကြကြောင်း သတင်းတွေထဲမှာ ဖတ်ဖူးပါတယ်။ 


No comments:

Post a Comment