Wednesday, July 25, 2012

စစ်တပ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်

လစ်လပ်နေတဲ့ ဒုသမ္မတ နေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင် သွင်းဖို့ ကြံ့ကြာနေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်နေပြီလို့ လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်လိုက်ပါတယ်။ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦး ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရာထူးကနေ နှုတ်ထွက် ကြောင်း အကြောင်းကြားစာကို သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၃ ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကက နောက် (၇) ရက် အကြာ ဇူလိုင်လ ၁၀ ရက်နောက်ဆုံးထားပြီး အမည်စာရင်တင်သွင်းဖို့ ပန့်ကြားခဲ့တာပါ။ အခု ဇူလိုင်လကုန်ပိုင်း ရောက်တဲ့အထိ ဒုသမ္မတလောင်း အမည်စာရင်းကို အတည်ပြုလို့ မရသေးဘူးလို့ သိရပါတယ်။

No comments:

Post a Comment