Tuesday, July 31, 2012

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်


''ပြည်ထောင်စုဝန်ကြီး ဖြေကြားသွားတာမှာ ဆွေးနွေးတင်ပြသွားတဲ့ အဆိုနဲ့ ကွဲလွဲနေတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ တက္ကသိုလ်များ ဆက်သွယ်မှုကို ပြောတာ မဟုတ်ပါ။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်များနဲ့ ဆက်သွယ်ဆောင်ရွက်နေနေ လွတ်လပ်တဲ့ တက္ကသိုလ်တွေ ပေါ် ပေါက်လာ ဖို့အတွက် ကျွန်မအပါအဝင် ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင်ကို တို့ ဆွေးနွေး တာက လွတ်လပ်တဲ့ တက္ကသိုလ် တွေပေါ်ပေါက်လာဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်'' ဟု

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီး၏ ဆွေးနွေးချက်ကို ပြန်လည်ဆွေးနွေးခဲ့သည်။



   NLD ၊NDF အမတ်တွေ တင်သွင်တဲး အဆိုတွေ ဟာ   မီဒီယာ အားကောင်းမှု့ကြောင့်ရော၊ ပြည်သူတွေရဲ့ ပကတိ လိုအ်ပချက်တွေနဲ့ ကိုက်ညီတာတွေရယ်ကြောင့် လူစိတ်ဝင်စားမှု့များပါတယ်။ ခုလဲ လူငယ် ကျောင်းသူ ကျောင်းသားတွေ ကျောင်းသား မိဘတွေ စိတ်ဝင်စားမဲ့ အဆိုကို ဒေါ်အောင်ဆန်းစုကြည် က စပြောလာပါပြီ။ နောင်လာ နောက်သား ကျောင်းသား ကျောင်းသူတွေကတော့ အရင်လို ကျောင်းသားဆောင် အစုအဝေးနဲ့   သိက္ခာရှိရှိ ပျော်ပျော်ပါးပါး  ကျောင်းသားဘ၀ ပြန်နေရတော့မယ်ထင်ပါတယ်။ ခုတော့ နယ်က လာတက်တဲ့ ကျောင်းသာ၊ ကျောင်းသူတွေက ရပ်ကွက်ထဲက အိမ်တွေမှာ စုပြီးဌားနေတာပါ။ ပိုက်ဆံ မတတ်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုရင် အိမ့်ကျဉ်းကျဉ်းလေးမှာ စုပြုံနေရပါတယ်၊ ရပ်ကွက်ထဲမှာ နေရတော့ ကျောင်းသားဆောင်နေရသလို ( Campus Life)  အဆင်မပြေပါဘူး

No comments:

Post a Comment