Wednesday, July 18, 2012

Hmuu zaw facebook မှ

Hmuu Zaw shared a link.
အမျိုးသားလုံခြုံရေး National Security ဟူသည်မှာ နိုင်ငံသားတိုင်းနှင့်သက် ဆိုင်သည်။ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး စသည့် လူကြားကောင်းစေမည့် လူပြိန်းကြိုက်(နိုင်ငံတကာအကြိုက်) အမည်ခံ အခွင့် အရေးများနှင့် အမျိုးသားရေးကို လဲလှယ်ရန် မသင့်ဟု မြင်ပါသည်။ တိုင်းပြည် နှင့် လူမျိုးကို ချစ်ခင်မြတ်နိုးသော နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် တာဝန် ရှိနေပါသည်။ မည်သူ၏ ဦးဆောင်မှုကိုမျှ စောင့်ဆိုင်းနေရန် မလိုပါ။ 

မည်သူက ထုတ်ဖော်ပြောကြား ခြင်း မရှိသေး၍ ဟူသော အမျှော် အခေါ်များသည် တစ်ချိန်ချိန်တွင် ပေးဆပ်ရမည့် တန်ဘိုး ကြီးမားနေသောအချိန်ရောက်မှ နောင်တ ရကြပါလိမ့်မည်။ (မိမိတို့ မျှော်လင့်နေကြသူများ မည်သည့်အတွက်ကြောင့် ပြတ်ပြတ်သားသား မပြောရဲသည်ကို သတိပြုဆင်ခြင်ရမည့်အစား ပြောလာနိုးနှင့် စောင့်စားနေခြင်းသည် အမြော်အမြင် ကင်းမဲ့ရာ ရောက်နေပေသည်။)
ယင်းအချိန် ရောက်လျှင် အသက်ကယ်ဆေး ထိုးရန်ပင် အလျဉ်မမီတော့သည့်အနေအထား ဖြစ်သွားပေလိမ့်မည်။ အမျိုးသားရေးနှင့် ယှဉ်သော နောင်တ တရားဟူသည် မရှိသင့် ဟုသာ ယူဆပါသည်။

မွတ်စလင်များ အသတ်ခံရမှု အရေးယူရန် အီရန် တောင်းဆို

အီရန်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တရားရေးဌာနက မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင် လူနည်းစုကို သတ်ဖြတ်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းရေး အရေးယူဆောင်ရွက်ရန် မြန်မာ အာဏာပိုင်များကို တောင်းဆိုလိုက်သည်။ ယင်း လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် လွန်စွာ ၀မ်းနည်းမှု ဖြစ်ရကြောင်း၊ မွတ်စလင် နိုင်ငံများအနေနှင့်လည်း စိုးရိမ် ပူပန်မှု ဖြစ်နေကြောင်း အီရန်နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Ahlul Bayt News Agency သတင်းကဆိုသည်။

No comments:

Post a Comment