Saturday, August 25, 2012

Asia World မှ တာဝန်ရှိသူတစ်ဦးက လူထုအားတောင်းပန်

နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြနေ သည့် နေရာသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုပြုံးချိုနှင့် ကိုမြအေးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာရောက် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

Asia World မှ တာဝန်ရှိသူတစ်ဦးက ဆန္ဒပြသူများကို တောင်းပန်ကြောင်းပြန်လည် ပြောကြားခဲ့ပြီး ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် မြောင်းကြီး၏ ရေထွက်ပေါက်အား Aisa World ကုမ္ပဏီမှ ကွန်ကရစ် မြောင်းဖုံးများဖြင့် ပိတ်ထားမှုကို ယခု ညပိုင်းတွင် ပြန်လည် ဖယ်ရှားသွားမည်ဖြစ်ပြီး မူလအတိုင်း ပြန်လည် ထားရှိပေးမည်ဟု သိရပါသည်။

ယင်းနောက် ဆန္ဒပြသူများအား မိမိတို့ လိုလားချက်များ ရရှိပြီ ဖြစ်သဖြင့် စည်းကမ်းရှိစွာ ပြန်လည်ထွက်ခွာကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းများက မေတ္တာရပ်ခံခဲ့ပြီး ဆန္ဒပြသူများကလည်း ည ၁၀နာရီ ၁၀ မိနစ်ခန့်မှ စ၍ လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

No comments:

Post a Comment