Wednesday, August 8, 2012

Black Hack, White Hack များအစိုးရနှင့် ပူးပေါင်း၍ မြန်မာ့ Cyber လုံခြုံရေး တာဝန်ယူပေးရန်

 From - တစ္ဆေနယ်ပယ် ၀ဘ်ဆိုဒ်
ယမန်နေ့က ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာအား အီဂျစ်၊ အာရပ်နှင့် အခြား မွတ်ဆလင် ဟက်ကာများ ပူးပေါင်း၍ တိုက်ခိုက် ခဲ့ကြသည်ဟု နေပြည်တော် သတင်း တစ်ရပ်တွင် ဖော်ပြ ထားပါသည်။Egyptians Hacker Group နှင့် Arabian Black Hat Team Hacker အပါအ၀င် မွတ်ဆလင် Hacker Group များ ပူးပေါင်း၍ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဆက်လက်၍လည်း Cyber Attack ပြုလုပ်လျှက် ရှိနေကြောင်း အဆိုပါ သတင်း၌ ဖော်ပြ ပါရှိ ပါသည်။Arabian Black Hat Team Hacker အဖွဲ့သည် ရုရှား၊ ဆီးရီးယား၊ အီဂျစ်နှင့် အခြား အာရပ် နိုင်ငံများမှ မွတ်ဆလင် Hacker များ ပူးပေါင်း ဖွဲ့စည်း
ထာသည့် အဖွဲ့လည်း ဖြစ်သည်။ ထို့အပြင် Egyptians Hacker Group အပါအဝင် ဖော်ပြပါ အဖွဲ့ များသည် အမေရိကန်၊ အစ္စရေးနှင့် အနောက် နိုင်ငံ များအား မကြာခဏ ထိုးဖောက် တိုက်ခိုက်လျှက် ရှိသည့် အဖွဲ့ များ ဖြစ်သည်ဟုလည်း ဖော်ပြ ထားပါသည်။
မြန်မာနိုင်ငံ အမျိုးသား Cyber လုံခြုံရေး ကော်မတီ မှလည်း -
(၁) Internet Service Provider (ISP) များအလိုက် တာဝန်ကျသူ များ မှ Data စီးဆင်းမှုများကို (24)နာရီ စောင့်ကြပ် သွားရန်၊ တိုက်ခိုက် ခံရ ပါက ပြန်လည် ပြုပြင်ရန် ပညာရှင်များ အသင့် ပြင်ဆင်ထားရန်။
(၂) ၀န်ကြီး ဌာနနှင့် အစိုးရနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ အင်တာနက်ပေါ် လွှင့်တင် ထားသော Website များကို အချိန်ပြည့် စောင့်ကြည့်ရန်။
(၃) Website များ၏ အားနည်းချက် များနှင့် မလိုအပ်သော Port များ ရှာ နိုင်ရန် Scanner အသုံးပြု စောင့်ကြည့်ရန်။
(၄) မိမိမသိသော သူများ Email နှင့် Attack ဖိုင်များအား ဖွင့်ဖတ်ခြင်း မပြုကြရန်။
(၅) ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနမှ အဖွဲ့ ဖွဲ့စည်းပြီး ၀န်ကြီးဌာန website များအား အချိန်ပြည့် စောင့်ကြည့် နိုင်ရေး ဆောင်ရွက်ရန်။
(၆) Data လုံခြုံရေးနှင့် ပတ်သတ်၍ ထုတ်ပြန်ထားသော စည်းကမ်းများကို တိကျစွာ လိုက်နာ သွားရန်နှင့် ၄င်းအပြင် ပြည်ပရောက် မြန်မာ ကွန်ပျူတာ ပညာရှင်များ၊ မြန်မာ Hacker Group များ အနေဖြင့်လဲ မြန်မာနိုင်ငံ အမျိုးသား Cyber လုံခြုံရေး ကော်မတီနှင့် အလွတ်သဘောဖြစ်စေ တရားဝင်ဖြစ်စေ ပူးပေါင်း ကာကွယ် ဆောင်ရွက် သွားကြရန် အထူး လိုအပ် ပါကြောင်းလည်း ထုတ်ပြန် ကြေငြာ ထားပါသည်။
ပြန်ကြားရေး ဝန်ကြီးဌာန၏ ဆိုဒ်မှာ အတိုက်အခိုက် ခံရပြီးနောက် နာရီပိုင်း အတန်ကြာခန့် ဝင်ရောက် ကြည့်ရှူ့၍ မရပဲ ရှိခဲ့သည်။
Hacker_nnookkjjပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုဒ်အတိုက်အခိုက် ခံရပြီး ဆိုဒ်ပေါ်မှာ ဤကဲ့သို့ ရေးသားထားပါသည်။
 အဆိုပါ အဖွဲ့များ ပိုမို ပူးပေါင်း တိုက်ခိုက် လာပါက ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွား ခဲ့သော Cyber တိုက်ခိုက် မှုထက် ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်လာ နိုင်ကြောင်း မြန်မာ အစိုးရဘက်မှ သုံးသပ်ထားပါသည်။
အတိုက်အခိုက် ခံရပြီးနောက် မြန်မာ အစိုးရ Website များ ၊ Internet Service Provider (ISP) များ ထိခိုက်ခဲ့ပြီး မြန်မာ နိုင်ငံ အတွင်း အင်တာနက်လိုင်း နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းနှင့် မြန်မာနိုင်ငံ ကိုယ်စားပြု Website များ ဖြစ်သည့် Dos mm (.mm) ဖြင့် ဆုံးသော Website များအားလုံးကို တစ်ကမ္ဘာလုံးမှ ကြည့်မရတော့ခြင်း၊ အင်တာနက်နှင့် ဆက်စပ် လုပ်ငန်းများ နှောင့်နှေး ရပ်တန့် ခြင်းများ ဖြစ်ပေါ် ခဲ့ပါသည်။

1 comment:

  1. သူတို့ က july 1 ထဲက https://www.facebook.com/OpMYANMAR ဆို

    page စထောင်တယ်။ အဲဒိက event http://www.facebook.com/events/242844015837240/ ဖန်တီပြီး တကမ္ဘာလုံးက မူဆလင် ဟက်ကာတွေ စု တိုက်တယ်။
    သူတို့ရဲ့ head Quarter https://www.facebook.com/OpMYANMAR ကို မြန်မာဟက်ကာတွေက ၁၅-၈-၂၀၁၂ က သိမ်းလိုက်ပါပြီ ။ သူတို့ OP ဒိုင်ပွဲရပ်နဲ့ မရှုမလှ ဂန့်သွားပါပြီ။ သူတို့က အင်ဒိုက ဟက်ကာ ၅ သောင်း ၊ ပါကစတန်က ၃ သောင်း စသည်ဖြင့်တော့ အော်လာတာပါပဲဗျာ။
    မြန်မာကတော့ ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းလေး ကိုယ်တော် ၂ ပါးက လက်ရည် စမ်းနေပြီး ကျန်စစ်သား၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့ က ၁၅ ရက်နေ မနက် ကျမှ ထွက်လာပြီး ငါးထွေရူးက ထန်းရည်သောက်ရင်း နောက်ကျ ကျန်ခဲ့တယ်။ ငါးထွေရူးလဲ ၀င်လာရော OP နောက်လိုက်တွေ event ပျောက်သွားပြီး ဘာလုပ်ရမှန်းမသိပဲ အရူးဖြစ် တန်းလန်းကျန်ခဲ့ပါတယ်။ ခုထိ မူဆလင်ဟက်ကာတွေ အူလည် ချာလယ် ဘာ လုပ်လို့ ဘာလုပ်၇မယ် မသိပဲ သူတို့ ပရိုဖိုင်းတွေ မှာ ငို ယို နေကြပါတယ်။ သူတို့ ဟက်ကာ ဂရုတွေ လည်း သိမ်းထားပါပြီ။
    ဒီ ဘလော့ဂါက ဒီသတင်း မရသေးဘူးလား။ ဒီသတင်းနောက် ဘလော့တခု ရေး တင်ပါဗျာ။ ကမ္ဘာ့ သမိုင်းမှာ အကြီးဆုံး ဟက်ကာ တပ်ကြီး ဖြုတ်ဆို ချုပ်သွား ရတာ မှ ဘလော့ လေးတခု နဲ့ ဂုဏ် မပြုနိုင်ဘူးလားဗျာ။ ဒါဆို နောက်တခါ ကျ ပွဲ တော်တော် ဆူမှ ပွဲ သိမ်း ရွှေ့ ကွက် ရွှေ့ မယ်နော။ ဒါဆိုလည်း ဟာဂျီ အောင်ဇော်မြင့်က နိုင်ငံရေး အမြတ်ထုတ်တယ်ပြောဦးမယ်။ ခုဆို သူငိုနေပြီ။ အစိုးရ အွန်လိုင်း လုံခြုံရေးမှာ မူဆလင် ကိုထားလို့ မူဆလင် ဟက်ကာရန်ကို ဘယ်တော့မှ မလုံ ဘူးဗျ။

    ReplyDelete