Tuesday, August 28, 2012

ပြည်ပရောက် မြန်မာများအား Black List များ ပယ်ဖျက်ပေးခြင်း


(ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာပါ ဖော်ပြချက်မှ)

နိုင်ငံတော်အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေး ထား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ယခင်က နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများအပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်မည်းစာရင်း(Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆာင်ရွက် ထားရှိခဲ့သော်လည်းယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

ယခင်သတ်မှတ်ထားသည့် အမည်မည်းစာရင်းဝင် စုစုပေါင်း(၆၁၆၅)ဦး ရှိသည့်အနက် ပြောင်းလဲ လာသည့်မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း (၂၀၈၂)ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်းနှင့်အမည်မည်းစာရင်းမှပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသား
များ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment