Thursday, August 16, 2012

မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုများကို ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရန် သမ္မတညွှန်ကြား

ပြည်သူများနှင့် ထိတွေ့ ဖြေရှင်း ရသည့် အထဲတွင် မြေနှင့် အိမ်ရာ စီမံခန့်ခွဲမှု များသည်ပြသနာရှုပ်ထွေး သည့် အတွက်ပြည်နယ်၊ တိုင်းအစိုးရများ အနေနှင့်ပြည်ထောင်စု အစိုးရ ၏  သဘောထား မှတ်ချက် မပါဘဲ တိုက်ရိုက်စီမံခန့်ခွဲမှု မပြုလုပ်ရန်နှင့်ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ရယူသွားရန်လိုအပ်ကြောင်းနိုင်ငံတော် သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် သြ ဂုတ်လ၁၅ရက်နံနက်ကပြုလု ပ်သော ဒုတိယအကြိမ် စီမံကိန်းေ က်ာမရှင် တတိယနေ့ အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နိုင်ငံတော်က ဖွဲ့စည်းေ ပးထားေ သာ မြေ ၊အဆောက်အအုံများမှ တစ်ပါး ကျန်ဝန်ကြီးဌာနအစီအစဉ်ရှိနေ သည့် မြေနှင့်အဆောက်အအုံများကို တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များက စီမံကိန်းကော်မရှင်သို့တင်ပြထား သည့်မြို့ ပြစီမံကိ န်းနှင့် အညီ ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့အစည်းအဝေး သို့တင်ပြ လွှဲပြောင်းသွား 
ရမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။
အောက်ခြေမြို့နယ် အချို့တွင် မြို့နယ်အုပ်ချုပ်ရေးအာ ဏာပိုင်အဖွဲ့ အစည်းများက သူ့နည်းသူ့ဟန်ဖြင့် ရင်းနှီးမြုပ်နှံမှုများ ကို နေရာ ချပေးခြင်း ဘာသာရေးအဆောက်အအုံတိုးချဲ့မှုများကိုမသိရှိခြင်း၊ အချို့ဓာတ်ဆီဆိုင်နေရာများကို ယင်းတို့သဘော အတိုင်း နေရာ ချထားခြင်းကြောင့် ပြည်သူများနှင့် ပြသနာဖြစ်ပွားခြင်း စသည့်ပြ သနာများကြုံတွေ့နေရကြောင်းလည်း သမ္မတကအစည်းအဝေးနိဂုံးချုပ် မိန့်ခွန်းတွင် ရည်ညွှန်းပြောဆိုသွားသည်။
ထို့အပြင် မြန်မာနိုင်ငံကို လာရောက်ရင်းမြုပ်နှံကြမည့်သူများအတွက် အခြားနိုင်ငံများကဲ့သို့ အဆင်ပြေချောမွေ့ခြင်းမရှိသည့်ကိစ္စမှာမြေနေရာ ရရှိရေးကြန့်ကြာနေသောကြောင့် ဖြစ်ကြောင်းလည်း သမ္မတ က ပြော ဆိုခဲ့သည်။
ထို့ကြောင့် နိုင်ငံတော် အနေနှင့် မြေယာခွဲဝေ အသုံးချမှု စိစစ်ရေးဆောင် ရွက်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု့ စီမံကိန်းများတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ အရေးကြီး သည့်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများ အမြန်ရေးဆွဲပြဌာန်းနိုင်ရန် လည်းစီ စဉ်နေကြောင်း သမ္မတကပြောကြားခဲ့သည်။

No comments:

Post a Comment