Tuesday, August 28, 2012

၂၈.၈.၂၀၁၂နေ့တွင်ကျရောက်သော ဗကသများအဖွဲ့ချုပ်ပြန်လည်ရှင်သန်ခြင်း(၅)နှစ်ပြည့် တွင် ဖတ်ကြားမည့် သုံးသပ်တင်ပြချက်

၂၀၀၇-၂၀၁၂ ဗကသများ၏ အဖွဲ့ချုပ်၏ အခြေအနေ အပြောင်းအလဲများအပေါ် ခြုံငုံသုံးသပ်ချက်

ရဲဘော် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်အောင် ဗကသများအဖွဲ့ချုပ်၏ ၅နှစ်တာကာလ အပြောင်းအလဲများ ကို ခြုံငုံသုံး သပ်တင်ပြလိုက်ရပါသည်။


(၁)တည်ဦးစ၊အလှုပ်အယမ်းနှင့် အရွှေ့အလျားလွန်ခဲ့တဲ့၅နှစ် ၂၀၀၇ သြဂတ်စ် ၂၈နေ့က ဗကသများအဖွဲ့ချုပ်ကို ကျောင်းသားလေးေ ယာက်လောက်နဲ့ လျှို့လျှို့ဝှက်ဝှက်ဖွဲ့ခဲ့ရတယ်။ အဲဒီနေ့ကိုရွေးချယ်ရ တာက ၁၉၈၈ တကသမြက်ခင်းပြင်ပေါ်မှာ အရေးပေါ်ညီလာခံခေါ်ပြီး ဗကသဖွဲ့ခဲ့တဲ့နေ့ကို ဂုဏ်ပြုတဲ့သဘောပါ။၂၀၀၇ အခြေအနေအရ လူနည်းနည်းပဲ အသိပေးပြီးစတင်ခဲ့တာ လုံခြုံရေးဦးစားပေးရလို့ပါ။နောက်တော့ သံဃာ့အရေးဖြစ်လု ဆဲဆဲမှာ ထိစပ်ထားသမျှ ကျောင်းသားတိုင်းကို စတင်အသိပေးခဲ့ပါတယ်။ဒါကြောင့် စက်တင်ဘာေ ရွှဝါရောင်တော်လှန်ရေးကို ခွပ်ဒေါင်းအလံလွှင့်ပြီး အားကောင်းမောင်းသန် ဖြတ်နိုင်ခဲ့တာပါ။ အဲဒီက တည်းက ကျွန်တော်တို့နဲ့ အမြင်ချင်းခြားနားတဲ့ ကျောင်းသားအချို့ကလည်း ဗကသထဲမှာပဲ ပူးပေါင်းပါ ၀င်ခဲ့ကြတယ်။ရုန်းကန်လှုပ်ရှားနေရချိန်၊အင်အားကြီးမားတဲ့ရန်သူကိုရင်ဆိုင်နေရချိန်မှာ ကျောချင်းကပ်ထားနိုင်ကြပေမယ့်
အခုလို ရန်သူက ပရိယာယ်သစ်နဲ့ ပြောင်းလဲမြူဆွယ်နေချိန်မှာတော့ အခွင့်အရေးနှင့်မက်လုံးေ တွကို မျှော်ကိုးပြီး လမ်းခွဲကျောခိုင်းသွားကြသူများရှိနေတာ ၀မ်းနည်းစရာပါ။ဒါပေမယ့်ဗကသဆိုတာ သမိုင်းအစဉ်အလာကြီးမားပြီးဖြစ်သလို ကျောင်းသားနဲ့ ပြည်သူတွေရဲ့ နှလုံးသားမှာ တော်တော်နေရာရထားပြီးသားလည်းဖြစ်လို့ ကျွန်တော်တို့ဖက်ကတော့ ဗကသရဲ့ ဂုဏ်သိက္ခာအတွက် ဆက်လက်တိုက်ပွဲဝင်ရပါလိမ့်မယ်။ ၅နှစ်ဆိုတာ ကလေးတစ်ယောက်ရဲ့ အသက်အပိုင်းအခြားအရပြောရင် မိဘရင်ခွင်ကနေ ကျောင်းသား ဘ၀ ပြင်ပလောကကို စတင်ဝင်ရောက်တဲ့ အရွယ်သာဖြစ်လို့ ကျွန်တော်တို့ လက်ရှိဗကသဟာ တည်ဦးစ ဘ၀သစ်အစလို့ပဲပြောရပါဦးမယ်။လက်ရှိအခြေအနေအရ ၂၀၀၇ကလို နီးစပ်ရာအချင်းချင်းလက် တို့စည်းရုံးသလောက်တော့မဟုတ်တော့လို့ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးနိုင်အောင် ပိုပြီးအလုပ်လုပ်ရပါမယ်။ပိုအရေးကြီးချိန်ရောက်နေပါပြီ။ဗကသများအဖွဲ့ချုပ်တစ်ခုလုံးအနေနဲ့စိတ်ဓာတ်၊အမြင်၊သဘောထား၊ရပ်တည်ချက်တွေ တစ်သားတည်းကျ တောက်ပြောင်ပြီး ထွန်းသစ်တဲ့ သမိုင်းကိုရေးသားနိုင်ဖို့ကြိုးစားရပါမယ်။
(၂) အမြင်၊သဘောထားနှင့် အကွာအဟကျွန်တော်တို့ ဗကသ ရဲ့အမြင်မှာ "ကျောင်းသားအရေး သက်သက်လုပ်ဆောင်မယ်"ဆိုတဲ့အချောင်ဝါဒစွဲ၊ဖောက်ပြန်ရေးဝါဒစွဲ ဘယ်သောအခါမှ မကိန်းအောင်း ခဲ့ပါဘူး။ ဗကသ ဟာသမိုင်းတစ်လျောက်လုံး ကျောင်းသားအရေး၊မိဘပြည်သူအရေးကိုလေးလေးနက် နက်ဆောင်ရွက်ခဲ့တာကိုအထင်အရှားတွေ့မြင်နိုင်ပါတယ်။ ဒီကနေ့အချိန်ထိလည်းရေဘေးသင့်ရာမှာ ကူညီပေးနေတဲ့ဗကသအဖွဲ့ဝင်တွေရှိနေသလို ရွှေတွင်းလုပ်သားတွေ၊စက်ရုံအလုပ်သမားတွေရဲ့ဘ၀အာမခံချက်တိုက်ပွဲေ
တွမှာတစ်တပ်တစ်အား ပါဝင်ကူညီနေတဲ့ ဗကသ ကျောင်းသားတွေလည်း ဒုနဲ့ဒေးပါ။ကုန်ကုန်ပြောရရင်
ဗကသ ဟာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး"ကိုစဉ်ဆက်မပြတ်အားထုတ်ခဲ့တယ်။ ဗမာပြည်ရဲ့ ကမောက်ကမပညာရေးစနစ်ကို အမြဲတစေဝေဖန်အပြစ်တင်ခဲ့တယ် ။ကျောင်းသားထုအခွင့်အရေး အတွက် တောက်လျှောက်တိုက်ပွဲဝင်ခဲ့သလိုဒီမိုကရေစီရေး၊ငြိမ်းချမ်းရေးမှာလည်း ဘယ်တော့မှသွေး မအေးခဲ့ပါဘူး။

ကျွန်တော်တို့ ဗကသမှာကျောင်းသားထု စည်းလုံးညီညွတ်ရးတည်ဆောက်ဖို့ရာ သဘောထား အပြည့်အ၀ရှိတယ်။ ကျောင်းသားထုကို သွေးခွဲနေတဲ့ ဘယ်လုပ်ရပ်ကိုမှ လက်သင့်မခံနိုင် သလို ကျောင်းသားထု ညီညွတ်ရေးအတွက် ဗမာပြည်မှာကျောင်းသား သမဂ္ဂတစ်ခုတည်းရှိရမယ် ဆိုတဲ့
အယူအဆကိုလည်း လက်ကိုင်ထားတယ်။အဖွဲ့တွေကွဲတာ၊ စင်ပြိုင်ထောင်တာ၊ အစုအအုပ်တွေဖွဲ့တာဟာ ကျွန်တော်တို့သဘောထားမဟုတ်ဘူး။ကျွန်တော်တို့ ဗကသထဲမှာဒီလို အယူအဆမှား၊ သဘောထား အမြင်မှားတွေ ပေါက်ဖွားကိန်းအောင်းလာမှာကိုလည်းလုံးဝလက်မခံဘဲ ချေဖျက် သွားရမယ်လို့ သုံးသပ်တင်ပြရပါတယ်။

နောက်တစ်ချက်ပြောချင်တာက ကျောင်းသားထုကိုကြောက်စိတ်ဖယ်ရှာြး ပီးကိုယ့်အခွင့်အရေး ကိုယ် ရယူတတ်အောင် တွန်းအားပေးမယ်ဆိုရင်ကိုယ်ကျိုး ကြည့်ပြီး ပြေပြေလည်လည်ညှိညှိနှိုင်းနှိုင်း သွားကြရမယ်ဆိုတဲ့ အယူအဆမှာ လုံးဝမသွင်းပေးပါနဲ့။မှန်တာကိုမှန်တယ်ပြောရဲပြီး မှားတာကို မဆိုင်းမတွ ဝေဖန်ရဲ၊ပြောရဲတဲ့ ကျောင်းသားစိတ်ဓာတ် ရှင်သန်အောင်သာ မွေးမြူပေးကြပါ။သမဂ္ဂအလံဟာ နီစွေးတောက်ပြောင်ပြီးသားဖြစ်လို့ ဘယ်လိုအရောင်အသွေးမျိုးမှ စွန်းထင်းအောင် ပုတ်ခတ်ဝေဖန်လို့ မရပါဘူး။အမှန်တရား အတွက်၊ ပြည်သူ့အတွက် ကိုယ်ကျိုးနဲ့အသက်ကို စွန့်ရဲတာ ကျောင်းသားေ တွဖြစ်တယ်။ ဗကသ သာလျှင် တိုက်ပွဲကြားက၊မုန်တိုင်းကြားက ရဲရဲဝံ့ဝံ့ပေါ်ထွက် လာတာဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။
(၃) အားသာချက်၊ အားနည်းချက်နဲ့ ရှေ့အလားအလာ အားသာချက်၊ အားနည်းချက်တွေဆိုတာ အဖွဲ့အစည်းရဲ့ အင်အား၊ အဖွဲ့အစည်းရဲ့ စုဖွဲ့မှုပုံစံနဲ့ အဖွဲ့အစည်းလည်ပတ်မှုစနစ်တွေအပေါ် အများဆုံးအခြေခံပြီး တွက်ဆရတာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အင်အားကစိတ်ဓာတ်အင်အားနဲ့ အတွေ့အကြုံအင်အားပဲ ရှိတာပါ။ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ချစ်မြတ်နိုးမှုတွေနဲ့ ကျားကန်ထားလို့သာ ကျွန်တော်တို့ဒီနေ့လို ဆက်လက်ရပ်တည်နိုင်ရတာပါပဲ။ ကျွန်တော်တို့ဆီမှာ ငွေအင်အား၊  ဘဏ္ဍာရေး အင်အား မတောင့်တင်းလို့ ကိုယ်ချည်းသက်သက် ရပ်တည်ရခက်တာအမှန်ပါပဲ။
ကျွန်တော်တို့အဖွဲ့အစည်းမှာ လူသစ်တွေကလွဲရင် လူဟောင်းအများစုဟာအနည်းဆုံး စစ်အာဏာရှင်ခေတ်အကျဉ်းထောင်ကို ဖြတ်သန်းခဲ့ရဖူးတဲ့အပြင်တစ်ညီတစ်ညွတ်တည်းယုံကြည်ထားတာကလက်ရှိအစ
ိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အားရလောက်အောင် လုပ်ဆောင်ပေးတာမဟုတ်ဘဲ လူအများမြင်ကောင်းကြည့်ကောင်းရုံသက်သက် မျက်လှည့် ပြနေတာပါဆိုတဲ့အခြေခံအမြင်မျိုး အားလုံးကိုယ်စီ ရှိနေတဲ့အချက်ပါပဲ။ အမြင်နှစ်မျိုးမကွဲဘဲ တစ်မျိုးတည်း၊တစ်သားတည်းရှိနေတဲ့ အတွက် သမဂ္ဂဟာ စည်းလုံးညီညွတ်မှုတည်ဆောက်ရတာ ပိုလွယ်ကူ၊ပိုအရှိန်အဟုန်ရစေပါတယ်။

စုဖွဲ့မှုပုံစံနဲ့ လည်ပတ်မှုစနစ်မှာတော့ အနည်းငယ်အားနည်းချက်တွေ ရှိနေတယ်။တကယ် အလုပ်လုပ် နိုင်တဲ့သူတွေ သူတို့နဲ့ထိုက်တန်တဲ့နေရာမှာ တာဝန်ယူတာမျိုး ပိုဖြစ်သင့်တယ်လို့ ယူဆတယ်။ လက်ရှိတာဝန်ယူနေသူတွေကလည်း ကိုယ်တာဝန်ယူထားတဲ့နေရာမှာ ဆထက်ထမ်းပိုး ပိုလို့ကြိုးစားသင့်တယ်။ အခုလက်ရှိအခြေအနေက Informal ပုံစံနဲ့ လုပ်နေရတာဖြစ်လို့ ငါတို့ ဗကသဟာ
ဘာပဲလုပ်လုပ် ဗြောင်လုပ်ရမယ် ဆိုတဲ့ ဆင်ကန်းတောတိုး အယူအဆမျိုးလည်း မစွဲကိုင်သင့်သလို သူများတွေလုပ်လို့ရတိုင်း ငါတို့လုပ်နိုင်ရမယ် လို့လည်းထင်လို့မရဘူး။အခြားသောအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့အဖွဲ့အစည်းကြားမှာမတူတာတွေ၊ကွဲပြား ခြားနားတာတွေရှိနေတယ်ဆိုတာ သိထားရမယ်။ လုံးဝကြီး လျှို့လျှို့ဝှက်ဝှက် အသံမထွက်တော့တာမျိုးလည်းမလုပ် သင့်ပေမယ့် နေရာတကာ ထင်ထင်ရှားရှား ပေါ်ပေါ်လွှားလွှား ပွဲများစွာတက်နေရတာကိုလည်း တတ်နိုင်သမျှ ရှောင်သင့်တယ်လို့ ယူဆတယ်။

နိုင်ငံရပ်ခြား သမဂ္ဂတွေနဲ့ ထိစပ်ရေး၊ပြည်တွင်းမှာ ဗကသနဲ့ ချိတ်ဆက်မှုမရှိသေးတဲ့နယ်မြေတွေ၊ တက္ကသိုလ်တွေက ကျောင်းသားတွေကို စည်းရုံးရေး၊သမဂ္ဂအဖွဲ့ဝင်တွေကို ကျောင်းသားလှုပ်ရှားမှု သမိုင်းန
ဲ့ဗမာပြည် နိုင်ငံရေးသမိုင်းတွေ လေ့လာဖို့ သင်တန်း(သို့) ပို့ချချက်တွေပေးနိုင်ရေး၊ဗကသ ရဲ့ကြွေးကြော်သံဖြစ်တဲ့ စာစဉ်၊မဂ္ဂဇင်း၊လက်ကမ်းစာစောင်၊နံရံကပ်စာစောင်နှင့် သတင်းလွှာတွေကို ပိုကျယ်ပြန့်စွာ ထုတ်ဝေဖြန့်ချီနိုင်ရေး အတွက် ကျွန်တော်တို့ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပြီး မတတ်နိုင်တဲ့ ကိစ္စတွေကို ကူညီပေးမယ့် ရဲဘော်တွေကိုလည်းမေ့မ ထားသင့် ဘူး။ ရှေ့အ လားအလာ အနေနဲ့ကတော့ဗမာပြည်နိုင်ငံရေးလမ်းကြောင်းရဲ့ အပြောင်းအလဲကို အမြဲ သုံးသပ်နေဖို့အတွက် အရေးတကြီးလုပ်ဆောင်ကြရပါမယ်။ အခြေအနေသစ်တွေကို လိုက်မှီနေဖို့အတွက် ခေတ်ပြိုင်ထဲမှာ သက်ဝင်လှုပ်ရှားနေတဲ့ သမဂ္ဂဖြစ်အောင် ကြံဆရပါမယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ ကျောင်းသားထု ညီလာခံကြီး အောင်အောင်မြင်မြင် ခေါ်ယူကျင်းပနိုင်ဖို့ လက်ရှိကျန်နေတဲ့ဒေသတွေမှာပါ သမဂ္ဂတွေဖွဲ့ထားနိုင်ဖို့ တာဝန်သတ်သတ်မှတ်မှတ်ယူပြီး လုပ်ကိုင်ကြ ရပါမယ်။ရန်ပုံငွေရှာဖွေရေးနည်းလမ်းတွေကိုလည်းရှာဖွေ သင့်ပြီး နှောင်ကြိုးမပါတဲ့ အကူအညီကို ရယူတောင်းခံသင့်ပါတယ်။ရန်ပုံငွေကို တတ်နိုင်သမျှခြိုးခြံပြီး အလုပ်ကို ကုန်ကျမှု ပေးဆပ်မှုအနည်းဆုံးနဲ့
ရလာဒ်အကောင်းဆုံးဖြစ်အောင်ကြိုးစားရမှာဖြစ်ပါတယ်။တစ်နယ်နဲ့တစ်နယ် ချိတ်ဆက် မဖြုတ်ရေးကို အထူးသတိထားလုပ်သင့်သလို သူ့နယ်ကို ကိုယ်ကူညီစည်းရုံး၊ ကိုယ့်နယ်ကိုလည်း သူကူညီ စည်းရုံး ပေးတာမျိုးကို လိုက်လိုက်လျောလျော အားပေးထောက်ခံသင့်တယ်။သူများနေရာဒေသမှာတော့ ကိုယ့်သြဇာ တည်ထောင်ဖို့မကြိုးစားသင့်ဘူး။ကျွန်တော်တို့ ဗကသဟာ အယူအဆနဲ့ သမိုင်းအစဉ် အလာကို အခြေခံပြီး စည်းရုံးနေသမျှ အောင်မြင်တိုးတက်မှာဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို အခြေခံ စည်းရုံးနေရင်တော့ မလွဲမသွေ ကျဆုံးရမှာ ဖြစ်တယ်လို့ သတိပေးလိုက်ရပါတယ်။
ကျော်ကိုကို

ဥက္ကဌ

ဗဟိုလုပ်ငန်းကော်မတီ

ဗကသများအဖွဲ့ချုပ်

No comments:

Post a Comment