Thursday, August 23, 2012

တရုတ်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှု အန္တရာယ်အဆင့်နီးပါးသိုရောက်ရှိ

ကမ္ဘာ့ စီးပွားရေး ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင် ကျေးလက် နေ ပြည်သူ များ၏ ဝင်ငွေ မညီမျှမှုမှာ အန္တရာယ် ရှိသောအဆင့် နီး ပါးသို့ ရောက်ရှိ လာကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။တရုတ် ကျေး လက် ဒေသ တွင် နေထိုင်သူ လူသန်းပေါင်း များစွာသည် လယ်ယာ လုပ်ငန်း ကို စွန့်လွှတ်ပြီး ဝင်ငွေ ပိုရသော မြို့ပြသို့ တက်ရောက်၍ အလုပ်လုပ်ကိုင် လျက်ရှိရာ ကျေးလက် နေ လယ်ယာ လုပ်သူနှင့် မြို့တက် အလုပ်လုပ်သူ တို့၏ဝင်ငွေမှာ အလွန် ကွာခြားလျက် ရှိသည်ဟု တရုတ် ကျေးလက် လေ့လာရေး စင်တာက ပြောကြားသည်။

တရုတ်တွင်မြို့တက်၍အလုပ်လုပ်ကိုင်သူများ၏ ဝင်ငွေသည်ကျေးလက်နေ လယ်ယာလုပ်သူတို့ ၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။

ဝင်ငွေခွဲဝေမှုအခြေအနေကိုတိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ ယမန်နှစ်က တရုတ်ကျေးလက်နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင်သောအခြေအနေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ရောက်ရှိနေပြီဖြစ်သည်။

ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှုမညီမျှမှုကိုတွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှသည်ဟုသတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။

ယခုကဲ့သို့လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ်ကွာဟနေခြင်းတို့ကြောင့် လူထုမကျေနပ်မှု၊မတည်ြ ငိမ်မှုကိုဖြစ်စေနိုင်ရာ တရုတ်အစိုးရအတွက်စိုးရိမ်ဖွယ်ရာဖြစ်သည်။

တရုတ်တွင်ဝ င်ငွေခွဲေ ဝမှုကွာ ဟချက်ကြီးမားနေခြ င်းကို စိုးရိမ်သောကြောင့် တရုတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဂိနီညွှန်ကိန်းကိုမထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်သည်။


From -TheVoiceWeekly

No comments:

Post a Comment