Wednesday, August 15, 2012

"ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်"

ပြည်တွင်းတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ သင်တန်း များမှာ တည်ဆဲဥပဒေအရ ဖွင့်ခွင့်မရှိ၍ အားလုံးဖျက်သိမ်းသွားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ '' ဒီသင်တန်းတွေ အသင်း အဖွဲ့တွေကို အရေးယူဖို့ကို ဘယ်ဝန် ကြီးဌာနရဲ့ ခွင့်ပြုမှုနဲ့ ဖွင့်နေတယ်ဆို တာကို စစ်ဆေးပေးဖို့လည်း တိုင်း ဒေသကြီးနဲ့ ပြည်နယ် အစိုးရတို့ကို ပါ ညှိနှိုင်းထားပြီးပါပြီ။ ဥပဒေကြောင်း အရပဲသွားမယ်။ ဒီလုပ်ငန်းတွေက လူ့အသက်နဲ့ ဆိုင်တယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။


၂ဝဝ၄-၂ဝဝ၅ ခုနှစ် ပိုင်းက စကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ် သက်သော ဆေး ဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုသင်တန်း တို့ကို ပုဂ္ဂလိကမှ ဖွင့်လှစ်ခဲ့သည်။ အောင်ချမ်းမြေ့ သင်တန်း ကျောင်း တည်ထောင်သူ ဒေါက် တာ ကျော်ကျော်နိုင်က ၄င်းတို့အနေ ဖြင့် သင်တန်း များ ဖွင့်လှစ်ခဲ့သည်မှာ ကိုးနှစ်တာ ကြာပြီဖြစ်ကာ ပညာ ရေးဝန်ကြီးဌာနမှချ ထားပေးခဲ့သော သင်ကြားခွင့်လိုင် စင်စာရွက်စာ တမ်းများဖြင့် ဖွင့် လှစ်ခြင်း ဖြစ်ကြောင်း ပြောသည်။

''ဒီတစ်လပြတ်၊ နှစ်လပြတ် သင်တန်းတွေကိုလည်းနဂိုကတည်း ကမှ အသိအမှတ်မပြုတာ။ ဥပဒေ မရှိပေမယ့် အရင်တုန်းက လက်ခံ တယ်လေ။ အခု ဒီကလက်မှတ်နဲ့ ဆေးဆိုင်ဖွင့်ထားတာ အများကြီး ပဲ''ဟု ၄င်းကပြော သည်။ ကျန်းမာရေးစီမံကိန်း ဦးစီးဌာန ၏ အငြိမ်းစား ဒုတိယ ညွှန်ကြားရေး မှူးချုပ်အဖြစ်လုပ်ကိုင်ခဲ့သူ ဒေါက်တာဖုန်းမြင့်က ကျန်းမာရေး အထောက် အကူပြုသင်တန်းများ ဆို သည်မှာ လူထု၏ လိုအပ်မှုအရသာ ဖြစ်သင့်၍ စီးပွားရေးသမားများ၏ လိုအပ်ချက်အရ မဖြစ်သင့်ကြောင်း၊ ဥပဒေ အရအောင်လက်မှတ်များကို အသိအမှတ်မပြုဟု ဆိုပါကမလုပ် သင့်ကြောင်း ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ''ဖျက်သိမ်းရမယ့် ဆေးဘက်ပညာ ဆိုင်ရာကျွမ်းကျင် သင်တန်းတွေအနေနဲ့ ပြန်ပြီးတော့ မှတ်ပုံတင်ရ ပါလိမ့် မယ်။ ခွင့်ပြုရင် ဖွင့်လို့ရပါလိမ့်မယ်''ဟု ပြောသည်။ အောင်ချမ်းမြေ့ သင် တန်း ကျောင်းတည်ထောင်သူ ဒေါက်တာ ကျော်ကျော်နိုင်ကမူ ဒီမိုကရေစီ စနစ် အရ ဥပဒေမရှိပါက ဥပဒေရေးဆွဲ သင့်ပြီးကိုက် ညီအောင်ဆောင်ရွက် သင့်ကြောင်း သင်တန်းကျောင်းများ မှာခရိုနီထဲတွင် မပါဝင်ဘဲ လူအများ ကို အထောက်အကူဖြစ်စေသည့် သင်တန်းသာဖြစ်ကြောင်းပြောသည်။
ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများမှ နှစ်စဉ်သင်တန်းသား ဦးရေ လေးထောင်နှင့် ငါးထောင် ကြားမွေးထုတ်နေကြပြီး ပြည်တွင်း တွင် သောင်းချီအလုပ် လုပ်ကိုင်နေ ကြောင်းနှင့် စင်ကာပူနှင့် မလေး ရှား နိုင်ငံတို့ရှိ ဘိုးဘွားရိပ်သာတို့တွင် ၄င်းလက်မှတ်များကိုင်ကာ အလုပ် လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။

''မသမာမှုတွေ without တွေ မှအများကြီးပါပဲ။ အဲဒါတွေကို တော့ ဒီအတိုင်းထိုင်ကြည့်နေပါတယ်။ စာသင်တာအပြစ် မဟုတ်ပါဘူး'' ဟု ဒေါက်တာ ကျော်ကျော်နိုင်က ထပ်လောင်းဆိုသည်။ ပုဂ္ဂလိက ဆေးရုံ တစ်ရုံမှ ဒေါက်တာအောင်ဇေမိုးက ထိုသင်တန်းဆင်းများအား အလုပ်ခန့် ထားပေးရန် အလုပ်ခေါ်ယူရာတွင် ၈ဝ ရာခိုင် နှုန်းခန့်သည် အခြေခံပြု စုစောင့်ရှောက်မှုနည်းများအား မေးရာများစွာ မသိကြဘဲဖြစ်နေကြောင်း၊ လူလို အပ်နေ၍သာ ခန့်နေခြင်းဖြစ်သော် လည်း သေသေချာချာဖြေနိုင်သူကို သာခန့်ပါကြောင်းပြောသည်။ ဒါတောင် သုံးလအစမ်းခန့်ပြီး ထပ်သင်ပေး တယ်။ ပြီးရင်စာမေးပွဲ စစ်တယ်။ မဖြေနိုင်ရင်တော့ ထုတ်ပစ်တယ်။ နှမြော စရာမရှိပါဘူး။ လူနာ အတွက်ဘယ်ကောင်းမလဲ။ သုံးလ လောက်နဲ့တော့ ဒီပညာတွေကို မတတ်နိုင်ဘူး။ အဲဒီသင်တန်းတွေ ကိုဖွင့်ခွင့်ပေးမယ်ဆိုရင် သူတို့တွေ အတွက် အသေအချာ သင်ရိုးရေး ဆွဲပြီးချပေးရမယ်''ဟု ၄င်းက ထပ်လောင်း ပြောသည်။
 
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment