Saturday, August 18, 2012

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်၏ 'ကြားဖြတ် မဟာဗျူဟာ မှတ်စု'

မဇ္ဈိမသတင်းဌာန ။ ။ မြန်မာပြည်နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အသုံးပြုမည့် ယင်းတို့၏ အစီအစဉ်နှင့် မဟာဗျူဟာ တို့နှင့် ပတ်သက်သည့် အခြေခံအချက်များကို ဖော်ပြထားသည့် အကျဉ်းချုပ် စာတမ်းတစောင် ဖြစ်သော `မြန်မာနိုင်ငံအတွက် ကြားဖြတ် မဟာဗျူဟာ မှတ်စု´(ISN) ကို ကမ္ဘာ့ဘဏ်၏ အင်တာနက်စာမျက်နှာတွင် တင်ထားသည်။အဆိုပါ အကျဉ်းချုပ် စာတမ်းတွင် ကမ္ဘာ့ဘဏ်က နောက် ၁၈ လအတွင်း မြန်မာနိုင်ငံတွင် ပြုလုပ်မည့် လုပ်ငန်းများနှင့် မဟာဗျူဟာများကို အကျဉ်းချုံး ဖော်ပြထားသည်။ ဤ ISN သည် မြန်မာနိုင်ငံအတွက် အလယ်အလတ်ကာလ အကူအညီပေးရေး မဟာဗျူဟာကို
ချမှတ်နိုင်သည့် အချိန်အထိ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် လုပ်ငန်းများကို လမ်းညွှန် ပေးသွားမည်ဖြစ်သည် ဟု ကမ္ဘာ့ဘဏ် အရာရှိများက ပြောသည်။

ကမ္ဘာ့ဘဏ်က လုပ်ဆောင်မည့် လုပ်ငန်းများအတွက် သတင်းအချက်အလက်များ ပေးပါရန် မြန်မာ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက ကမ္ဘာ့ဘဏ်သို့ သြဂုတ်လ ၇ ရက်နေ့က ပန်ကြားခဲ့ကြသည်။

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး ၃ ရပ်ကို ကျော်ဖြတ်နေကြောင်း ယင်း ISN စာတမ်းတွင် ရေးသားထားသည်။ ယင်းတို့မှာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီ အစိုးရစနစ်သို့ ကူးပြောင်းခြင်း၊ ဗဟိုမှ ချုပ်ကိုင်အမိန့်ပေးသော စီးပွါးရေး စနစ်မှ ဈေးကွက် ရှေးရှုသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသို့ ကူးပြောင်းခြင်း နှင့် နယ်စပ်တွင် အနှစ် ၆ဝ ကြာ
ဖြစ်ပွါးနေသော ပဋိပက္ခများမှ ငြိမ်းချမ်းရေးသို့ ကူးပြောင်းခြင်းတို့ ဖြစ်ကြသည်။

“အဆိုပါ အသွင်းကူးပြောင်းရေး လုပ်ငန်းများသည် မြန်မာနိုင်ငံသားတို့အတွက် ပိုမို ကောင်းမွန်လုံခြုံ၍ ထုတ်လုပ်နိုင် စွမ်း မြင့်မားသည့်ဘဝများကို မျှော်လင့်ချက် ရှိလာစေနိုင်သော်လည်း အသွင်ကူးပြောင်းရေး လုပ်ငန်းတရပ် မအောင်မြင်လျှင် အခြားလုပ် ငန်းများကိုပါ ထိခိုက်သွားစေနိုင်သည့် အန္တရာယ်မူရှိနေသည်” ဟု ရေးသားထားသည်။

ထို့ပြင် “ကမ္ဘာ့ဘဏ်အုပ်စု (WBG) သည် ယင်း၏အဆိုပြု အစီအစဉ်များကို အဆိုပါ အသွင်ကူးပြောင်းရေးလုပ်ငန်းရပ် ၃ ခု အောင်မြင်စေရန် အထောက်အကူပြုနိုင်မည့် လုပ်ငန်းများတွင်သာ အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် ပြည့်ဝသည့် အစီအစဉ်တရပ် ပြန်လည်ချမှတ်လုပ်ဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်” ဟုလည်း ပါရှိသည်။

ISN တွင် အောက်ပါ အကျဉ်းချုပ် အချက်အလက်များ ပါဝင်သည်။

ထိတွေ့ဆက်ဆံမှုအတွက် မဏ္ဏိုင် ၃ ရပ်

ISN သည် ယင်း၏ ထိတွေ့ဆက်ဆံမှုအတွက်မဏ္ဏိုင် ၃ ရပ်ကို အစိုးရ၏ ဖွံ့ဖြိုးမှု မဟာဗျူဟာ ရည်မှန်းချက် ၄ ရပ်
ဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ ညီမျှသော တိုးတက်မှု၊ အားလုံး ပါဝင်သောတိုးတက်မှု နှင့် အရည်အချင်း ပြည့်ဝသော စာရင်းအင်း လုပ်ငန်းများ ဖွံ့ဖြိုးမှု တို့အပေါ် အခြေခံ တည်ဆောက်ထားသည်။ ယင်းမဏ္ဏိုင်ကြီး ၃ ရပ်မှာ အဆောက်အအုံများ အသွင်ပြောင်းလဲရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ရှေ့လုပ်ငန်းများ အတွက် ပြင်ဆင်ခြင်းတို့
ဖြစ်ကြသည်။

မဏ္ဏိုင် ၁။ အဆောက်အအုံများ အသွင်ပြောင်းလဲရေး

ဤမဏ္ဏိုင်သည် ပြိုင်ဆိုင်နေသော တောင်းဆိုမှုများကို အောင်မြင်စွာ ကြားဝင် ဖျန်ဖြေပေးနိုင်ရေး၊ ပိုမိုရှုပ်ထွေးလာနေ
သော စီးပွါးရေးကို ပဲ့ကိုင်တည့်မတ်ပေးနိုင်ရေး နှင့် တိုင်းပြည်ကို ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တွင် ထိန်းကျောင်း မောင်းနှင် သွားနိုင်ရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် အဆောက်အအုံများ အသွင်ပြောင်းလဲရေး လုပ်ငန်းများ ကို ထောက်ပံ့ ကူညီသွားမည် ဖြစ်သည်။ လုပ်ငန်းများသည် မူဝါဒဆိုင်ရာ အကြံပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေး
ခြင်းနှင့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍတို့တွင် နည်းပညာ အကူအညီပေးရေး လုပ်ငန်းများတွင် အာရုံစိုက် ဆောင် ရွက်မည် ဖြစ်သည်။

စီးပွါးရေး စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်စေရေးနှင့် စီးပွါးရေး တိုးတက်မှုအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် နှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် တို့ကိုလည်း လုပ်ဆောင်မည် ဖြစ်သည်။ ဤလုပ်ငန်းတွင်
အောက်ပါနယ်ပယ် ၃ ရပ်ကို အာရုံစိုက် ဆောင်ရွက်မည် ဖြစ်သည်။

၁။ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု လုပ်ငန်းတွင် အစိုးရကို ထိရောက်သော ဖွံ့ဖြိုးမှုစီမံကိန်းများ ချမှတ်နိုင်ရန်နှင့် ဦးစားပေး မူဝါဒများနှင့် ဘတ်ဂျက်တို့အကြား ပွင့်လင်းမြင်သာစွာ ဆက်စပ်ပေးနိုင်ရေး။

၂။ အသေးစား ငွေချေးသူများနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဘဏ္ဍာငွေ ပိုမိုရရှိရေး အပါအဝင် ထိန်းချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အထောက်အပံ့ ပေးရန်

၃။ ပုဂ္ဂလိကပိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလုပ်အကိုင် ဖန်တီးရေးနှင့် ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးကူညီရန်

ဤလုပ်ငန်းများတွင် ပြဿနာအဖြေရှာရေး လုပ်ငန်းများဖြစ်သော ဘဏ္ဍာရေးတာဝန်ခံမှုကို အကဲဖြတ်ခြင်း၊ အစိုးရ အသုံးစရိတ်များကို ပြန်လည်ဆန်းစစ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ဝန်းကျင်အခြေနေများကို အကဲဖြတ်ခြင်းတို့ ပါဝင်မည် ဖြစ်သည်။ ထို့ပြင် (ဘဏ္ဍာရေးကဏ္ဍနှင့် အသေးစား ချေးငွေလုပ်ငန်းတို့အတွက်) မူဝါဒဆိုင်ရာ အကြံပေးခြင်း၊ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းဖြင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ ပါဝင်သည်။

မဏ္ဏိုင် ၂။ ယုံကြည်မှု တည်ဆောက်ခြင်း။

အဆောက်အအုံ အသွင်ပြောင်းလဲရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တရပ် ဖြစ်ကြောင်း ကမ္ဘာ့အတွေ့အကြုံများက ပြသခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည်
ပြည်သူလူထု အတွက် အကျိုးရှိစေရန် ယုံကြည်မှု တည်ဆောက်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ရေတို အကျိုး သက်ရောက်မှု ရှိစေရန်အတွက် ယခု ISN က ရည်ရွယ်သည်။

ပဋိပက္ခဖြစ်နေသော နယ်စပ်ဒေသများတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးအစီအစဉ်များမှတဆင့် ကူညီ ထောက်ပံ့ရန်လည်း ဤမဏ္ဏိုင်က ရည်ရွယ်သည်။ ထိုသို့ကူညီခြင်းဖြင့် ပဋိပက္ခ ဒဏ် ခံနေရသော ရပ်ရွာအသိုင်းအဝိုင်းများ ပြန်လည် နာလန်ထူလာစေမည် ဖြစ်ပြီး (ကမ္ဘာ့ဘဏ်အုပ်စု နှင့် အခြား အလှူရှင်များ၏ဆောင်ရွက်ချက်များကို ကူညီသည့်အနေနှင့်) တင်းကြပ် သောစောင့်ကြည့်လေ့လာမှုနှင့် အကဲဖြတ် လုပ်ငန်းများကိုလည်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် မြန်မာ ငြိမ်းချမ်းရေး ဗဟိုဌာနကို တိုက်ရိုက် ကူညီ
ထောက်ပံ့ရန်လည်း ရည်ရွယ်သည်။

ဤမဏ္ဏိုင်၏ ဒုတိယလုပ်ငန်းစဉ်မှာ အစိုးရနှင့်ဆက်ဆံရာတွင် အရပ်ဖက် အဖွဲ့အစည်းများကို ခိုင်မာစေရေးကူညီရန် နှင့် လူမှုရေးတာဝန်ခံမှုရှိစေရန်။ အစိုးရဆိုရာတွင် ဒေသန္တရ အစိုးရများလည်း ပါဝင်သည်။

ဤမဏ္ဏိုင်၏ တတိယ လုပ်ငန်းများမှာ ကဏ္ဍအများအပြား၌ ပြည်သူလူထု၏နေ့စဉ် နေထိုင်မှုဘဝတွင် လက်ဆုပ် လက်ကိုင်ပြနိုင်ပြီး လျှင်မြန်သည့် သက်ရောက်မှုများ ရှိစေရေး ဆောင်ရွက်ပေးရန်ဖြစ်သည်။ ယင်းတို့တွင် လုပ်ဆောင်ရန် စီစဉ်ထားသော ရပ်ရွာ အသိုင်းအဝိုင်းက ဦးစီးပြုလုပ်မည့် အမျိုးသားဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ မူဝါဒ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကူအညီပေးရေးလည်း ပါသည်။

မဏ္ဏိုင် ၃။ ရှေ့လုပ်ငန်းများအတွက် ပြင်ဆင်ခြင်း။

ISN ၏ တတိယမဏ္ဏိုင်မှာ ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်း အစီအစဉ်များ အပြည့်အဝ ပြန်လည် စတင်နိုင်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို အာရုံစိုက် ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းတွင် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့(IDA) မှ ရင်းမြစ်များ ပြန်လည်ရရှိရေးအတွက် ကြွေးကျန်များ ရှင်းလင်းရေး လုပ်ငန်းတွင် မြန်မာနိုင်ငံအား အကူအညီပေးရန်လည်း ပါဝင်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများအတွက် သိရှိနားလည်မှု အခြေခံကို တည်ဆောက်ရန် စိစစ်လေ့လာမှုနှင့် ပြဿနာအဖြေရှာမှု လုပ်ငန်းများကို ISN လုပ်ငန်းများ ဆောင်ရွက်
နေစဉ် အတွင်း ဆက်လက်၍ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းတွင် ၂ဝ၁၅ ခုနှစ် အတွက် သန်းခေါင် စာရင်း ကောက်ယူရေး၊ တပြည်လုံး ကိုယ်စားပြုနိုင်မည့် အိမ်ထောင်စုအလိုက် အသုံးစရိတ်များ စစ်တမ်းကောက် ယူခြင်း လုပ်ငန်းတို့ ပါဝင်သည်။

လက်တွဲဆောင်ရွက်ခြင်း။

ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ပျောက်ကွယ်နေခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆောင်ရွက် ရမည့် လုပ်ငန်းများမှာ ရှုပ်ထွေးပြီး လိုအပ်ချက် များစွာ ရှိနေသဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း လက်တွဲဖော်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးပါသည်။ ယခုအဆိုပြုထားသော အစီအစဉ်များသည် ဤဖွံ့ဖြိုးရေး လုပ်ငန်း လက်တွဲ
ဖော်များနှင့် ညှိနှိုင်းရရှိချက်များကို အခြေခံရေးဆွဲထားခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စုက နှိုင်းယှဉ်ချက်အရ အားသာချက် ရှိသည့် နယ်ပယ်များတွင် အာရုံစိုက် ဆောင်ရွက်မည် ဖြစ်သည်။ ISN ပါ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ဘဏ် အုပ်စုသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့ အပါအဝင် ယင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်း လက်တွဲဖော်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်မှုကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်အုပ်စုသည် စားဝတ်နေရေးနှင့် ကျန်းမာရေးအပါအဝင် တည်ဆဲ အလှူရှင်အများ ပါဝင်သည့် ယုံမှတ်အပ်နှံမှု ရန်ပုံငွေများကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည့် မြန်မာအစိုးရအတွက် ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်လည်း ထောက်ပံ့
ပေးကမ်းသွားမည် ဖြစ်သည်။

အန္တရာယ်များ။

လက်ရှိအစိုးရ ဦးဆောင်ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် ကာလ ရှည်ကြာစွာတည်ရှိနေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စိန်ခေါ်ချက်များကို ကိုင်တွယ် ဖြေရှင်းရန် မြန်မာနိုင်ငံအတွက် အရေးပါသည့် အခွင့် အလမ်းကောင်း ဖြစ်ပါသည်။ ထို အခွင့်အလမ်းကောင်းကို အရအမိ ဆုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ကူညီရန် ကမ္ဘာ့ဘဏ်အုပ်စုက သန္နိဋ္ဌာန်ချထားပါသည်။ တချိန်တည်းတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏ ခြေလှမ်းနှင့် အတိုင်းအတာကလည်း အန္တရာယ်ရှိနေပါသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံသေရှိနေသည့် အထင်ကရ အန္တရာယ်များအပြင် နိုင်ငံအဆင့် အန္တရာယ် ၅ ရပ်ကို ISN က ရှာဖွေသတ်မှတ်ထားပါသည်။

၁။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အလွယ်တကူ ပျက်စီးသွားနိုင်သည့် အန္တရာယ်။ အဓိက ပုဂ္ဂိုလ်များအကြား တညီတညွတ်တည်း သဘောတူညီချက်ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်ရန်။

-       ထောက်ပံ့ကူညီမှုများကို တဦးချင်းမှ အဆောက်အအုံများသို့ ပြောင်းရွှေ့ကူညီရန်

၂။ ပဋိပက္ခများ ပြန်လည်ဖြစ်ပွါးလာနိုင်သည့် အန္တရာယ်။ လူမှုရေး တင်းမာမှုများ တိုးပွါးလာပြီး ထိခိုက်နစ်နာမှုများ
ပေါ်ထွက်လာခြင်း အပါအဝင်။

-ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လူမှုရေး ပေါင်းစည်းမှုကို ထောက်ပံ့ကူညီရန်

၃။ အလှူရှင်များအကြား ဖြစ်ပေါ်လာနိုင်သည့် ညှိနှိုင်းဆောင်ရွက် မရှိခြင်း အပါအဝင် လုပ်ငန်းဆောင်ရွက်မှု ဝန်းကျင် မရေရာခြင်း။

- ဖြေးညှင်းစွာ လုပ်ဆောင်ရန်နှင့် တဖြေးဖြေး တိုးမြှင့်ဆောင်ရွက်ရန်။ အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်မှု စွမ်းဆောင်ရည် တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ယုံမှတ်အပ်နှံမှု ရန်ပုံငွေ စောင့်ရှောက် ကာကွယ်ရေး လုပ်ငန်းများတွင် အလှူရှင် လက်တွဲဖော်များနှင့် ညှိနှိုင်းဆောင်ရွက်ရေး။

၎။ မြန်မာနိုင်ငံအနေနှင့် အမီလိုက်ရန် အချိန်ယူရဦးမည့် အားလျော်စွာ အစိုးရအပေါ် မျှော်လင့်ချက် အလွန်အကျူး ထားခြင်းမှ မချင့်မရဲမကျေနပ်စိတ်များ ပေါ်ထွက်လာနိုင်သည့် အန္တရာယ်။

- ဆက်သွယ်ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် မျှော်မှန်းရလဒ်ပေါ်တွင်သာ တက်တက်ကြွကြွ အာရုံစိုက် လုပ်ကိုင်စေခြင်း။

၅။ အကန့်အသတ်နှင့်သာ ရှိနေသည့် မိမိ၏ စွမ်းဆောင်ရည်ကို မကြည့်ဘဲ အစိုးရ၏ အလှမ်းကျယ် အလယ်လပ်မှု
ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လွန်ကျွံမှုများ။

- မက်ခရိုစီးပွါးရေးနှင့်ဘဏ္ဍာရေးကဏ္ဍလိုအပ်ချက်များကို သိရှိနားလည်ကာ အကြပ် အတည်းဖြေရှင်းမှု စွမ်းဆောင် ရည်နှင့် ခိုင်မာအားကောင်းသည့်လေ့လာစောင့်ကြည်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နေသည့် အစိုးရ၏ လုပ်ငန်းများကို ကူညီဖြည့် ဆည်းပေးရန်။

No comments:

Post a Comment