Sunday, August 5, 2012

သတ္တိရှိပါသည်

““သတ်္တိရှိပါ၊ သတ်္တိရှိပါဆိုတဲ့ စကားရပ်ကို ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်””ဟုကျွန်ုပ်တို့ မီဒီယာသမားများနှင့် တွေ့ဆုံစဉ်က ပြည် သူ့လွှတ်တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ဖူးသည်။
ယင်းစကားရပ်တို့ကို ကျွန်ုပ်တို့ဂျာနယ်တွင် ဖော်ပြ ခဲ့ဖူးသည်။

ပြည်တွင်းရေးအခြေအနေများကို သတ်္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ ဖော်ပြရမည့်အခါများတွင် ယနေ့ကဲ့သို့ အခြေအနေ မျိုး ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့အတွက် ရပ်တည်ပေး မည့်သူ၊ ကူညီမည့်သူ ပျောက်နေပေပြီ။
ယနေ့ ဂျာနယ်နှစ်စောင် ပိတ်ပင်တားမြစ်ခံရပြီးဖြစ် သော်လည်း ကျန်ဂျာနယ်များအနေဖြင့် ဆက်လက်၍ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။
ထမ်းဆောင်ကြဦးမည်လည်းဖြစ်ပါသည်။
ကျွန်ုပ်တို့သည် သမိုင်းပေးတာဝန်အရ ပြည်သူများ သိသင့်သည်ဟု ကျွန်ုပ်တို့ ယူဆရသော ကိစ်္စရပ်များ အပေါ်တွင် ကျွန်ုပ်တို့ ပြည်သူကို ရဲရဲဝံ့ဝံ့၊ သတ်္တိရှိရှိ အသိပေးရဦးမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌသူရဦးရွှေမန်းပြောကြားခဲ့ စဉ်ကလည်း ကျွန်ုပ်တို့ ပြည်သူတို့အတွက်ဆိုလျှင် ကျွန်ုပ်တို့ သတ်္တိက အဆင်သင့်ပင်ဖြစ်ကြောင်း ကျွန်ုပ် တို့ နှုတ်မှ ထုတ်ဖော်ပြောကြားခြင်းမပြုသည့်တိုင် မီဒီယာအားလုံးစိတ်တွင် ယင်းအဖြေအဆင်သင့်ရှိ နေ သည်မှာ အသေအချာဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည် ပါသည်။
ကျွန်ုပ်တို့ မီဒီယာများ သတိ္တရှိပါသည်။ သတ်္တိရှိပါ မည်။ ပြည်သူတို့ထံ အမှန်တရားများကို ရဲရဲဝံ့ဝံ့ တင်ပြ ပါမည်။
ကျွန်ုပ်တို့ မီဒီယာများနောက်တွင် မည်သူတို့ သတ်္တိ ရှိရှိ လိုက်ရဲပါမည်နည်း။ ထောက်ခံရဲပါမည်နည်း။
သတ်္တိရှိပါ ဟု ဆိုခဲ့သည့် လွှတ်တော်ဥက်္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥက်္ကဋ္ဌကြီး ဆိုခဲ့ သည့် စကားနှင့်အညီ ကျွန်ုပ်တို့၏ အမှန်တရားချစ် မြတ်နိုးမှုကို တန်ဖိုးထားလိမ့်မည်ဟု ယုံကြည်မိပါ သည်။
အယ်ဒီတာ
၎-၈-၂၀၁၂
by The Express Times

1 comment:

  1. အရေးယူခံရတဲ့အခါမှာ သတ္တိရှိရှိ ခံရဲဖို့ပြောတာလေ။

    ReplyDelete