Saturday, August 4, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ၄ နာရီကြာ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ယနေ့(သြဂုတ်၎ရက်) နံနက်၉နာရီမှ မွန်းလွဲ ၁နာရီ၁၅မိနစ်ထိ လေးနာရီကျော်ကြာ သမ္မတကြီး၏ လယ်တောရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတနှင့်တွေ့ဆုံခဲ့သော ပါတီ၁၄ခုတွင် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီအချို့လည်း ပါဝင်ပြီး ပါတီ၁၄ပါတီမှ ခေါင်းဆောင်၁၆ဦး တက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇူလိုင်၁၈ရက်ကလည်း လယ်တောရိပ်သာမှာပင် ဒီမိုကရေစီမိတ်ဆွေ၁၀ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။

No comments:

Post a Comment