Monday, August 27, 2012

ဂျိမ်းစဘွန်းဖုန်း (သို့မဟုတ်) ကမ္ဘာ့လုံခြုံရေး အဆင့်မြင့်ဆုံး ဖုန်း



ဂျိမ်းစဘွန်းရယ်လို့မဟုတ်ပဲ စပိုင်တွေအတွက် အသုံးတည့်မယ့် ဖုန်း ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ရည်ရွယ်ချက် ကတည်းကို က ထောက်လှမ်းရေးအဖွဲ့အစည်း (intelligence organizations) များကို Target လုပ်ထားတယ်လို့ဆိုပါတယ်။
၂၀၁၂ မတ်လက အင်္ဂလန်အခြေဆိုက် IntSec Manufacture မှ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပဲ ကမ္ဘာ့လုံခြုံရေး အဆင့်မြင့်ဆုံး ဖုန်းလို့ ကြေညာခဲ့ပါတယ်။ Enigma E2 လို့အမည်ပေး ထားပါတယ်။
Enigma E2 မှာ ဘယ် ဂိမ်းမှ ဒေါင်းလုခ်ဆွဲခွင့် ပေးမထားပါဘူး။ ဗီဒီယို Recording လည်း 1080p အထိ မရိုက်ကူးနိုင်ပါဘူး။ သို့ပေမယ့် သူ့မှာ လုံးဝ ထိုးဖောက်လို့၊ Crack လို့မရတဲ့ Encrypted call function ပါဝင်ပါတယ်။ Enigma E2 အချင်းချင်းဖုန်းပြောရင် Crypto Call ကအလုပ်လုပ်ပါတယ်။ Crypto Call ဆိုတာကတော့ second SIM ကဒ်က Authentication code ပေးပြီး ပြောဆိုတာဖြစ်ပါတယ်။ ယင်းကုဒ်ဟာ ၁၀လုံးက ၇၇လုံးအထိ ကီး ပေါင်းစပ်မှုပါဝင်ပြီး ဘယ်လိုမှ အစဖော်လို့တောင်မရပါဘူး။ ဒါကြောင့် ဘယ်ကြားလူမှ ဖုန်းလိုင်းဖြတ်နားထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
Bluetooth ပါဝင်မယ်။ 3 megapixel ရုပ်ထွက် ကင်ငမရာပါမယ်။ ပြီးတော့ အီးမေးလ်နဲ့ အင်တာနက် Browser လည်း အသုံးပြုလို့ရပါတယ်။ မိုက်ခရို SD ကဒ်ထည့်ရန်ပါဝင်ပြီး 8GB အထိ ထည့်သွင်းနိုင်ပါတယ်။ ဟန်းဆက်မှာ နဂိုကတည်းက 2GB ပါဝင်ပြီး ဖြစ်ပါတယ်။ ဖုန်းရဲ့ ဖန်သားမျက်နှာပြင်က ၂.၄လက်မသာရှိပြီး Resolution 240×320 ရှိပါတယ်။ ဘက်ထရီရဲ့  Talk time က လေးနာရီ၊ Stand by က ၁၈၀ နာရီ ဖြစ်ပါတယ်။
GSM (Tri-band 900/ 1800/ 1900 MHz) မှာအလုပ်လုပ်မယ့် ဟန်းဆက်ဖြစ်ပါတယ်။ သူ့ရဲ့  ကာလပေါက်ဈေး တန်ဖိုးကတော့ ဗြိတိန်ပေါင် ၁၃၂၀ ရှိပြီး ဖုန်းရဲ့  Specification အပြည်အစုံကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment