Wednesday, August 15, 2012

ကမ္ဘာကျော်ပက်ပ်စီအချိုရည် တစ်ဦးတည်း ဖြန့်ဖြူုးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီရရှိ

ကိုကာကိုလာနှင့် ပက်ပ်စီတို့၏ မြန်မာနိုင်ငံ ဈေးကွက်ရရှိရန် ပြိုင်ဆိုင်မှုမှာ ပြည်တွင်းအချိုရည် လုပ်ငန်းများ အခက်တွေ့ဖွယ်ရှိ...
ကမ္ဘာကျော် စားသောက်ကုန် အမှတ်တံဆိပ် ပက်ပ်စီကုမ္ပဏီက ၁၅ နှစ်ကြာ ပြီးနောက် မြန်မာနို င်ငံတွင် ပြန်လည်ဖြန့်ချိ ရောင်းချတော့မည်ဖြစ်ပြီး တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြ
ူးရောင်းချခွင့်ကို ဦးကိုကိုကြီး၏ ဒိုင်းမွန်းစတားကုမ္ပဏီက ရရှိသွားသည်။

ပက်ပ်စီကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi–Cola, 7 Up နှင့် Mirinda အချိုရည်များကို ပါ ပြန်လည်ရော င်းချ ဖြန့် ဖြူးမ ည်ဖြစ်ကြောင်း နယူးယောက်မြို့အခြေစိုက် အဆိုပါကုမ္ပဏီက သြဂုတ် ၉ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပက်ပ်စီအချိုရည်မှ ယခင်က မြန်မာနိုင်ငံတွင် ကာလရှည် ဖြန့်ဖြူးရောင်းချခဲ့ပြီး ၁၉၉၇ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ရောင်းချခြင်း ရပ်ဆိုင်းခဲ့ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံတွင် ရောင်းချစဉ် ဦးသိန်းထွန်း၏ မြန်မာဂိုးလ်ဒင်းစတား (MGS)ကုမ္ပဏီက ဖြန့်ဖြူးရောင်းချခွင့် ရရှိခဲ့သည်။

ဒိုင်းမွန်းစတားကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်ပစ္စည်း တင်သွင်းဖြန့်ချိသော ကုမ္ပဏီဖြစ်ကြောင်း ပက်ပ်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကုမ္ပဏီက တစ်ကျော့ပြန် ပက်ပ်စီထုတ်ကုန်များကို တင်သွင်းဖြန့်ဖြူးရာတွင် ပက်ပ်စီကုမ္ပဏီ၏ ဗီယက်နမ်စက်ရုံမှ ထုတ်လုပ်သော အချိုရည်များကို ကနဦးတွင် တင်သွင်းဖြန့်ဖြူးရမည်ဖြစ်သည်။ ထို့အပြင် ပက်ပ်စီကုမ္ပဏီက မြန်မာနိုင်ငံတွင်းမှာပင် အချိုရည်ထုတ်လုပ်ရန်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာတို့ကို အကဲဖြတ်ရန် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပက်ပ်စီကုမ္ပဏီ၏ အဓိကပြိုင်ဘက်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အချိုရည်ထုတ်လုပ်ငန်းဖြစ်သော ကိုကာကိုလာကုမ္ပဏီမှာလည်း နှစ်ပေါင်းခြောက်ဆယ်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချတော့မည်ဖြစ်
ကြောင်း အတ္တလတ္တာအခြေစိုက် အဆိုပါ ကိုကာကိုလာကုမ္ပဏီက ဇွန်လလယ်က သတင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာကျော် အချိုရည်ကုမ္ပဏီကြီးနှစ်ခုမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ရရှိရေးအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

“ကမ္ဘာကျော်ကုမ္ပဏီကြီးနှစ်ခုရဲ့ မြန်မာပြည်ဈေးကွက်ရဖို့ ယှဉ်ပြိုင်မှုက ပြည်တွင်းအချိုရည်လုပ်ငန်းတွေ ကြားညပ်သွားနိုင်တယ်”ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း သူ၏အမြင်ကို ပြောသည်။

အချိုရည်မျိုးစုံနှင့် ရေသန့်ထုတ်လုပ် ရောင်းချသော ပြည်တွင်းကုမ္ပဏီကြီးဖြစ်သော လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ပြည်ပမှ အချိုရည်ကုမ္ပဏီကြီးများ ပြန်လည်ဝင်ရောက် လာတော့မည့်အတွက် ဈေးကွက်ဝေစု လျော့ကျမသွားစေရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင
်း ပြောသည်။ ပက်ပ်စီနှင့် ကိုကာကိုလာတို့မှာ ပြည်ပတွင် ထုတ်လုပ်၍ တင်သွင်းရောင်းချပါက ဈေးများစွာ လျှော့ချကာ ရောင်းနိုင်မည် မဟုတ်သဖြင့် ဈေးကွက်ဝေစု လျော့ကျရန် မရှိကြောင်း၊ သို့သော် ပြည်တွင်း၌ စက်ရုံတည်၍ ထုတ်လုပ်ရောင်းချပါက ဈေးကွက်ဝေစု လျော့ကျသွားနိုင်ကြောင်း ၎င်းကပြောသည်။

“ဈေးကွက်မှာတော့ သူတို့ထင်သလို လွှမ်းမိုးသွားမယ်လို့ မထင်ဘူး”ဟု ၎င်းက ဆိုသည်။

ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရမည့်အတွက် ပြည်တွင်းကုမ္ပဏီများမှာ ကြိုတင်ပြင်ဆင်ထားပြီး၊ ကိုယ့်အခြေအနေကိုယ်သိရန်နှင့် ပြိုင်ဘက်အခြေအနေကိုသိရန် လွန်စွာအရေးကြီးကြောင်း ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

ကိုကာကိုလာကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ဖြူး ရောင်းချရန်
အတွက် ပြည်တွင်း အချိုရည်ထုတ်လုပ်သော ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းနေပြီး၊ ယင်းတို့ က မြန်မာနိုင်ငံမှာပင် အချိုရည်ထုတ်လုပ်သွားရန် စီစဉ်နေကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများထံမှ သတင်းရရှိသည်။ ထို့အပြင် ကိုကာကိုလာက ပြည်တွင်းဈေးကွက် ရရှိရေးအတွက် ဈေးကွက်ဗျူဟာများပင် ချမှတ်နေပြီဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ဒိုင်းမွန်းစတားကုမ္ပဏီသည် ဒိုင်းမွန်းစတားဂျုံမှုန့်၊ ပရီးမီးယားကော်ဖီအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း၊ အာမိုဓာတ်မြေသြဇာ ထုတ်လုပ်ရောင်းချခြင်း စသောစီးပွားရေး လုပ်ငန်းများစွာကို လုပ်ကိုင်နေသော ကုမ္ပဏီကြီးဖြစ်သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့သော အစိုးရ၏ အဆောက်အအုံနှင့် မြေကွက်အများဆုံး ရောင်းချသော လေလံတွင် ဒိုင်းမွန်းစတားပိုင်ရှင် ဒေါက်တာဦးကိုကိုကြီးမှာ စီးပွားဖက် ဦးထွန်းရင်နှင့်အတူ ပဒုမ္မာကဇာတ်ရုံကို ကျပ်သန်းပေါင်း ၅၆,၀၀၀ ကျော်ဖြင့် လေလံအောင်ခဲ့ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သော လေလံအောင်သူများ စာရင်းတွင် ဖော်ပြခဲ့သည်။ သို့သော်အစိုးရက နောက်ပိုင်းတွင် ပဒုမ္မာကဇာတ်ရုံကို ပုဂ္ဂလိကသို့ မပေးတော့ဘဲ လေလံကို ပြန်လည်ပယ်ဖျက်ခဲ့သည်။

No comments:

Post a Comment