Thursday, August 23, 2012

မဟုတ်မမှန်ဝါဒဖြန့်နေမှုများကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးနေ


မြန်မာအစိုးရတပ်ရင်း()ရင်းက ကချင်ပြ ည်နယ်အရှေ့ မြောက် ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ် မတော် (KIA)ရဲ့ တပ်မဟာ ()စခန်းတ စ်ခုကို ယနေ့ မနက်ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ တယ်လို့ KIA ပြောရေးဆိုခွင့် ရှိသူ ဆလန်ကဘာလ နန်း ကပြော ခဲ့ပါတယ် အစချီပြီး သြဂုတ်လ ၂၀ ရက်နေ့က အင်တာန က်စာမျက်နှာမှာ သတင်း တစ်ပုဒ်ဖတ် လိုက်ရပါတယ်။
၂နာရီလောက် အပြင်းအထန်ဖြစ်တယ်။ အစိုးရဖက်က အလောင်း () လောင်း ကျန်ခဲ့တယ်။ သူတို့က တပ်ရင်း () ရင်းနဲ့ လာပြီး ထိုးစစ်ဆင်တယ်။ အင်အားကတော့ (၄၀၀) ကျော်နဲ့ ပန်းဝါဒေသကို စစ်ဆင်နေတာ ဖြစ်တယ်။ မနိုင်လို့ သူတို့ ပြန်ဆုတ် သွားတယ်။ အစိုးရ ဖက်က အထိအခိုက် အကျအဆုံး များပုံရတယ်။ စစ် ဆင်လာတဲ့ တပ်ရင်းကတော့ ခလရ (၇၇) နဲ့ ခလရ (၄၇) တပ်ရင်း တွေဖြစ်တယ်လို့ ဦးလနန်းကပြောခဲ့ပါတယ်။
ဒီလိုမျိုးဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေကနေ တဆင့် အမှန်တကယ်အခြေအနေကို လှမ်းပြီးစုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့ပြောတဲ့ဒေသမှာ အစိုးရတပ်တွေ မရှိတဲ့အပြင် တိုက်ပွဲလည်း အမှန်တကယ်ဖြစ်ပွားခြင်း မရှိပါဘူးတဲ့။ ပန်ဝါဒေသဆိုတာနဂိုရ်ကထဲက ငြိမ်းချမ်းရေးယူထားတဲ့ နယ်မြေဖြစ်လို့ ဒီဒေသကိုထိုးစစ်ဆင်တိုက်ခိုက်တာဆိုလို့ KIA တပ်ဖွဲ့တွေကပဲ ဦးဇခုန် တိန်ယိန်းရဲ့ နယ်ခြားစောင့်တပ်တွေကို သွားပြီးတိုက်ခိုက်နေတာဘဲဖြစ်ပါတယ်။ ဒါဟာအဖြစ်မှန်ပဲ။
ဒီလိုမျိုး မဟုတ်မမှန်သတင်းတွေလွှင့်နေတာဟာ ကချင်ပြည်နယ်လူထုအတွက် အမှန်တကယ် ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒီသတင်းရဲ့ အခြေအမြစ်ကိုက ကချင်တပ်မတော်နဲ့ မြန်မာ့တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားအောင်လုပ်နေတာမှန်း ထင်ရှားလှပါတယ်။ နှစ်ဘက်ဆွေးနွေးပွဲတွေရဲ့ ထုံးစံအရ ပြောရရင် ပထမဆွေးနွေးပွဲမှာ ကချင်တပ်မတော်ဘက်ကရွေးတဲ့နေရာကို မြန်မာအစိုးရဘက်က သဘော တူဆွေးနွေးခဲ့တယ်။ အခြုမန်မာအစိုးရဘက်က ရွေးချယ်တဲ့နေရာကို ကချင်တပ်မတော်ဘက်က လက်ခံနိုင်ရမှာပေါ့။ နှစ်ဦးနှစ်ဖက်စလုံးအတွက် ကိုယ့်နိုင်ငံထဲကမြို့မှာ ဆွေးနွေးတာဖြစ်လို့ သဘော မတူစရာ အကြောင်းမရှိဘူလို့ ထင်ပါတယ်။
ဒ့ါအပြင် ကချင်တပ်မတော်မှ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်နေတယ်ဆိုတာကလည်း ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း မျှော်လင့်တောင့်တနေကြတဲ့ ဒေသခံ ပြည်နယ်သူ/ ပြည်နယ်သားတွေရဲ့ ဆန္ဒကို မလိုက်လျောနိုင်ဘူးဆိုတဲ့ သဘောပါဘဲ။ ကချင်လူမျိုးကောင်းစားရေးလို့ ပါးစပ်ကကြွေးကြော်ပြီး ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ကာ စီးပွားရှာချင်နေတဲ့ ကချင်တပ်မတော် ခေါင်းဆောင်ကြီးတွေ ဟာ လက်နက်နဲ့ငြိမ်းချမ်းရေးဆိုတာထက် အာဏာဆက်လက်စွဲကိုင်နိုင်ရေးအတွက်သာ စဉ်းစားနေခြင်းပဲ ဆိုတာ ထင်ရှားနေပါတယ်။
အခုဖြစ်ပျက်နေတာက နေရာတကာမှာ မြန်မာစစ်တပ်၊ မြန်မာအစိုးရကြောင့်ဆိုပြီး ဆွေးနွေးပွဲ မ ပျက်ပျက်အောင် လုပ်ဆောင်နေတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါတယ်။ ဒီလို မျိုးသာ ကချင်တပ်မတော်ဘက်က မဟုတ်မမှန်ဝါဒဖြန့်တာတွေ အဆက်မပြတ် လုပ်နေသရွေ့တော့ ကချင်ပြည် နယ်မှာ ငြိမ်းချမ်းရေးနဲ့ သေနတ်သံ၊ဗုံးသံဆိတ်သုဉ်းဖို့ဆိုတာ အလှမ်းဝေးနေအုန်းမှာ အမှန်ပဲ ဖြစ်ပါတော့ တယ်။
From -ကချင်နေ့စဉ်သတင်း

1 comment:

  1. “ အကောင်းဆုံးတွေထဲက အကောင်းဆုံးအချိန် ”

    အင်္ဂါ၊ ၂၁ သြဂုတ် ၂၀၁၂
    “အမေရိကန်နိုင်ငံမှာ State ဆိုတဲ့ ပြည်နယ်ပေါင်းများစွာရှိပေမယ့် (US-ARMY, Air Force, Navy)ဆိုတဲ့ စစ်တပ်အဖွဲ့အစည်းက တစ်ခုပဲရှိတယ်၊ အိမ်နီးချင်းတရုတ်နိုင်ငံမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တွေ အများကြီးရှိပေမယ့် MILITARY ဆိုတဲ့ တပ်မတော်ဟာ တစ်ခုတည်းပဲရှိတယ်၊ ကမ္ဘာ့နိုင်ငံ တွေထဲက မြန်မာနိုင်ငံမှာလည်းပဲ တစ်ချိန်မှာ ဒီလိုပဲဖြစ်ရမယ်”
    ဒီနေ့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ငြိမ်းချမ်းရေး မူဝါဒဟာ အမျိုးသားရေးဖြစ်တဲ့ “ဒို့တာဝန် အရေးသုံးပါး”ကိုပဲ အခြေခံပြီး “ရိုးသားပွင့်လင်းမှု”ရှိတာတွေ့ရတယ်၊ လုပ်ငန်းစဉ်ကတော့ ပြည်နယ်အစိုးရနဲ့ ဦးစွာတွေ့ဆုံညှိနှိုင်းပြီး ပစ်ခတ်တာတွေ ရပ်စဲကြမယ်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ဆက်လုပ်ကြ မယ်လို့ ကမ္ဘာသိကြေငြာပြီး လုပ်ဆောင်နေတာ တွေ့ရတယ်။
    မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးပန်းခင်းမှာ တိုင်းရင်းသားလက်နက်ကိုင် (၁၁)ဖွဲ့ကျန်ရှိတဲ့အနက် (၁၀)ဖွဲ့နဲ့ လက်မှတ်ရေးထိုးပြီးဖြစ်တာကြောင့် လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်နေကြတာ သိရတယ်၊ အဲဒီမှာ (KIA)တစ်ဖွဲ့သာကျန်ရှိပြီး သဘောထားမမှန်တာ တွေ့ရတယ်၊ တပ်မတော်က တစ်ဘက်သတ် အပစ် အခတ်ရပ်စဲကြောင်း ကြေငြာပြီး လမ်းခင်းပေးသော်လည်း (KIA)က ပစ်ခတ်မှုရပ်စဲကြောင်း မထုတ်ပြန်ဘဲ ပစ်ခတ်မှုနဲ့ဖောက်ခွဲမှုမျိုးစုံကို အကြိမ်ကြိမ်ထပ်ပြီးလုပ်နေတယ်၊ ဒီနေရာမှာ တပ်မတော်က ခုခံကာကွယ်မှု လုပ်ရပြန်တော့ ငြိမ်းချမ်းရေးက လက်တစ်ကမ်းအကွာမှာ ရပ်တန့်နေတာ တွေ့ရတယ်။
    “၂၀၁၂ သြဂုတ်လ ၂၀ရက် Online Media မှာ အစိုးရတပ်တွေက (KIA)တို့ရဲ့ စစ်ဗျူဟာမြောက်တဲ့ ပန်းဝါစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာမှ အကျအဆုံးများစွာနဲ့ ပြန်ဆုတ်သွားရတယ်”လို့ လုပ်ကြံပြန် တယ်၊ တပ်မတော်ဟာ နိုင်ငံအရေးအတွက် စစ်ဆင်ရေးလုပ်ရပြီဆိုရင် “မတိုက်သေးတဲ့ စခန်းပဲရှိတယ်၊ တိုက်လို့မရတဲ့စခန်း မရှိဘူးလို့ ကြွေးကြော်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းစဉ်ဆက် သာဓကများစွာရှိပြီးဖြစ်” တာကြောင့် (KIA) တို့ရဲ့ လုပ်ကြံဖန်တီးမှုမှာ ယုတ္တိမရှိဘဲ “သဲထဲရေသွန်” ဖြစ်သွားရတယ်။
    မြန်မာ့တပ်မတော်ဆိုတာ ဆန္ဒအလျောက် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ “ပြည်ထောင်စုတပ်မတော်” ဖြစ်တယ်၊ ဒါကြောင့် ဗမာတို့က ကျုးကျော်တဲ့ လူမျိုးရေးစစ်ပွဲနဲ့ ဘာသာရေးစစ်ပွဲမဟုတ်တာ ထင်ရှားတယ်၊ တပ်မတော်သားတွေဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ဖို့ အသက်နဲ့ခန္ဓာကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ပြီး စွန့်လွှတ်စွန့်စားမှု များစွာနဲ့ “မြန်မာနိုင်ငံသားတို့ရဲ့ မွေးရာပါတာဝန်”ကို ထမ်းဆောင်နေကြတာတွေ့ရတယ်။
    ဒါကြောင့် (KIA) တို့အနေနဲ့ သဘောထားမမှန်တဲ့ မဟုတ်တဲ့လုပ်ဇာတ်တွေကို ရှောင်ရှား ပြီး ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားတောင့်တနေကြတဲ့ ကချင်ပြည်နယ်က ပြည်သူတွေအပါအ၀င် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့အရသာကို ဆန္ဒပြင်းပြစွာနဲ့ ရယူလိုကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို စာနာထောက်ထားသင့်တယ်၊ အဓိပ္ပါယ်မရှိတဲ့ တိုင်းရင်းသားအချင်းချင်း စစ်ခင်းနေကြတာကို ရပ်တန့်ကြဖို့ “အကောင်းဆုံး အချိန်”ဖြစ်တယ်လို့ ဆန္ဒမွန်ဖြင့် ရင်ဖွင့်ပါရစေ။
    ဆုသပြေ

    ReplyDelete