Friday, August 24, 2012

(ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦး၏ မြဝတီသို့ ပေးစာ)

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အထူးသတိပြုရမည့် ဗီဇာ သက်တမ်း
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ အနေနှင့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရာတွင် သိနားလည် သူများအဖို့် ပြဿနာ မရှိနိုင်သော် လည်း မသိနားမလည်သူများအဖို့ ငွေကြေး အကုန်အကျများခြင်း နိုင်ငံကူး လက်မှတ် ဗီဇာ သေခြင်းများ နှင့် တွေ့ကြုံနိုင်ပါသည်။


ယာယီနိုင်ငံကူး လက်မှတ်များကို ပြုလုပ်ပေးရာတွင် ယခင်က နိုင်ငံကူး သက်တမ်း ၃ နှစ် သာပေးပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ ၂ နှစ် သက်တမ်း ပေးပါသည်။

ထို.ကြောင့် နိုင်ငံကူးလက်မှတ် ၃ နှစ် အား နောက်ထပ် သက်တမ်း ၃ နှစ် သို့ တိုးရပေမည်။ စုစုပေါင်း နိုင်ငံကူး သက်တမ်းမှာ ၆ နှစ်ရှိရမည်ဖြစ်ပြီး ထိုင်း နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာမှာ ၂ နှစ် တစ်ကြိမ်ဖြင့် (၃) ကြိမ် သက်တမ်း တိုးရမည်ဖြစ်သည်။ (ယခုအခါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် နေ.ချင်းပြီး ဆောင်ရွက်ပေးလျှက် ရှိပါသည်။)

သက်တမ်းတိုး ကုန်ကျငွေမှာ (၃၀၀) ဘတ်ခန့်ဖြစ်ပြီး ယခုထုတ်ပေး လျှက်ရှိသည့် ခရမ်းရောင် စာအုပ် အသစ်တွင် နိုင်ငံကူးသက်တမ်း (၆) နှစ် ပါဝင်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာ (၂) နှစ် ပါရှိသည်။ (ယခင် စာအုပ်နီများတွင်လဲ ရှိသည်) ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ များအနေနှင့် မိမိတို့ ဗီဇာသက်တမ်းကို အထူးသတိပြုရန် လိုအပ်ပြီး လိုအပ်သည့် အချကိအလက်များကို သေချာစွာ သိနားလည်ထားသင့် ပေသည်။

(၁) ယာယီနိုင်ငံကူးလက်မှတ် ရှိသူများသည် အောက်ပါအချက် အလက်များ ပြည့်စုံရန် လိုအပ်ပါသည်။

(က) နိုင်ငံကူးလက်မှတ်တွင် ရက်(၉၀) သတင်းပိုခြင်း တာမော စာရွက်။
(ခ) ဆေးအာမခံကဒ်(ဆေးရုံဘတ်)။
(ဂ) Work permit (အလုပ်လုပ်ခွင့်လက်မှတ်)။

(၂) ထိုင်း သက်တမ်းတိုးရန် ဆောင်ရွက်ရမည့် အချက်များ-

(က) မိမိတို့ အလုပ်လုပ်ရာဒေသ (Work permit) ပြုလုပ်ထားရာနယ်မြေရှိ တာမော(လ၀က) ရုံးသို့ ဗီဇာသက်တမ်း မကုန်ခင် (၁)လ အလို ကြို တင်လျှောက်ထားရမည်။ (အခြားနယ်မြေ များတွင် လျှောက်ထားခွင့်မရှိ)
(ခ) လိုအပ်သည့် အချက်အလက်များမှာ (၉) ချက်ရှိပြီး ပုံတွင်ပါသော အကြောင်းအရာများ ဖြစ်သည်။
(ဂ) Work permit ရှိရန်လိုအပ်ပြီး မရှိပါက ဗီဇာ သက်တမ်း တိုးပေးမည်မဟုတ်ပါ။
(ဃ) ဗီဇာ သက်တမ်း တိုးပြီးပါက Work permit သက်တမ်းအား ထပ်မံပြီးတိုးရမည်။

အကယ်၍ သတ်မှတ်ရက်ထက် ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ငွေ (၅၀၀) ဘတ်နှုန်းဖြင့် ကျော်လွန်သည့် ရက်အတိုင်း ပေးဆောင်ရမည်ဖြစ်ပြီး ရက်ပေါင်း များစွာ ကျော်လွန်နေသူများအဖို့ ဗီဇာ သက်တမ်းတိုးရန် မဖြစ်နိုင်တော့ပဲ .. ဗီဇာလဲကုန် ယာယီနိုင်ငံကူးလက်မှတ်လဲ သုံးမရ ..Work permit လဲပျက် ဖြစ်ကာ တရားဝင်အလုပ်သမား အဖြစ်မှ တရားမ၀င် အလုပ်သမားအရောက်အဖြစ် ရောက်ရှိသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် အောက်ပါအချက်များအား သိရှိဆောင်ရွက်သင့်ပါသည်။

၁။ ရက်(၉၀) လ၀က (တာမော) တံဆိပ် ကို ပုံမှန်သတင်းပို့ပါ။
၂။ Work permit ကို မဖြစ်မနေ လုပ်ထားပါ။
၃။ ဆေးအာမခံကဒ် (ဆေးရုံဘတ်) ကိုပြုလုပ်ထားပါ။
၎။ မိမိဗီဇာ သက်တမ်းကုန်ဆုံးရက်ကို သေချာစွာမှတ်သားထားပါ။
၅။ မိမိတို့ အလုပ်လုပ်ခွင့် လက်မှတ် ပြုလုပ်ရာ ဒေသတွင်သာ အမည်ပေါက် အလုပ်ရှင်၏ ခွင့်ပြုချက်နှင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပြီး အခြား နယ်မြေများသို့ ပြောင်းရွှေ့ သွားသူများအဖို့ အလုပ်ရှင် ပြောင်းခြင်း အား ကြိုတင် ပြုလုပ်ထားပါ။

အချို့မသိနားမလည် သောကြောင့် သက်တမ်းကုန်ဆုံးပြီး တရားမ၀င် အလုပ်သမား ဖြစ်သွားသူ များစွာ ရှိနေပါသည်။ အထူးသတိပြုကြပါရန်နှင့် မိမိတို့နှင့် နီးစပ်ရာ မိတ်ဆွေများသို့ ဆက်လက် ဖြန့်ဝေ အသိပေးကြရန် တိုက်တွန်းလိုပါသည်။

မှ/ မင်းလွမ်းနောင် (ထိုင်းနိုင်ငံ)

From -မြ၀တီ

No comments:

Post a Comment