Friday, August 24, 2012

ဗြိတိသျှက မင်းသား ဟယ်ရီ ကိုယ်လုံတီးဓါတ်ပုံကို ဖေါ်ပြနိုင်တာ သင်းစာ လွတ်လပ်ခွင့်လို့ ပြောတဲ့ ဗြိတိန်နိုင်ငံထုတ် "သူရိယ(The Sun)"သတင်းစာ




ဗိတိန်နိုင်ငံထုတ် "သူရိယ(The Sun)"သတင်းစာကြီးသည် မင်းသား ဟယ်ရီ၏ ကိုယ်လုံးတီးပုံများကို ပထမဆုံးဖော်ပြသော သတင်းစာဖြစ် သွားကြောင်းသိရသည်။ သတင်းစာတိုက်ပိုင်ရှင်ကမူ သူတို့ သည် တော်ဝ င်မိသားစု၏ ရှေ့နေထံမှ သတိပေးစာ လာနိုးနိုးဖြင့်စောင့်နေ ရကြောင်းဆို၏။


သို့ရာတွင် ယင်းဓာတ်ပုံများသည် အင်တာနက်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ပြန့်နှံ့နေ
ပြီဖြစ်ပြီး လူပေါင်းသ န်းနှင့်ချီ၍ မြင်တွေ့ခဲ့ပြီးသည့်ပုံများဖြစ်သလို ဗြိတိန်နိုင်ငံ၏ သတင်းစာလွ

ပ်လပ်ခွင့်ကို စမ်းသပ်လိုက်ခြင်းလည်းဖြစ်ကြောင်း သူရိယ သတင်းစာမှ တာဝန်ရှိသူများကပြောကြသည်။




ပုံများမှာ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသားကြီး၏ သားအငယ်ဖြစ်သူ မင်းသားဟယ်ရီသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက သူ၏ အဖေါ်အမျိုးသမီးတစ်ဦးနှင့် ကိုယ်လုံးတီးဓာတ်ပုံနှစ်ပုံဖြစ်ပြီး၊ ဖုန်းကင်မရာဖြင့် ရိုက်ယူထားခြင်းဟု ယူဆရသည်။ ယင်းပုံနှစ်ပုံကို အမေရိကန်အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် TMZ ၀က်ဘ်ဆိုက်တွင် ယခုရက်သတ္တပတ်စောစောပိုင်းကတင်ထားခဲ့သည်။ ယင်းပုံများသည် အင်တာနက်အသုံးပြုသူများအကြားတွင် လျှင်မြန်စွာပြန့်နှံ့သွားခဲ့ကြောင်းသိရသည်။


ယင်းပုံများကို သူရိယသတင်းစာက "သင်တို့တွေ့မြင်ကြပြီးဖြစ်မည့် မင်းသားဟယ်ရီ၏ ကိုယ်လုံးတီးဓာတ်ပုံများ"ဟူသည့်ခေါင်းစဉ်ဖြင့် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။


သူရိယသတင်းစာ၏ မန်နေးဂျင်းအယ်ဒီတာဖြစ်သူ ဒေးဗစ် ဒင့်စမိုးကမူ "ကျုပ်တို့အတွက်တော့ ဒါဟာ သတင်းစာလွပ်လပ်ခွင့်ဆိုတာပါပဲ"ဟုပြောသည်။

"ဒီပုံတွေကို ကမ္ဘာတစ်ဝန်းကအင်တာနက်အသုံးပြုသူ သန်းရာနဲ့ချီပြီးတွေ့ပြီးသားဖြစ်ကြပေမယ့် စာဖတ်ပရိသတ် ရှစ်သန်းလောက်နေ့စဉ်ဖတ်နေကြတဲ့ ဗြိတိန်ရဲ့ နာမည်ကြီးသတင်းစာမျက်နှာပေါ်မှာကျတော့မပါဘူးဆိုတာ ရယ်စရာလိုလိုဖြစ်နေတယ်လေ။ ဗြိတိန်နိုင်ငံရဲ့ ထီးနန်းကိုဆက်ခံနိုင်မယ့်သူတစ်ယောက်ရဲ့အဖြစ်ကို ပြည်သူတွေပါဝင်ဆွေးနွေးကြပါစေ။ ရိုးရိုးလေးပါပဲ"ဟု သူကပြောပါသေးသည်။


ယင်းဓာတ်ပုံများဖော်ပြထားသည်နေ့ထုတ်သတင်းစာ၏ အယ်ဒီ့တာအာဘော်တွင် "ယခုပုံနှိပ်ဖော်ပြလိုက်သည့်ဓာတ်ပုံများမှာ ဗြိတိန်နိုင်ငံ၏ သတင်းစာလွပ်လပ်ခွင့်ကို အတိမ်းအစောင်းမခံသည့်နည်းဖြင့်စမ်းသပ်ခြင်း"ဖြစ်ကြောင်းရေးသားထားသည်။


ဗြိတိန်နိုင်ငံထုတ် "သူရိယ(The Sun)"သတင်းစာတွင်ဖော်ပြခဲ့သည့် မင်းသားဟယ်ရီ၏ ဓာတ်ပုံနှစ်ပုံ


No comments:

Post a Comment